နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အကောင်းဆုံး Comeback ပြီး အနိုင်ရခဲ့တဲ့ ဘေယန််မြူးနစ် | ဘွန်ဒက်စ်လီဂါ

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ပူပူနွေနွေး သိမ်းပိုက်ထားတဲ့ ဘေယန်မြူးနစ် ကတော့ မနေ့ညက ပွဲမှာ မိန့်ဇ်ကို အံ့အားသင့်ဖွယ် Comeback နဲ့ ပြန်လည် အနိုင်ရသွားခဲ့ပါတယ်။ ဘေယန်ဟာ ၃ ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၄ ဂိုး ၃ ဂိုးနဲ့ အံ့အားသင့်ဖွယ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ နိုင်ပွဲဆက်မှု စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ 

MEWA Arena ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘေယန်မြူးနစ်ဟာ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခြင်း ခံနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် နီကိုးလပ်စ် ဂျက်ဆန်က အသင်း အတွက် ချေပဂိုးကို စတင် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ လူစားဝင်လာကြတဲ့ မိုက်ကယ် အိုလီဆေး၊ ဂျမဲလ် မူစီအာလာနဲ့ ဟယ်ရီကိန်း တို့က ဘေယန် အတွက် အဖိုးတန် နိုင်ပွဲကို ရယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပီအက်စ်ဂျီနဲ့ ပွဲစဉ် အတွက် နည်းပြ ဗင်းန်ဆင့် ကွန်ပနီဟာ လူစာရင်းကို အပြောင်းအလဲ အများအပြား ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပွဲစပြီး ၁၅ မိနစ် မှာတင် မိန့်ဇ် အတွက် ဒိုမီနစ် ကိုးလ်က ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် မိနစ် ၃၀ မတိုင်ခင်မှာ ပေါလ် နီဘယ်လ်က ဒုတိယဂိုးနဲ့ ပထမပိုင်း ပြီးခါနီးမှာ ရှရယ်လ်ဒို ဘက်ကာက တတိယဂိုး သွင်းယူခဲ့တာကြောင့် ဘေယန်မြူးနစ်တို့ အကြီးအကျယ် ရုန်းကန်ခဲ့ရပါတယ်။

ကွန်ပနီက ဒုတိယပိုင်း မှာတော့ မိုက်ကယ် အိုလီဆေးနဲ့ ဟယ်ရီ ကိန်း တို့ကို ထည့်သွင်းခဲ့ပြီးနောက် ဘေယန်ရဲ့ ကစားဟန်က သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။ ပထမ ချေပဂိုး ကိုတော့ လိုင်မာရဲ့ ဖြတ်တင်ဘောက တစ်ဆင့် နီကိုးလပ်စ် ဂျက်ဆန်က သွင်းယူခဲ့ပါတယ်။ ဒုတိယ ချေပဂိုး ကိုတော့ ပွဲချိန် ၇၃ မိနစ်မှာ အိုလီဆေးက လှလှပပ ကန်သွင်းယူခဲ့ပါတယ်။ တတိယ ချေပဂိုး ကိုတော့ မူစီအာလာက မိန့်ဇ် နောက်ခံလူတွေကို ကျော်ဖြတ်ပြီး အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုး ကိုတော့ ပွဲချိန် ၈၃ မိနစ်မှာ မူစီအာလာရဲ့ ကန်ချက်ကို မိန့်ဇ် ဂိုးသမား ပုတ်ထုတ်ရာ ကနေ ဟယ်ရီကိန်းက အပိုင် ပိတ်သွင်းပြီး အနိုင်ရလဒ်ကို ဖော်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

မိန့်ဇ်ဟာ ဒီရာစုနှစ် အတွင်း ဘွန်ဒက်စ်လီဂါမှာ ဘေယန်ကို ပထမပိုင်း အတွင်း ၃ ဂိုးပြတ် ဦးဆောင်နိုင်တဲ့ ၄ သင်းမြောက် အသင်း ဖြစ်လာခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပွဲဟာ အလွန် အကြိတ်အနယ် ရှိခဲ့ပြီး မိန့်ဇ်က ဂိုးရနိုင်ခြေ (xG) ၂.၂၉ ရှိခဲ့ကာ ဘေယန် ကတော့ ၁.၉၇ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဘေယန် ကတော့ ရရှိတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ နည်းပြ ကွန်ပနီရဲ့ လူစားလဲမှုတွေက အဓိက အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ မူစီအာလာဟာ ပွဲချိန် ၅၇ မိနစ်မှ ဝင်လာခဲ့တာတောင် အသင်းမှာ ဂိုးကန်သွင်းမှု အများဆုံး (၄ ကြိမ်) နဲ့ ဘောလုံး လိမ်ခေါက်မှု အများဆုံး (၄ ကြိမ်) အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ဘေယန်မြူးနစ် ကတော့ ဘွန်ဒက်စ်လီဂါ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဟိုင်ဒမ်ဟိမ်း၊ ဝုဖ်ဘတ်၊ ကိုလုံး တို့နဲ့ ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဖြစ် ပီအက်စ်ဂျီ၊ ပိုကယ်ဖလား ဗိုလ်လုပွဲ အဖြစ် စတုဂတ်နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်