နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့ရန် အဆင့်မြှင့်ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ ဂရစ်ဇ်မန်း | မေဂျာလိဂ်

အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်း ကတော့ မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့ဖို့ ‘အဆင့်မြင့် ဆွေးနွေးမှုတွေ’ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ဒါဟာ ကက်စ်မဲရိုး တယောက် မေဂျာလိဂ်ကို ပြောင်းရွှေ့လိုနေကြောင်း သတင်းတွေ ထွက်နေပြီးနောက် ထပ်မံ ထွက်ပေါ်လာတဲ့ ဥရောပ ထိပ်တန်း ကစားသမား တစ်ဦးရဲ့ နောက်ထပ် အပြောင်းအရွှေ့ သတင်း တစ်ပုဒ်လည်း ဖြစ်ပါတယ်၊

အသက် ၃၄ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အန်တွန် ဂရစ်ဇ်မန်းက အက်တလက်တီကိုမက်ဒရစ်နဲ့ ၂၀၂၇ ခုနှစ် ဇွန်လ အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ရည်မှန်းချက်က ကစားသမားဘဝ နောက်ဆုံး အချိန်ကို အမေရိကန် မေဂျာလိဂ်မှာ ကုန်ဆုံးဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။ လက်ရှိမှာ လူတိုင်းကို အံ့အားသင့်စေတာက ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကလပ်က အော်လန်ဒိုစီးတီး ဖြစ်နေခြင်း ဖြစ်ပါတယ်။

The Athletic ရဲ့ ဖော်ပြချက်အရ အော်လန်ဒိုစီးတီးက သူတို့ရဲ့ လစ်လပ်နေတဲ့ လုပ်ခ လစာ အများဆုံး ပေးရတဲ့ အထူး ကစားသမား (Designated Player) နေရာ အတွက် ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ဂရစ်ဇ်မန်းကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။ နှစ်ဖက် ကလပ်တွေ အကြား တရားဝင် သဘောတူညီမှု မရသေးပေမယ့်လည်း အော်လန်ဒိုစီးတီး အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ အထွေထွေ မန်နေဂျာ ဖြစ်တဲ့ ရီကာဒို မော်ရီရာ ကိုယ်တိုင် စပိန်နိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်ကာ အပေးအယူ ဖြစ်မြောက်ရေး အတွက် ကြိုးပမ်းနေကြောင်း သိရပါတယ်။

အော်လန်ဒိုစီးတီး အနေနဲ့ မေဂျာလိဂ်ရဲ့ ကစားသမား အပြောင်းအရွှေ့ကာလ မပိတ်သိမ်းမီ (မတ်လ ၂၆ ရက်) အပြီးမှာ အပြောင်းအရွှေ့ကို အဆုံးသတ်လိုနေပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ်နဲ့ တရားဝင် ဆွေးနွေးမှုတွေတော့ မလုပ်ရသေးပါဘူး။

ဂရစ်ဇ်မန်းကို ဆန်ဒီယေဂိုအက်ဖ်စီနဲ့ အယ်လ်အေအက်ဖ်စီ တို့လိုမျိုး မေဂျာလိဂ် နာမည်ကြီး ကလပ်တွေ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
မေဂျာလိဂ် နာမည်ကြီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ အန်တွန် ဂရစ်ဇ်မန်း

ဂရစ်ဇ်မန်းကို ဆန်ဒီယေဂိုအက်ဖ်စီနဲ့ အယ်လ်အေအက်ဖ်စီ တို့လိုမျိုး မေဂျာလိဂ် နာမည်ကြီး ကလပ်တွေ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အော်လန်ဒိုစီးတီး အသင်းက ဂရစ်ဇ်မန်း အပေါ် “ Discovery Rights” (လိဂ်ရဲ့ စည်းမျဉ်းအရ ကစားသမား တစ်ဦးကို လက်ဦးမှု ရယူကာ ကမ်းလှမ်းခွင့် ရှိတဲ့ အခွင့်အရေး) ကို လက်ဝယ် ရှိထားတာကြောင့် တခြား ကလပ်တွေထက် အသာရနေခြင်း ဖြစ်ပါတယ်။ 

အော်လန်ဒိုစီးတီးဟာ အရင် ကလည်း ကာကာနဲ့ နာနီ တို့လို နာမည်ကျော် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ စူပါစတား ကစားသမား လိုအပ်ချက် ရှိနေတာကြောင့် ဂရစ်ဇ်မန်းသာ ရောက်ရှိလာခဲ့ရင် အသင်း၏ မျက်နှာစာသစ် ဖြစ်လာမှာပါ။ ဒါ့အပြင် အင်တာမိုင်ယာမီလို အသင်းတွေနဲ့ မတူပဲ အော်လန်ဒိုစီးတီးမှာ အထူးကစားသမားနေရာ လစ်လပ်နေခြင်းက အပြောင်းအရွှေ့ကို ပိုမိုလွယ်ကူစေနိုင်ပါတယ်။ ဂရစ်ဇ်မန်း အနေနဲ့ မက်ဆီနဲ့ တစ်သင်းတည်း ကစားမယ့်အစား ပြိုင်ဘက် အသင်း ဖြစ်သည့် အော်လန်ဒိုစီးတီးမှာ ကစားရင်း မက်ဆီနဲ့ ထိပ်တိုက် ပြန်တွေ့မယ့် အခြေအနေ ဖြစ်လာနိုင်ပါတယ်။

လက်ရှိမှာ ပြင်သစ်သားကို အော်လန်ဒိုစီးတီးက အမြန်ဆုံး ခေါ်ယူလိုနေပေမယ့်လည်း ဂရီးဇ်မန်း အနေနဲ့ ကတော့ ဥရောပရာသီဝက် အတွင်း အသင်းပြောင်းဖို့က ခဲယဉ်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ်ဟာ လာလီဂါ ချန်ပီယံ လမ်းကြောင်းပေါ် ကနေ ဝေးကွာနေပေမယ့်လည်း ချန်ပီယံလိဂ်နဲ့ ကိုပါဒယ်ရေးဖလား ပြိုင်ပွဲတွေ ရှိနေဆဲ ဖြစ်ပါတယ်။ဂရစ်ဇ်မန်းက ၂၀၂၅-၂၀၂၆ ရာသီအစမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့်လည်း လက်ရှိမှာ ပြိုင်ပွဲစုံ ၁၂ ဂိုး အထိ သွင်းယူထားပြီး ပုံမှန် ခြေစွမ်း ပြန်ရနေပါတယ်။ ဒါကြောင့် ဂရစ်ဇ်မန်း အနေနဲ့ စပိန်မှာ ရာသီကုန်အထိ ကစားပြီးမှသာ နွေရာသီမှာ အမေရိကန်ကို ပြောင်းရွှေ့လာဖို့ ပိုမိုဖြစ်နိုင်ချေ ရှိနေပါတယ်။ ဒီအချိန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ကြောင့် မေဂျာလိဂ် ခေတ္တရပ်နားမည့် အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဂရစ်ဇ်မန်း တယောက် အမေရိကန်မှာ အခြေချဖို့ အတွက် အချိန်လုံလောက်စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်