နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အန်သိုနီ ဂေါ်ဒွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တဲ့ ဘာစီလိုနာ

လာလီဂါ ကလပ် ဘာစီလိုနာ ကတော့ နယူးကာဆယ် ကြယ်ပွင့် အန်သိုနီ ဂေါ်ဒွန် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဒီအင်္ဂလန် လက်ရွေးစင် ကစားသမားက နည်းပြ ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ ဈေးအကြီးဆုံး ခေါ်ယူမှု ဖြစ်လာဖို့ ရှိနေပါတယ်။

နယူးကာဆယ်ယူနိုက်တက်နဲ့ ဘာစီလိုနာ တို့ဟာ တိုက်စစ်မှူး အန်သိုနီ ဂေါ်ဒွန်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရရှိခဲ့ကြပြီး ကစားသမားက ကတ်တာလိုးနီးယာမှာ ဆေးစစ်မှု ခံယူဖို့ ရှိနေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ လက်ရှိ လာလီဂါ ချန်ပီယံ ဘာစီလိုနာက ဒီအင်္ဂလန် ကစားသမားကို ခေါ်ယူဖို့ ဘေယန်မြူးနစ်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် အမြဲတမ်း စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့်လည်း အားကစားဒါရိုက်တာ ဒေကို အင်္ဂလန်သို့ သွားရောက်စဉ် ဂေါ်ဒွန်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဘာစီလိုနာက ခြေလှမ်း ခပ်သွက်သွက်နဲ့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘာစီလိုနာက အသက် ၂၅ နှစ် အရွယ် ကစားသမား အတွက် အပိုဆုကြေးတွေ အပါအဝင် ယူရို သန်း ၈၀ (ပေါင် ၆၉.၃ သန်း) နဲ့ ကနဦး ကမ်းလှမ်းမှုကို နယူးကာဆယ် ဘက်က လက်ခံလိုက်ပြီ ဖြစ်ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဂေါ်ဒွန် ကိုယ်တိုင် ကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေကို သဘောတူခဲ့ပြီး ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ကို ကိုယ်စားပြုမယ့် ဒီတိုက်စစ်မှူးက ၂၀၂၃ ခုနှစ် ဇန်နဝါရီ မှာ အဲဗာတန် ကနေ နယူးကာဆယ်ကို ပြောင်းရွှေ့လာပြီး နောက်ပိုင်း ငှက်ကြားတို့ အတွက် ၁၅၂ ပွဲ ကစားပေးကာ ၃၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နယူးကာဆယ်က ဂေါ်ဒွန် အတွက် အဲဗာတန်ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ပေးချေခဲ့ရပေမယ့်လည်း အခုအခါ သူ့ကို မြောက်မြားစွာသော အမြတ်အစွန်းနဲ့ ပြန်လည် ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂေါ်ဒွန် အနေနဲ့ နူးကမ့်ပ်ဆီ ပြောင်းရွှေ့တော့မယ့် အခြေအနေဟာ ဘာစီလိုနာ အနေနဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ (ပေါင် ၂၆ သန်း) နဲ့ အပြီးသတ် ဝယ်ယူခွင့် ရှိတဲ့ အချက်ကို ဆက်လက် အသက်သွင်းတော့မှာ မဟုတ်ဘဲ ဒီနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ဆီ ပြန်လည် စေလွှတ်ဖို့ သေချာသလောက် ရှိသွားပါတယ်။

 

ဘာစီလိုနာမှာ ဂေါ်ဒွန် ဘယ်လိုမျိုး အံဝင်ခွင်ကျ ဖြစ်လာနိုင်သလဲ

လာလီဂါ ကလပ်ဟာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ထွက်ခွာသွားပြီးနောက် ဒီနွေရာသီမှာ သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ အမြဲတစေ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။
အထောင် တိုက်စစ်မှူး တစ်ဦး မဖြစ်မနေ ခေါ်ယူရဦးမယ့် ဘာစီလိုနာ

လာလီဂါ ကလပ်ဟာ တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ထွက်ခွာသွားပြီးနောက် ဒီနွေရာသီမှာ သူတို့ရဲ့ တိုက်စစ်ကို အားဖြည့်ဖို့ အမြဲတစေ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။

ဟူလီယန် အဲလ်ဗာရက်ဇ်၊ ယာအို ပတ်ဒရို နဲ့ အိုမာ မာမွတ်ရှ် တို့လို ကစားသမားတွေဟာလည်း လာလီဂါ ထိပ်သီး ကလပ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း မကြာခင်ကပဲ ဂေါ်ဒွန်က အဓိက ရေပန်းအစားဆုံး ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အသက် ၂၅ နှစ် အရွယ် ဂေါ်ဒွန်က တခြား ရွေးချယ်စရာ ကစားသမားတွေနဲ့ မတူဘဲ လီဝမ်ဒေါစကီးရဲ့ နေရာကို တိုက်ရိုက် ဆက်ခံမယ့် အထိုင် တိုက်စစ်မှူးစစ်စစ် တစ်ဦးတော့ မဟုတ်ပါဘူး။ ဂေါ်ဒွန်က လက်ရှိမှာ ရာဖင်ညာ ကစားနေတဲ့ ဘယ်တောင်ပံနေရာမှာ ကစားရတာကို အနှစ်သက်ဆုံး ဖြစ်ပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့ အခင်းအကျင်း တစ်ခုက ဂေါ်ဒွန်ဟာ ဘရာဇီးလ် ကစားသမား ရာဖင်ညာဆီ ဘယ်တောင်ပံနေရာကို လွှဲပြောင်းရယူပြီး၊ ရာဖင်ညာ ကိုတော့ သူအကောင်းဆုံး ခြေစွမ်းပြနိုင်တဲ့ နံပါတ် ၁၀ နေရာကို ရွှေ့ပြောင်း ကစားစေဖို့ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဖြစ်လာရင် ဘာစီလိုနာ အနေနဲ့ အထောင် တိုက်စစ်မှူး တစ်ဦး လိုအပ်နေဦးမှာ ဖြစ်ပြီး ဂေါ်ဒွန် အတွက် ငွေကြေးအမြောက်အမြား သုံးစွဲထားရတာအပြင် သူတို့ရဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ အကန့်အသတ်တွေ ရှိလာနိုင်ပါတယ်။

တခြား တစ်ဖက် မှာလည်း နည်းပြ ဖလစ်ခ် အနေဖြင့် ဂေါ်ဒွန်ကို အထောင် တိုက်စစ်မှူး နံပါတ် ၉ နေရာမှာ ထားရှိပြီး၊ ဘယ်တောင်ပံကို ရာဖင်ညာကို ဆက်လက် တာဝန်ပေးကာ နံပါတ် ၁၀ နေရာ ကိုတော့ ဖာမင်း လိုပက်ဇ် သို့မဟုတ် ဒန်နီ အော်လမို တို့ကို ကစားစေနိုင်မှာ ဖြစ်ပါတယ်။ ဒီအင်္ဂလန် လက်ရွေးစင် ကစားသမားက ရှေ့တန်း တိုက်စစ်ကို ဦးဆောင်ရတဲ့ အတွေ့အကြုံနဲ့ အစိမ်းသက်သက် မဟုတ်ပေမယ့်လည်း ၂၀၂၆-၂၇ ရာသီအစမှာ အသင်းသစ်၊ လိဂ်အသစ်နဲ့ သူ့ အတွက် ဒုတိယ အကောင်းဆုံး ဖြစ်တဲ့ ကစားကွက် နေရာသစ် တို့မှာ အသားကျဖို့ အတွက်မူ အချိန်အတိုင်းအတာတစ်ခု အထိ သင်ယူ ရုန်းကန်ရဦးမှာ အသေအချာပဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်