နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

“ပြင်သစ် ကသာ ကျွန်တော် တို့ကို ကြောက်သင့်တာ” လို့ ယာမယ် ဆို | ကမ္ဘာ့ဖလား

ဘယ်လ်ဂျီယံကို ၂-၁ နဲ့ အနိုင်ရပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တက်လှမ်းသွားတဲ့ စပိန် အသင်းရဲ့ ကြယ်ပွင့်လေး လာမင်း ယာမယ် ကတော့ ကြုံးဝါးမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ယာမယ်က လာမယ့် အင်္ဂါနေ့မှာ ကစားမယ့် ပြင်သစ်နဲ့ ပွဲကြီးပွဲကောင်း မတိုင်ခင် စပိန်အနေနဲ့ ပြင်သစ်ကို ကြောက်စရာ ဘာအကြောင်းမှ မရှိဘဲ ပြင်သစ် ကသာ စပိန်ကို ပိုကြောက်သင့်တယ်လို့ ဆိုလိုက်ပါတယ်။

လော့စ်အိန်ဂျလိစ်မှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ်မှာ စပိန်ဟာ ဘယ်လ်ဂျီယံကို အနိုင်ရပြီးနောက် ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ စပိန် အသင်းဟာ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ပိုင်း ဒုတိယမြောက် အကြိမ် အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ပွဲကြို အင်တာဗျူးမှာ ယာမယ်က “တစ်ယောက်ယောက်က ကြောက်ရမယ် ဆိုရင် အဲဒါ သူတို့ (ပြင်သစ်) ပဲ ဖြစ်ရပါမယ်။ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ နဲ့ နေးရှင်းလိဂ် ပြိုင်ပွဲတွေတုန်းကလည်း သူတို့ကို ကျွန်တော် တို့ပဲ ပြိုင်ပွဲကနေ ဖယ်ထုတ်ခဲ့တာလေ။ ကျွန်တော်တို့ နှစ်သင်းစလုံးက အသင်းကြီးတွေပါ၊ ကျွန်တော့် အတွက်တော့ အကောင်းဆုံး နှစ်သင်းပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကတော့ ဘာမှ ကြောက်စရာ မရှိပါဘူး။” လို့ ရဲရဲဝံ့ဝံ့ ပြောကြားသွားခဲ့ပါတယ်။

 

နည်းပြ ဒီလာဖွန်တေးရဲ့ ယုံကြည်မှုနဲ့ စံချိန်ကောင်းများ

စပိန် နည်းပြကြီး လူးဝစ် ဒီလာဖွန်တေး ကလည်း ယာမယ်ရဲ့ အမြင်ကို ထောက်ခံခဲ့ပါတယ်။ သူဟာ ယူရိုနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွေမှာ ၁၃ ပွဲ ဆက်တိုက် မရှုံးသေးတဲ့ (၁၂ ပွဲနိုင်၊ ၁ ပွဲသရေ) စံချိန်ကောင်းကို ပိုင်ဆိုင်ထားတဲ့ နည်းပြပါ။

သူဟာ ယူရိုနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးတွေမှာ ၁၃ ပွဲ ဆက်တိုက် မရှုံးသေးတဲ့ (၁၂ ပွဲနိုင်၊ ၁ ပွဲသရေ) စံချိန်ကောင်းကို ပိုင်ဆိုင်ထားတဲ့ နည်းပြပါ။
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ပြင်သစ်နဲ့ ရင်ဆိုင်ရမယ့် စပိန်

ဒီလာဖွန်တေးက “သူတို့ကို နိုင်အောင် ကစားဖို့ ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ၊ သူတို့ ဘက်ကလည်း ကျွန်တော် တို့ကို အတော်လေး စိုးရိမ်နေလိမ့်မယ်လို့ ထင်ပါတယ်။ ပြင်သစ်ကို နှစ်ပွဲ ဆက်တိုက် နိုင်ဖူးတာ ကျွန်တော်တို့ အသင်း တစ်သင်းပဲ ရှိတာပါ။ တကယ့် အသင်းကြီး နှစ်သင်း ထိပ်တိုက် တွေ့ကြမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိမှာ စပိန် အသင်းဟာ ၂၀၂၄ ခုနှစ် မတ်လက ကိုလံဘီယာကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ၃၆ ပွဲ ဆက်တိုက် မရှုံးသေးတဲ့ (၂၇ ပွဲနိုင်၊ ၉ ပွဲသရေ) အသင်း သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲမရှိ စံချိန်ကိုလည်း တင်ရှိထားပါတယ်။

 

စူပါလူစားဝင် ကစားသမား မာရီနိုကို ချီးကျူးမှု

ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ရှုံးထွက် ပွဲစဉ်တွေမှာ လူစားဝင် ကစားသမား အဖြစ်နဲ့ အနိုင်ဂိုး နှစ်ဂိုး သွင်းယူပေးနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ အာဆင်နယ် ကွင်းလယ်လူ မီခဲလ် မာရီနိုနဲ့ ပတ်သက်ပြီး နည်းပြ ဒီလာဖွန်တေးက ချီးကျူးစကား ဆိုခဲ့ပါတယ်။ ၁၆ သင်း အဆင့်မှာ ပေါ်တူဂီ၊ ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံ တို့ကို မာရီနိုကပဲ လူစားဝင်ပြီး ဖြုတ်ချပေးခဲ့တာပါ။

“မာရီနိုက တကယ့်ကို အံ့ဩစရာ ကောင်းတဲ့ ကမ္ဘာ့အဆင့် ကစားသမား တစ်ယောက်ပါ။ သူဟာ ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့ အရည်အချင်းရှိပြီး သူ့ကို ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့ ကံကောင်းပါတယ်။ အသင်းက သူ့ကို လိုအပ်တဲ့ အချိန်တိုင်းမှာ သူက အမြဲတမ်း အသင့်ရှိနေပေးတတ်ပါတယ်” လို့ လေးလေးနက်နက် ချီးကျူးသွားခဲ့ပါတယ်။

ဗိုလ်လုပွဲ လက်မှတ် တစ်စောင် အတွက် စပိန်နဲ့ ပြင်သစ် တို့ရဲ့ ဆီမီးဖိုင်နယ် ပွဲကြီး ပွဲကောင်း ကတော့ လာမယ့် အင်္ဂါနေ့မှာ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်