စပိန် – ဆော်ဒီအာရေဗျ
အခုတစ်ခါမှာတော့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ အုပ်စု (H) ပွဲစဉ်တွေထဲက စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲ အကြောင်း ဆက်သွားကြရအောင်ပါ။ အဖွင့်ပွဲမှာ အကြိတ်အနယ် ကစားပြီး သရေပွဲ ကိုယ်စီ ကြုံထားတဲ့ စပိန်နဲ့ ဆော်ဒီအာရေဗျ တို့ဟာ လာမယ့် တနင်္ဂနွေနေ့မှာ ထိပ်တိုက် တွေ့ဆုံတော့မှာ ဖြစ်ပါတယ်။ ဒါဟာ La Roja အတွက်တော့ ဒီနှစ် ကမ္ဘာ့ဖလားရဲ့ ပထမဆုံး နိုင်ပွဲကို ရှာဖွေရမယ့် အခွင့်အရေးကောင်း တစ်ခု ဆိုရင်လည်း မမှားပါဘူး။
စပိန်
စပိန် အသင်းဟာ သူတို့ရဲ့ အဖွင့်ပွဲစဉ်မှာ ကိပ်ဗာဒီနဲ့ ဂိုးမရှိ သရေကျခဲ့ပြီး၊ ဆော်ဒီအာရေဗျ ကတော့ တောင်အမေရိက အင်အားကြီး ဥရုဂွေးကို ၁-၁ ရလဒ်နဲ့ သရေ ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမပွဲမှာ စပိန်တို့ ကိတ်ဗာဒီနဲ့ ကစားခဲ့ပုံက ပရိသတ်တွေ အတွက် တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့တယ်လို့ ပြောရမှာပါ။ နည်းပြ လူးဝစ် ဒီလာဖျူအန်တေးရဲ့ အသင်းက ကစားကွက်ဖော်ဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ဂိုးမရှိ သရေ ရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့လည်း ပြိုင်ပွဲမစခင်ကတည်းက ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ စပိန် အသင်း အနေနဲ့ အခု လာမယ့် ပွဲမှာ ၃ မှတ် အပြည့်ရဖို့ ဖိအားတွေ အကြီးအကျယ် ဝင်နေပါတယ်။ ဒါပေမယ့်လည်း စပိန်တို့ အနေနဲ့ နောက်ထပ် ကစားရမယ့် ၂ ပွဲ ကနေ ၄ မှတ် ရရုံနဲ့တင် နောက်တစ်ဆင့်ကို အုပ်စုပထမ ဒါမှမဟုတ် ဒုတိယနဲ့ တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေဆဲပါ။
ပြီးခဲ့တဲ့ပွဲမှာ စပိန် အသင်း ကစားကွက် အသက်မဝင် ဖြစ်နေတုန်း ၁၈ နှစ်အရွယ် လူငယ်ကြယ်ပွင့်လေး လာမင်း ယာမယ် ဝင်လာမှပဲ အသင်းက ပြန်လည် နိုးထလာခဲ့တာကို တွေ့ရပါတယ်။ ဒါကြောင့် စပိန်အသင်း အနေနဲ့ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို အိမ်ပြန်သယ်ချင်တယ် ဆိုရင်တော့ ဒီလူငယ် စူပါစတားလေးရဲ့ အစွမ်းကုန် ခြေစွမ်းပြမှုကို အသေအချာ လိုအပ်နေပါလိမ့်မယ်။
ဆော်ဒီအာရေဗျ
တစ်ဖက်က ဆော်ဒီအာရေဗျ အနေနဲ့လည်း ခြေစမ်းပွဲ ၂ ပွဲ အပါအဝင် စပိန်ကို တစ်ကြိမ်မှ မနိုင်ဖူးသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်ဖို့ ကြိုးစားရမှာပါ။ သူတို့ အတွက်တော့ ပြီးခဲ့တဲ့ပွဲက ကိတ်ဗာဒီရဲ့ ကစားပုံကို နမူနာယူပြီး စပိန်ကို တုံ့ပြန်ဖို့ စိတ်ကူးရှိနေမှာ သေချာပါတယ်။ နည်းပြ ဂျော့ဂျီယို့စ် ဒိုးနစ်ရဲ့ ဆော်ဒီအာရေဗျ အသင်းဟာ ဥရုဂွေးနဲ့ပွဲမှာ ပွဲချိန် ၄၁ မိနစ်ကတည်းက အဗ္ဗဒူလေလာ အယ်လ်အမ်မရီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီးမှ မက်ဆီ အာရာအူဟိုရဲ့ ချေပဂိုးကြောင့် အနိုင်ရလဒ်ကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ ကမ္ဘာ့ဖလား အုပ်စု (H) ထဲက ၄ သင်းစလုံးဟာ ၁ မှတ်စီနဲ့ တန်းတူဖြစ်နေတာကြောင့် ကျန်ရှိနေတဲ့ အုပ်စု ပွဲစဉ် ၂ ပွဲအတွင်းမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဆော်ဒီအာရေဗျသာ စပိန်ဆီ ကနေ ရလဒ်ကောင်း တစ်ခုခု ရှာဖွေနိုင်ခဲ့ရင် အုပ်စု နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ကိတ်ဗာဒီနဲ့ပွဲ မတိုင်ခင်မှာ အခြေအနေ တော်တော်လေး ကောင်းမွန်သွားမှာပါ။ ဆော်ဒီအာရေဗျရဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား အကောင်းဆုံး အောင်မြင်မှု ကတော့ ၁၉၉၄ ခုနှစ်က ၁၆ သင်းအဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစိမ်းရောင် စွန်ရဲတို့ဟာ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေ မှာတော့ အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
စပိန် – ဆီမွန်၊ ယော်ရန်းတေး၊ ကူဘာဆီ၊ လာပေါ့တ်၊ ကူကူရယ်လာ၊ ရူအစ်ဇ်၊ ရိုဒရီ၊ ပက်ဒရီ၊ ဖာရန်း၊ အိုယာဇာဘယ်၊ ဂါဗီ
ဆော်ဒီအာရေဗျ – အယ်လ်-အိုဝိုက်စ်၊ အဗ္ဗဒူဟာမစ်၊ အယ်လ် တမ်ဘက်ကတီ၊ အယ်လ် အမ်ရီ၊ အယ်လ် ဟာဘီ၊ အယ်လ် ရှာမတ်၊ အယ်လ်-ခိုင်ဘာရီ၊ ကန်နို၊ အက်စ် အယ်လ်-ဒေါဆာရီ၊ အယ်လ် ဘူရိုင်ကန်၊ အယ်လ်-ဂျူဝါယာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ သူတို့ နှစ်သင်း ဒုတိယအကြိမ်မြောက် ဆုံတွေ့ကြတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားတုန်း ကတော့ စပိန်က ဟွမ်နီတိုရဲ့ သွင်းဂိုးနဲ့ ဆော်ဒီကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ စပိန် နိုင်ရင် ၁ ဆလောက်ပဲ ပြန်ရမှာ ဖြစ်ပြီး၊ ဆော်ဒီအာရေဗျ နိုင်ရင် ၁၀ ဆခွဲ၊ သရေ ဆိုရင်တော့ ၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း စပိန် ဘက်ကပဲ ကြေးအပြင်းဆုံး ဖွင့်ထားပြီး ဂိုးပေါင်းကြေးလည်း နည်းနည်း မြင့်ပါလိမ့်မယ်။ စပိန် အတွက် ခြေချော်လို့ မရတော့သလို ဆော်ဒီ ကလည်း မထင်မှတ်တာတွေ ထပ်လုပ်ပြဖို့ အသင့် ဖြစ်နေပုံပါပဲ။ စပိန် နိုင်ပါမယ်။ ဒါပေမယ့် ၂-၀ လောက်နဲ့ပဲ ပွဲပြီးဖို့ များပါတယ်။
ခန့်မှန်းရလဒ်
စပိန် ၂-၀ ဆော်ဒီအာရေဗျ
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


