နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရာသီသစ် အတွက် အိမ်မက်တွေ ကြီးမားနေတဲ့ ချဲလ်ဆီး ကစားသမားများ | ပရီးမီးယားလိဂ်

ချဲလ်ဆီး အသင်း ကတော့ နည်းပြသစ် ဇာဘီ အလွန်ဆိုရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ် ရာသီသစ်ကို အားမာန် အပြည့်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအချိန်မှာ အသက်ငယ်ရွယ်ပြီး ခြေစွမ်း ထက်မြတ်တဲ့ တောင်ပံ ကစားသမား ဂျေမီ ဂစ်တန်စ် ကလည်း နည်းပြသစ်နဲ့ အတူ စတန်းဖို့ဒ်ဘရစ်ချ်မှာ အောင်မြင်မှု ကြီးကြီးမားမား ရယူနိုင်မယ်လို့ သေချာပေါက် ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီတုန်းက ချဲလ်ဆီး အသင်းဟာ အပြောင်းအလဲပေါင်း များစွာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဇန်နဝါရီလမှာ နည်းပြ အန်ဇို မာရက်စကာ ထွက်ခွာသွားခဲ့သလို၊ သူ့နေရာမှာ အစားထိုးခဲ့တဲ့ လီယမ် ရိုစီနီယာ ကလည်း သုံးလကျော် အကြာ မှာပဲ ရာထူးကနေ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။. ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ်မှာတင် ဥရောပဝင်ခွင့် လွဲချော်ခဲ့ပြီး အဆင့် (၁၀) နဲ့သာ ရာသီသိမ်းခဲ့ရတာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ချဲလ်ဆီး တို့ဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဘေယာ လေဗာကူဆင် အသင်းကို ပြည်တွင်းဖလား နှစ်လုံးကို ရှုံးပွဲ မရှိဘဲ ရယူပေးခဲ့တဲ့ နည်းပြ ဇာဘီ အလွန်ဆိုကို ဦးဆောင်သူ အဖြစ် ခန့်အပ်လိုက်ထားခဲ့ပါတယ်။

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ပွဲ မှာတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့က ရေပန်းအစားဆုံး ဖြစ်နေတာပါ။ အလွန်ဆိုရဲ့ ပထမဆုံးရာသီမှာ ချဲလ်ဆီး အနေနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားခြင်းတော့ မရှိသေးပေမယ့် မော်ဂန် ရော်ဂျာစ်၊ မာကို ပါလက်စထရာနဲ့ ဂျီယိုဗန်နီ ကွင်ဒါ တို့လို ကစားသမားသစ်တွေ ရောက်ရှိလာတာနဲ့ အမျှ အသင်းရဲ့ အိပ်မက်တွေက ကြီးမားနေဆဲ ဖြစ်ကြောင်း ဂစ်တန်စ်က အခုလို ဆိုပါတယ်။

၂၀၂၆-၂၇ ရာသီ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ပွဲ မှာတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့က ရေပန်းအစားဆုံး ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ရာသီက ချဲလ်ဆီးမှာ ရုန်းကန်ခဲ့ရတဲ့ ဂျေမီ ဂစ်တန်စ်

“လူတိုင်းက စိတ်ဓာတ် တက်ကြွနေကြပြီး ရာသီသစ်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပါတယ်။ အဓိက ကတော့ ပြီးခဲ့တဲ့ ရာသီထက် ပိုကောင်းလာဖို့နဲ့ အောင်မြင်မှုရဖို့ပါပဲ။ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က အရာအားလုံးကို အနိုင်ရဖို့ပါ။ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကျွန်တော်တို့ ယှဉ်ပြိုင်ရမယ့် ဖလားစိန်ခေါ်ပွဲတိုင်းမှာ ဗိုလ်စွဲချင်တာပါ။ မော်ဂန်လို ကစားသမားမျိုး ရောက်လာတာဟာ ဖလားတွေ ဆွတ်ခူးနိုင်ဖို့ အသင်းရဲ့ စံချိန် စံညွှန်းကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော် တို့မှာ အရည်အသွေး ရှိပါတယ်။ ပွဲကို အပြောင်းအလဲလုပ်နိုင်တဲ့ တစ်ဦးချင်း အရည်အသွေးမြင့် ကစားသမားတွေ ရှိပေမယ့် ဒါတွေကို အသင်းလိုက် စုစည်းမိအောင် လုပ်ဖို့တော့ လိုပါတယ်။ လေ့ကျင့်ရေးမှာ နေ့စဉ် ကြိုးစားနေပါတယ်။ တစ်ပတ်မှ တစ်ပွဲပဲ ကစားရတာက စိတ်ဓာတ်ရေးရာအရ မလွယ်ကူပါဘူး။ ပွဲတွေ အများကြီး ကစားချင်ကြတာ သဘာဝပါပဲ။ စိန်ခေါ်မှုတွေ ရှိပေမယ့် ဒါဟာ ကောင်းမွန်တဲ့ ရာသီ တစ်ခု ဖြစ်လာမှာပါ။”လို့ ဂစ်တန်စ်က ဆိုပါတယ်။

ဒေါ့မန် အသင်း ကနေ လွန်ခဲ့တဲ့နှစ် ဇူလိုင်လမှာ ၇ နှစ် စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဂစ်တန်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ချဲလ်ဆီး အတွက် ၂၇ ပွဲ ပါဝင် ကစားခဲ့ပေမယ့် ၁၂ ပွဲမှာပဲ ပွဲထွက်ခွင့် ရခဲ့တာပါ။ သူဟာ လိဂ်ဖလားမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၅ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာတော့ အသင်း အပေါ် ပိုမိုသက်ရောက်မှု ရှိလာနိုင်မယ်လို့ အသက် ၂၁ နှစ် အရွယ် တောင်ပံ ကစားသမားက ယုံကြည်နေပါတယ်။

“အခုဆိုရင် ကျွန်တော် စိတ်ဓာတ်ရေးရာ ပိုမိုကြံ့ခိုင်လာပြီး ယုံကြည်မှုလည်း ပိုရှိလာပါပြီ။ ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း ပိုကောင်းလာတယ်၊ ပေါင်နောက်ကြော ဒဏ်ရာလည်း သက်သာသွားပြီ ဆိုတော့ ရာသီသစ်စဖို့ပဲ စောင့်ဆိုင်းနေတော့တာပါ။ နွေရာသီ အားလပ်ရက်တုန်းက ပေါ်တူဂီနဲ့ မာဘယ်လာ တို့မှာ လေ့ကျင့်ခန်းတွေ နေ့စဉ်ဆင်းပြီး ရာသီသစ် အတွက် အကောင်းဆုံး ပြင်ဆင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ခက်ခဲခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ ပထမဆုံးရဖူးတဲ့ ကြွက်သား ဒဏ်ရာ ဖြစ်ပြီး ပေါင်နောက်ကြော ဒဏ်ရာမျိုးလည်း မကြုံဖူးခဲ့ပါဘူး။ စစချင်းမှာ စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ပေမယ့် အခုတော့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ ချဲလ်ဆီး ဆိုတာ အသင်းကြီး တစ်သင်းပါ။ ဒီမှာ အောင်မြင်ချင်သလို ကျွန်တော် ဘာလုပ်ပြနိုင်လဲ ဆိုတာ ကိုလည်း လူတွေကို သက်သေပြချင်ပါတယ်။ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ရာသီက ခြေစွမ်း အနည်းငယ်ပဲ ပြသနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ အကောင်းဆုံး ပုံစံကို တွေ့ရမှာပါ” လို့ ဂစ်တန်စ်က ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်