နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဥရုဂွေးကို သရေ ကစားပြီး သမိုင်း မှတ်တမ်းကောင်းတွေ ဆက်တိုက် ရေးထိုးနေတဲ့ ကိပ်ဗာဒီ | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင် ခွင့်ရထားတဲ့ ကိပ်ဗာဒီ အသင်းဟာ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ထပ်မံ ပြသနိုင်ခဲ့ပြန်ပါတယ်။ သူတို့ဟာ ဘောလုံး အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ဥရုဂွေး အသင်းကို ၂ ဂိုးစီ သရေ ကစားကာ နောက်ထပ် အံ့အားသင့်စရာ ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြန်တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကီဗင် ပီနာဟာ ကိပ်ဗာဒီ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ကမ္ဘာ့ဖလား သွင်းဂိုးကို သွင်းယူပေးပြီး ရာဇဝင်တွင်စေခဲ့ပါတယ်။ ဒါ့အပြင် လူစားဝင် ကစားသမား ဟီလီယို ဗာရီလာ ကလည်း အသင်း အတွက် အဖိုးတန် ချေပဂိုးကို လိုက်လံ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲအစ မှာတော့ နှစ်ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ ဥရုဂွေး တို့ပဲ အသာစီးရခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဖက်ဒရီကို ဗယ်ဗာဒီရဲ့ မြန်ဆန်တဲ့ တန်ပြန် တိုက်စစ် ကနေ ဂိုးရလုနီးပါး ဖြစ်ခဲ့ပေမယ့် ကန်ချက်က တိုင်ဘေးကနေ လွဲချော်သွားခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဦးဆောင်ဂိုး ရသွားတာက ကိပ်ဗာဒီပါ။ ပွဲချိန် ၁၅ မိနစ်ဝန်းကျင်မှာ ဥရုဂွေး ကွင်းလယ်လူ ရိုဒရီဂို ဘန်တန်ကော် ပြိုင်ဘက် ကစားသမားကို ဖျက်ထုတ်ရာ ကနေ အလွတ်တည်ကန်ဘော ရခဲ့ပါတယ်။ ဒီပြစ်ဒဏ်ဘောကို ပီနာက ဂိုးနဲ့ ၃၂ မီတာအကွာကနေ ဥရုဂွေး အသင်းရဲ့ လူတံတိုင်းကြားထဲ ကနေ လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဂိုးပေးလိုက်ရလို့ ဥရုဂွေးတို့ တရစပ် ပြန်တိုက်စစ်ဆင်ခဲ့ပြီး ပထမပိုင်း ပြီးခါနီး ၄၄ မိနစ်မှာ ချေပဂိုး ရခဲ့ပါတယ်။ ကိပ်ဗာဒီ နောက်ခံလူ ဆစ်ဒနီ ကာဘရယ်လ် ဖျက်ထုတ်လိုက်တဲ့ ဘောလုံးက သူတို့ ဂိုးတိုင် အတွင်းဘက်ကို ထိပြီး လွင့်ထွက်လာရာမှာ အသင့်ရှိနေတဲ့ မက်ဆီ အာရူဟိုက သွင်းယူခဲ့တာပါ။ အရှိန်ရသွားတဲ့ ဥရုဂွေး တို့ဟာ ပထမပိုင်း နာကျင် အချိန်ပို ၆ မိနစ်မှာပဲ အာရူဟိုရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် ကာနိုဘီယိုက ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ ဥရုဂွေးက ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ ကိပ်ဗာဒီတို့ စိတ်ဓာတ်မကျဘဲ ပွဲထဲကို ပြန်ဝင်လာခဲ့ပြီး ပွဲချိန် ၆၂ မိနစ်မှာ မျှော်လင့်ချက်တွေ အသက်ပြန်ဝင်လာခဲ့ပါတယ်။ ဥရုဂွေး နောက်ခံလူ မာသီးယပ်စ် အိုလီဗီရာရဲ့ ပေါ့ဆတဲ့ နောက်ပြန်ပေးဘောကြောင့် ဂိုးသမား ဖာနန်ဒို မူဆီလီရာ ဂိုးဧရိယာအပြင် အထိ ထွက်ပြီး ရှင်းထုတ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါကို ကိပ်ဗာဒီ ကစားသမား ဗာရီလာက ဖြတ်လုပြီး ဂိုးသမားကိုပါ ဆွဲသာကာ လွတ်နေတဲ့ ဂိုးပေါက်ထဲကို အေးအေးဆေးဆေး ကန်သွင်းပြီး ၂-၂ ဖြစ်စေမယ့် ချေပဂိုးကို ရယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ကီဗင် ပီနာဟာ ကိပ်ဗာဒီ အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော ကမ္ဘာ့ဖလား သွင်းဂိုးကို သွင်းယူပေးပြီး ရာဇဝင်တွင်စေခဲ့ပါတယ်။
ဥရုဂွေးကို ရှိန်နေခြင်း မရှိပဲ အကောင်းဆုံး တုန့်ပြန်သွားတဲ့ ကိပ်ဗာဒီ

အဲဒီနောက်ပိုင်း မှာလည်း ကိပ်ဗာဒီက ဂျာမီရို မွန်တဲရိုးရဲ့ ကန်ချက်နဲ့ ဥရုဂွေးကို ခြောက်လှန့်နိုင်ခဲ့သလို၊ ဥရုဂွေး ဘက်ကလည်း အာရူဟို သွင်းယူခဲ့တဲ့ ဂိုးဟာ လူကျွံဘော ဖြစ်ခဲ့လို့ ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဒါဝင် နူညက်ဇ်တို့ အခွင့်အရေးတွေ လွဲချော်ခဲ့လို့ ပွဲအပြီးမှာတော့ တစ်ဖက် ၂ ဂိုးစီနဲ့ အမှတ်ခွဲဝေခဲ့ကြပါတယ်။

ပထမပွဲမှာ ဥရောပ ချန်ပီယံ စပိန် အသင်းကို ၀-၀ နဲ့ သရေကစားပြီး အံ့အားသင့်စေခဲ့တဲ့ ကိပ်ဗာဒီဟာ အခု ဥရုဂွေးနဲ့ ပွဲမှာ သူတို့ရဲ့ ခြေစွမ်းကို နောက်တစ်ဆင့် မြှင့်တင် ပြသသွားခဲ့ပါတယ်။ ဒီပွဲကနေ ထွက်ပေါ်လာတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ မှတ်တမ်းတွေ ကတော့ ကိပ်ဗာဒီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် (၁၉၆၆ ခုနှစ် နောက်ပိုင်း မှတ်တမ်းတွေအရ) သူတို့ အသင်းရဲ့ ပထမဦးဆုံးသော ကမ္ဘာ့ဖလား သွင်းဂိုးကို အလွတ်တည်ကန်ဘော ကနေ တိုက်ရိုက် သွင်းယူနိုင်တဲ့ ပထမဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။

ဟီလီယို ဗာရီလာ ကတော့ ကမ္ဘာ့ဖလား သမိုင်းမှာ အာဖရိကတိုက်သား လူစားဝင် ကစားသမား တစ်ဦး အနေနဲ့ ကွင်းထဲ ဝင်ပြီး (၂ မိနစ် ၁၆ စက္ကန့်) အတွင်း အမြန်ဆုံး ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ ပထမ စံချိန်ရှင် ကတော့ ၁၉၉၄ မှာ ၁ မိနစ် ၂၄ စက္ကန့်နဲ့ သွင်းခဲ့တဲ့ ကင်မရွန်း ဂန္ထဝင် ရော်ဂျာ မီလာ ဖြစ်ပါတယ်။ မက်ဆီ အာရူဟို ကတော့ ၁၉၅၄ ခုနှစ်က အော်စကာ မိဂွက်ဇ် နောက်ပိုင်း ဥရုဂွေးအသင်း အတွက် ကမ္ဘာ့ဖလား အုပ်စု ပထမ ပွဲစဉ် နှစ်ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပွဲစဉ် အတွင်းမှာ ဥရုဂွေး အသင်းဟာ ဂိုးကန်ချက် ၁၇ ကြိမ် အထိ ရှိခဲ့ပြီး မျှော်လင့်နိုင်တဲ့ဂိုး (xG) ၂.၃၄ အထိ ရှိခဲ့ပေမဲ့ ဂိုးပေါက်တည့်မှု ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ တစ်ဖက် မှာတော့ ကိပ်ဗာဒီက (xG) ၀.၈၆ သာ ရှိခဲ့ပေမယ့် ဂိုးကန်ချက် ၁၂ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၄ ကြိမ် အထိ ရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံဟောင်းကို ဘာမှကြောက်ရွံ့ခြင်း မရှိဘဲ ယှဉ်ကစားသွားခဲ့တာ တွေ့ရပါတယ်။

လက်ရှိ မှာတော့ ကိပ်ဗာဒီဟာ အုပ်စု (H) မှာ ရမှတ် ၂ မှတ်နဲ့ ဒုတိယနေရာက ဥရုဂွေးနဲ့ အမှတ်တူ၊ ဂိုးကွာခြားချက်အရ အုပ်စု တတိယနေရာမှာ ရပ်တည်နေပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်း ရှိနေဆဲ ဖြစ်ပါတယ်။ ကိပ်ဗာဒီဟာ အုပ်စု နောက်ဆုံးပွဲ အဖြစ် ဆော်ဒီအာရေဗျနဲ့ ကစားရမှာ ဖြစ်ပြီး၊ ဥရုဂွေး ကတော့ အုပ်စုဗိုလ်လုပွဲ အဖြစ် စပိန် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်