၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အကောင်းဆုံး သွင်းဂိုးဆုကို အာဂျင်တီးနား အသင်းနဲ့ ပွဲစဉ်မှာ အချိန်ပို အတွင်း အံ့အားသင့်ဖွယ် သွင်းယူခဲ့တဲ့ ကိပ်ဗာဒ် အသင်းရဲ့ ဘယ်နောက်ခံလူ ဆစ်ဒနီ လိုပက်စ် ကာဘရယ်က ဆွတ်ခူးသွားခဲ့ပါတယ်။
ကိပ်ဗာဒီ အသင်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံး အကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိပ်ဗာဒီ အသင်းဟာ ၃၂ သင်း အဆင့်မှာ ၂၀၂၂ ချန်ပီယံ အာဂျင်တီးနား အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကြီးမားဆုံး အံ့အားသင့်ဖွယ် ရလဒ် တစ်ခု ဖန်တီးဖို့ နီးစပ်ခဲ့တာပါ။ ကိပ်ဗာဒီဟာ အာဂျင်တီးနားကို သာမန် ပွဲချိန် အတွင်းမှာရော၊ အချိန်ပိုမှာပါ ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားပြီး သရေရလဒ် ရအောင်ယူနိုင်ခဲ့ပေမယ့်လည်း ဒီနေး ဘော့ဂတ်စ်ရဲ့ မတော်တဆ ကိုယ့်ဂိုးကိုယ် သွင်းမိမှုကြောင့် ၃-၂ ရလဒ်နဲ့ ကံဆိုးစွာ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒီပွဲမှာ ကိပ်ဗာဒီ အတွက် ဒုတိယမြောက် ချေပဂိုး ကိုတော့ ဘင်ဖီကာ ကနေ တူရကီ စူပါလိဂ် ကလပ် ထရက်ဘ်ဇွန်စပေါဆီ ယူရို ၁၀ သန်းနဲ့ ပြောင်းရွှေ့ထားတဲ့ အသက် ၂၂ နှစ် အရွယ် ကာဘရယ်က အံ့မခန်း သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုးမှာ ကာဘရယ်ဟာ အာဂျင်တီးနား ဂိုးဧရိယာ ဘယ်ဘက်ထောင့် အနီးမှာ အလက်ဆစ် မက်အယ်လစ္စတာကို ကျော်ဖြတ်၊ ညာခြေနဲ့ လှပစွာ ဝေ့ဝိုက် ကန်ကာ ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ်ကို ကျော်ပြီး အဝေးထောင့်ထဲ ဝင်သွားစေခဲ့တာ ဖြစ်ပါတယ်။
ကိတ်ဗာဒီ အသင်းရဲ့ သမိုင်းဝင် ကမ္ဘာ့ဖလား ခရီးစဉ်
ကိပ်ဗာဒီဟာ အုပ်စု (H) မှာ စပိန်၊ ဥရုဂွေးနဲ့ ဆော်ဒီအာရေးဘီးယား အသင်း တို့ကို ၃ ပွဲစလုံး သရေ ကစားကာ အုပ်စု ဒုတိယနဲ့ နောက်တဆင့် တက်ခဲ့ပါတယ်။ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ကိပ်ဗာဒီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခု အတွင်း လက်ရှိ ချန်ပီယံ အသင်းကို ၁ ပွဲတည်းမှာ ၂ ဂိုးနဲ့ အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အာဖရိကနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၄ ပြိုင်ပွဲမှာ နိုင်ဂျီးရီးယား အသင်းက အာဂျင်တီးနားကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲပြီးရင် အာဂျင်တီးနားကို ကမ္ဘာ့ဖလားမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက် အာဖရိက အသင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးမှာ သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၃၀၈ ဂိုးထဲကမှ လိုပက်စ် ကာဘရယ်လ်ရဲ့ ဂိုးဟာ အကောင်းဆုံးဂိုး အဖြစ် မဲပေး ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။ ကာဘရယ်ရဲ့ ဂိုးဟာ ကွန်ဂိုနဲ့ ပွဲမှာ ဥဇဘက်ကစ္စတန် ကစားသမား ရှိုမူရိုဒော့ဗ် သွင်းယူခဲ့တဲ့ ဂိုးနဲ့ မော်ရိုကိုနဲ့ ပွဲမှာ ဟေတီ ကစားသမား ဝီလ်ဆန် အိုက်ဆီဒေါရဲ့ ဂိုးတွေကို ကျော်လွန်ပြီး အကောင်းဆုံးဂိုး ဖြစ်လာခဲ့တာပါ။ ဖီဖာက အကောင်းဆုံးဂိုး ၁၂ ဂိုးကို ဆန်ခါတင် ရွေးချယ်ပြီး ပရိသတ်တွေက မဲပေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ မှာတော့ မဲပေးမှု ပိတ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် လိုပက်စ် ကာဘရယ်ရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံပုံ ကလည်း ကမ္ဘာ့ဖလား သမိုင်းဝင်သွားခဲ့ပါတယ်။ ဂိုးသွင်းပြီးချိန်မှာ သူ့ကို လာဖက်တဲ့ အသင်းဖော်တွေကို ရုန်းထွက်ပြီး ပွဲကြည့်စင်ပေါ် အထိ တက်ကာ ချစ်သူကို ပွေ့ဖက်ခဲ့သလို အမေ ဖြစ်သူ ကိုလည်း လိုက်ရှာခဲ့တာပါ။
“ပွဲမစခင်တည်းက ကျွန်တော့်အမေနဲ့ ချစ်သူကို ပြောထားတာဗျ။ ဂိုးသွင်းနိုင်ရင် သူတို့ဆီ ပြေးလာခဲ့မယ် ဆိုပြီးတော့လေ။ ရောက်သွားတော့ အမေက ငိုနေတာ တွေ့ရတယ်။ ကျွန်တော် ရောက်နေတာကိုတောင် အမေ သတိမထားမိဘူး။ ကျွန်တော် ဂိုးသွင်းလိုက်တဲ့အချိန်မှာ အမေက သတိလစ်သွားလို့ အားလုံးက အမေ့ကို ဝိုင်းပြုစုပေးနေကြရတာ” လို့ သူက ဆိုပါတယ်။
ကိပ်ဗာဒီ အသင်းဟာ အုပ်စုအတွင်း ကစားခဲ့တဲ့ လေးပွဲမှာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက် အသင်း နှစ်သင်းလုံးကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဂိုးသမား ဗိုဇင်ညာရဲ့ လက်စွမ်းပြမှုနဲ့ အတူ နောက်ဆုံးမှာ ချန်ပီယံ ဖြစ်သွားခဲ့တဲ့ စပိန် အသင်းကို ၀-၀ နဲ့ သရေကစားကာ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။
လက်ရှိမှာ အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆစ်ဒနီ လိုပက်စ် ကာဘရယ် ကတော့ လက်တလော တူရကီ ကလပ် ထရက်ဘ်ဇွန်စပေါကို ပြောင်းရွှေ့ထားသူ ဖြစ်ပါတယ်။ အက်ဖ်စီတွမ်တီး အကယ်ဒမီထွက် ဒီကစားသမားလေးဟာ ဟဲလ်ဆင်ဘော့ဂ်၊ အာဒဗယ်ယူ အာဖွတ်၊ ဗစ်တိုးရီးယား ကိုလုံး၊ အက်စထရီလာ ဒါ အမာဒိုရာတို့လို လူသိပ်မသိတဲ့ ကလပ်တွေမှာ ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။ အဲဒီနောက် သူဟာ ၂၀၂၆ ဇန်နဝါရီ ကနေ ဇွန် အထိ ၆ လကြာ ဘင်ဖီကာမှာ ၁၂ ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။ လက်ရှိမှာတော့ သူက တူရကီ ထိပ်သီး ကလပ် ထရက်ဘ်ဇွန်စပေါနဲ့ အတူ သမိုင်းစာမျက်နှာသစ် ရေးထိုးဖို့ အဆင်သင့် ဖြစ်နေပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


