အင်္ဂလန် တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ရဲ့ ရောက်ရှိလာမှု ကတော့ လာလီဂါ ကလပ် ဘာစီလိုနာရဲ့ ကစားသမား အများအပြား အပေါ် သိသာ ထင်ရှားတဲ့ ရိုက်ခတ်မှုတွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာက ၂၀၂၆-၂၀၂၇ ရာသီ မစတင်ခင် သူတို့ရဲ့ ပထမဆုံးသော ကစားသမားသစ် အဖြစ် တောင်ပံ ကစားသမား အန်သိုနီ ဂေါ်ဒွန်ကို ကမ့်ပ်နူးဆီ ခေါ်ယူဖို့ အချိန်မဆိုင်းဘဲ အမြန်ဆုံး အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။
ဒီအင်္ဂလန်ကစားသမားကို လာလီဂါ ချန်ပီယံ တို့က စိတ်ဝင်စားနေကြောင်း နွေဦးရာသီကတည်းက သတင်းတွေ စတင် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မေလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လျှပ်တပြက် ကြိုးပမ်းမှု တစ်ခု အပြီးမှာ နယူးကာဆယ် ယူနိုက်တက်နဲ့ ယူရို သန်း ၈၀ (ပေါင် ၆၉.၃ သန်း) အပြင် အပိုဆုကြေးတွေ ပါဝင်တဲ့ သဘောတူညီမှု တစ်ခု အဖြစ် ပြောင်းလဲကာ ဒီနွေရာသီရဲ့ ပထမဆုံး ခေါ်ယူမှု အဖြစ် အောင်မြင်စွာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဘေယန်မြူးနစ်နဲ့ လစ်ဗာပူးလ် တို့ကလည်း ဒီအင်္ဂလန် လက်ရွေးစင်ကို စိတ်ဝင်စားခဲ့ကြပေမယ့်လည်း၊ ဘာစီလိုနာက ကြားဖြတ်ကာ လက်ဦးမှု ရယူသွားခဲ့တာ ဖြစ်ပါတယ်။ ဂေါ်ဒွန်ဟာ နည်းပြ ဟန်ဆီ ဖလစ်ခ်နဲ့ အသင်း တာဝန်ရှိသူတွေ ရာသီသစ် မတိုင်မီ အသေအချာ ဖြည့်တင်းလိုနေတဲ့ နေရာစုံ ကစားနိုင်တဲ့ တောင်ပံကစားသမား အမျိုးအစားလည်း ဖြစ်ပါတယ်။
ပြောင်းရွှေ့ကြေးကို ကြည့်ခြင်းအားဖြင့် ဂေါ်ဒွန်က အသင်းရဲ့ အရန် အင်အား အတွက် အရည်အသွေး တိုးတက်စေရုံ သာမက ၂၀၂၆-၂၇ ရာသီ ဘာစီလိုနာရဲ့ တိုက်စစ်မှာ ပုံမှန် ပွဲထွက်ခွင့်ရမယ့်သူ အဖြစ်ပါ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် အသက် ၂၅ နှစ် အရွယ် ဒီကစားသမား ရောက်ရှိလာမှုဟာ လာလီဂါ ကလပ်ရဲ့ တခြား ကစားသမားတွေ အပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမည်က အသေအချာပဲ ဖြစ်ပါတယ်။
သေချာတာ ကတော့ ဒီအပြာင်းအရွှေ့ဟာ လက်ရှိ ဘာဆာ ကစားသမား တချို့ရဲ့ အရေးပါမှု အတွက် ခြိမ်းခြောက်ခံလာရပြီလို့ ဆိုရမှာ ဖြစ်ပြီး ဘယ်သူတွေ အတွက် အဓိက အထိသွားနိုင်သလဲ ဆိုတာ ကြည့်ရအောင်ပါ။
၁။ မားကပ်စ် ရက်ရှ်ဖို့ဒ်
ဂေါ်ဒွန် ရောက်ရှိလာမှုကြောင့် အထိနာဆုံး ဖြစ်မယ့်သူက ဘာစီလိုနာမှာ ၂၀၂၅-၂၆ ရာသီက အငှားနဲ့ လာရောက် ကစားခဲ့ပြီး ကက်တလန်မြေကို သူ့ရဲ့ ရေရှည် နေထိုင်ရာ အဖြစ် ဖန်တီးလိုနေတဲ့ အင်္ဂလန် တောင်ပံကစားသမား မားကတ်စ် ရက်ရှ်ဖို့ဒ်ပဲ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ ချုပ်ဆိုခဲ့တဲ့ အငှားစာချုပ်မှာ ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် အချက်အလက် ပါဝင်ခဲ့ပြီး၊ ဘာစီလိုနာအနေဖြင့် ၎င်းကို အပြီးသတ် ခေါ်ယူသင့်၊ မသင့်ကို ကာလရှည်ကြာ ဝေခွဲမရ ဖြစ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာနဲ့ အတူ အောင်မြင်တဲ့ ရာသီ တစ်ခုကို ဖြတ်သန်းခဲ့ပေမယ့်လည်း နည်းပြ ဖလစ်ခ်ရဲ့ နည်းစနစ်ပိုင်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ အပေါ် သံသယတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဘာစီလိုနာ အနေနဲ့ ဂေါ်ဒွန် အတွက် ပေးချေလိုက်ရတဲ့ ပြောင်းရွှေ့ကြေးက ရက်ရှ်ဖို့ဒ် အတွက် ပေးရမယ့် ပမာဏထက် နှစ်ဆကျော် ပိုများပေမယ့်လည်း၊ ကာလရှည် စာချုပ် ဖြစ်တာကြောင့် FFP ဘဏ္ဍာရေး စည်းမျဉ်းတွေ အရ အသုံးစရိတ်မှာ တူညီလုနီးပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ဘာစီလိုနာသည် ရက်ရှ်ဖို့ဒ်ကို အဲဒီလို ရေရှည် စာချုပ်မျိုး ပေးဖို့ ယုံကြည်မှု မရှိတာ သိသာခဲ့ပါတယ်။
ဘယ်၊ ညာ တောင်ပံ နှစ်ဖက်စလုံး အပြင် တိုက်စစ် အထောင်တိုက်စစ် မှာပါ ကစားနိုင်တဲ့ ဂေါ်ဒွန် ရောက်ရှိလာတာကြောင့် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ဝယ်ယူဖို့ ကြိုးပမ်းခြင်းက မလိုအပ်တော့သည့် ကိစ္စတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာက ရက်ရှ်ဖို့ဒ်အပေါ် စိတ်ဝင်စားမှု ရှိနေသေးပေမယ့်လည်း မန်ချက်စတာယူနိုက်တက် ဘက်က ဈေးလျှော့ ဆွေးနွေးဖို့ ဆန္ဒမရှိတာက ရက်ရှ်ဖို့ဒ် ဘာစီလိုနာမှာ ဆက်ရှိနေမယ့် လမ်းကို ပိတ်ပင်လိုက်သလို ဖြစ်စေမှာပါ။
ဘာဆာ ဂျာဆီကို ရေရှည် ဝတ်ဆင်လိုကြောင်း ရက်ရှ်ဖို့ဒ်က လူသိရှင်ကြား ဆန္ဒပြုထားပေမယ့်လည်း ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့က ရက်ရှ်ဖို့ဒ်၏ ဘာစီလိုနာ ဖြတ်သန်းမှုကို အဆုံးသတ်စေဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအခြေအနေက ၂၀၂၆ ကမ္ဘာ့ဖလား အင်္ဂလန် လက်ရွေးစင် အသင်း စခန်းမှာ သူတို့ နှစ်ဦးကြား စိတ်ဝင်စားစရာ အားပြိုင်မှု တစ်ခု ဖြစ်လာစေမှာလည်း အသေအချာပါပဲ။
၂။ ရာဖင်ညာ
ရာဖင်ညာ ကတော့ နည်းပြ ဖလစ်ခ်ရဲ့ ပထမဆုံး နှစ်နှစ်တာ ကာလအတွင်း ဘယ်တောင်ပံနေရာကို စိုးမိုးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂေါ်ဒွန် ရောက်ရှိလာမှုက ဒီနေရာကို ခြိမ်းခြောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ အငှားနဲ့ ရောက်ရှိလာပြီး အရန် အဖြစ်သာ ကစားခွင့် ရဖို့ မျှော်လင့်ထားတာ ဖြစ်ပေမယ့်လည်း ဂေါ်ဒွန် အတွက် ပေးချေလိုက်ရတဲ့ ပြောင်းရွှေ့ကြေးက အရန်ခုံမှာ ထိုင်ခိုင်းထားဖို့ မဟုတ်တာ ရှင်းလင်းနေပါတယ်။
၂၀၂၄-၂၅ ရာသီမှာ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီးနောက်၊ ရာဖင်ညာက ၂၀၂၅-၂၆ ရာသီမှာ ဒဏ်ရာ ပြဿနာတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ဒီလို ခြေစွမ်းမျိုးကို ထပ်မံ မပြသနိုင် ဖြစ်နေပါတယ်။ သူ့ရဲ့ အကောင်းဆုံး ပုံစံမှာ ရာဖင်ညာဟာ ကမ္ဘာ့အကောင်းဆုံး တောင်ပံကစားသမားတွေထဲက တစ်ဦး ဖြစ်တယ် ဆိုတာ ငြင်းစရာ မရှိခဲ့ပေမယ့််လည်း၊ အသက် ၃၀ နား နီးကပ်လာချိန်မှာ ကြံ့ခိုင်မှု ပြဿနာတွေ ဆက်ရှိနေဦးမယ် ဆိုရင် အသစ် ရောက်ရှိလာတဲ့ အင်္ဂလန်သားက သူ့ရဲ့ ဘယ်တောင်ပံ ပွဲထွက်နေရာကို လုယူသွားနိုင်ချေ ရှိနေပါတယ်။

ဒီကစားသမား နှစ်ဦးစလုံးက အရှိန်အဟုန်ကောင်းခြင်း၊ နောက်ခံလူတွေရဲ့ အနောက်ဘက် နေရာလွတ်တွေကို ပြေးဝင်ပြီး အသုံးချတတ်ခြင်း၊ တောင်ပံမှာပဲ မနေဘဲ ကွင်းလယ်ကို ချိုးဝင်ပြီး နောက်ချန် တိုက်စစ်မှူးလိုမျိုး ကစားတတ်ခြင်း စတဲ့ ဆင်တူတဲ့ အရည်အချင်းတွေ ရှိကြပါတယ်။ ဒါ့အပြင် ဘောလုံး မရှိချိန်မှာ အသင်း အတွက် ပြန်လည် ရုန်းကန်ပေးလိုစိတ် (လုပ်အားနှုန်း) မှာလည်း သူတို့ နှစ်ဦးစလုံးရဲ့ အဓိက အရည်အချင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီ နှစ်ခု အတွင်း နီကို ဝီလီယမ်စ် ရောက်ရှိလာနိုင်ချေ ရှိမှုက ရာဖင်ညာရဲ့ နေရာကို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ အခုအခါမှာတော့ ဒီခြိမ်းခြောက်မှုဟာ ဂေါ်ဒွန် ဖြစ်လာခဲ့ပါပြီ။ ရာဖင်ညာရဲ့ ခြေစွမ်း အနည်းငယ် ကျဆင်းသွားတာနဲ့ အသက် ၄ နှစ်လောက် ပိုပြီး ငယ်ရွယ်တဲ့ ဂေါ်ဒွန်ကို အစားထိုးမယ့် အပြောင်းအလဲ အစီအစဉ်က စတင်လာတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ နှစ်ဦးစလုံး ပွဲထွက် ၁၁ ယောက်စာရင်းမှာ တွဲဖက် ပါဝင်နိုင်တဲ့ အခင်းအကျင်းလည်း ရှိနေနိုင်ပြီး၊ ဖြစ်နိုင်ခြေက ရာဖင်ညာက နံပါတ် ၁၀ (ကွင်းလယ် တိုက်စစ်) နေရာမှာ ပြောင်းလဲ ကစားခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို ဖြစ်လာရင်တော့ တခြား ကစားသမားတွေရဲ့ ပွဲကစားခွင့် မိနစ်တွေကို ထိခိုက်စေမှာလည်း ဖြစ်ပါတယ်။
၃။ ဖာမင်း လိုပက်ဇ်နဲ့ ဒန်နီ အော်လမို
အကယ်၍ နည်းပြ ဖလစ်ခ်က ဂေါ်ဒွန်နဲ့ ရာဖင်ညာ နှစ်ဦးစလုံးကို ပွဲထွက်စာရင်းတွင် ထည့်သွင်းပြီး ရာဖင်ညာကို နံပါတ် ၁၀ နေရာမှာ ကစားစေမယ် ဆိုရင်၊ Neurtal ကွင်းလယ် တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဒန်နီ အော်လမိုနဲ့ ဖာမင်း လိုပက်ဇ် တို့က စတေးခံရဖို့ များနေပါတယ်။
သူတို့ နှစ်ဦးက ဖလစ်ခ်ရဲ့ ၄-၂-၃-၁ ကစားကွက်မှာ ဘာစီလိုနာရဲ့ ပွဲထွက် ကွင်းလယ် တိုက်စစ် နေရာ အတွက် ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလမှာ အပြိုင်အဆိုင် ဖြစ်ခဲ့ကြရပြီး၊ ဖလစ်ခ် အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် အသေ မသတ်မှတ်ဘဲ လတ်တလော ခြေစွမ်း အပေါ်မှာသာ အခြေခံပြီး ရွေးချယ်လေ့ ရှိပါတယ်။ အကယ်၍ ရာဖင်ညာ သို့မဟုတ် ဂေါ်ဒွန်သာ ကွင်းလယ် ဗဟိုနေရာကို ယူလိုက်မယ် ဆိုရင်တော့ သူတို့ နှစ်ဦး ကြားက အားပြိုင်မှုသည် ၂၀၂၆-၂၇ ရာသီမစတင်ခင်ကတည်းက ပြီးဆုံးသွားနိုင်ပါတယ်။
ဒါ့အပြင် ၂၀၂၅-၂၆ ရာသီမှာ ဒဏ်ရာ ပြဿနာ များစွာ ရှိခဲ့ချိန်က အော်လမိုနဲ့ ဖာမင်း တို့ဟာ ပွဲထွက် ၁၁ ယောက် စာရင်းမှာ တွဲဖက်ပါဝင်နိုင်ခဲ့ပြီး၊ တစ်ဦးက ဘယ်တောင်ပံမှာ ကစားကာ ကွင်းလယ်ကို လွတ်လပ်စွာ ချိုးဝင် ကစားတဲ့ ပုံစံမျိုးနဲ့ ကစားခဲ့ကြပါတယ်။ ပတ်ဒရီ ဒဏ်ရာရချိန်တွေ မှာလည်း ၄-၃-၃ ကစားကွက်မှာ ကွင်းလယ်လူ နှစ်ဦး ပုံစံမျိုးနဲ့ တွဲဖက် ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ဂေါ်ဒွန် ရောက်ရှိလာခြင်း ကတော့ သူတို့ နှစ်ဦးကို ပွဲထွက် စာရင်းမှာ အတူတူ မြင်တွေ့ရနိုင်ခြေ နည်းသွားပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
၄။ ဖာရန် တောရက်စ်
ဂေါ်ဒွန်ဟာ နယူးကာဆယ် အသင်းရဲ့ နောက်ဆုံး ရာသီမှာ အထောင် တိုက်စစ်မှူး အဖြစ် ပွဲစဉ် အတော်များများ ကစားခဲ့ဖူးပါတယ်။ ရောဘတ် လီဝမ်ဒေါစကီး အသင်း ကနေ ထွက်ခွာသွားချိန်မှာ ဂေါ်ဒွန်က သူ့ရဲ့နေရာကို အစားထိုး ဝင်ရောက်နိုင်စွမ်း ရှိပြီး၊ ဒါဟာ ဖာရန်း တောရက်စ် အတွက် အထိနာစရာ ဖြစ်လာစေပါတယ်။
ဖာရန်းက ရာသီကုန်ခါနီးမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ၂၀၂၆ ခုနှစ် အတွင်း ရက်သတ္တပတ် အနည်းငယ်လောက် ဂိုးပေါက် ပျောက်ဆုံးတဲ့ ဒဏ်ကိုလည်း ခံစားခဲ့ရပါတယ်။ ဘာစီလိုနာဟာ သူ့ကို အဓိက တိုက်စစ်မှူး အဖြစ် ထားရှိဖို့ တွန့်ဆုတ်နေပုံရပြီး၊ တခြား အဓိက တိုက်စစ်မှူး တစ်ဦးကို ပံ့ပိုးပေးရမယ့် အရန်တိုက်စစ်မှူး (Super-sub) အဖြစ်သာ ဆက်လက်ထားရှိလိုပုံ ရနေပါတယ်။
ဂေါ်ဒွန်ဟာ လီဝမ်ဒေါစကီးလို ဂန္ထဝင် တိုက်စစ်မှူးမျိုး မဟုတ်ပေမယ့်လည်း သူ့ကို အထောင် တိုက်စစ်မှူး အဖြစ် ထားကာ ဘေးတောင်ပံတွေမှာ ရာဖင်ညာနဲ့ လာမင်း ယာမားလ် တို့ကို တွဲဖက်ပြီး၊ ကွင်းလယ်မှာ အော်လမို သို့မဟုတ် ဖာမင်းကို နေရာပေးမယ့် တိုက်စစ် အတွဲအဖက်ကို မြင်တွေ့ရဖို့တော့ မခက်ပါဘူး။ ဒီလို ဖြစ်လာရင်တော့ ဖာရန်းက အသင်းရဲ့ ပင်မ တိုက်စစ်မှူး ဖြစ်လာမယ့် အခွင့်အရေးကို လက်လွတ်ရပြီး အရန် ကစားသမား အဖြစ်သို့ ပြန်လည် ရောက်ရှိသွားမှာ ဖြစ်ပါတယ်။
အကယ်၍ ဘာစီလိုနာ အနေနဲ့ ဂျူလီယန် အဲ့လ်ဗာရက်ဇ် သို့မဟုတ် တခြား ကမ္ဘာ့အဆင့်မြင့် တိုက်စစ်မှူး တစ်ဦးဦး ကိုပါ ထပ်မံခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ ဖာရန် တောရက်စ်ရဲ့ အခြေအနေက အခုထက် ပိုမိုဆိုးရွားသွားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


