ဘာစီလိုနာ ကတော့ ညက ပွဲမှာ အက်သလက်တစ် ဘီလ်ဘာအိုကို ၁-၀ နဲ့ အနိုင်ရပြီး လာလီဂါ အမှတ်ပေးဇယားကို ၄ မှတ် အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာ ဘာစီလိုနာတို့ ခက်ခက်ခဲခဲ ကစားရပြီး အနိုင်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ရပါတယ်။ အဓိက ကတော့ ကြားရက်က ဘာစီလိုနာတို့ အက်တလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့ရတာကြောင့် ပွဲပန်းမှုဒဏ်တွေကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ လှပတဲ့ သွင်းဂိုးနဲ့ ဂိုးသမား ယိုအန် ဂါစီယာရဲ့ လက်စွမ်းပြတွေက ဘာစီလိုနာကို လာလီဂါ အဖိုးတန် ၃ မှတ် ရရှိစေခဲ့တာ ဖြစ်ပါတယ်။
၁။ ပက်ဒရီ မပါရင် ဘာမှမလုပ်တတ်တဲ့ ဘာစီလိုနာ
ဟန်ဆီ ဖလစ်ခ်ဟာ ပထမပိုင်းမှာ ပက်ဒရီကို အရန်ခုံထိုင်ခိုင်းခဲ့ပြီး ဘာစီလိုနာဟာ ဂိုးကန်ချက် ၂ ကြိမ်သာ ရှိခဲ့ပြီး ဂိုးရရှိနိုင်ခြေ (xG) ၀.၀၅ သာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပက်ဒရီ လူစားဝင်လာပြီးနောက် ပွဲက လုံးဝ ပြောင်းလဲသွားခဲ့ပါတယ်။ ပွဲချိန် ၄၇ မိနစ် မှာပဲ အသင်းရဲ့ (xG) မှာ သုံးဆကျော် မြင့်တက်လာခဲ့ပါတယ်။ ပက်ဒရီဟာ အသင်း အတွက် ဘောလုံးစီးဆင်းမှုကို ပိုမိုမြန်ဆန်စေသလို တိုက်စစ်ကို ပိုမိုထက်မြက်စေသူ ဖြစ်ပါတယ်။ ယာမယ်ရဲ့ အနိုင်ဂိုး ကလည်း ပက်ဒရီရဲ့ အကွက်မြင်မြင် ပေးပို့မှုက တစ်ဆင့် စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘာစီလိုနာ အနေနဲ့ ချန်ပီယံလိဂ်နဲ့ လာလီဂါမှာ အောင်မြင်မှု ရချင်ရင်တော့ ပတ်ဒရီ ဒဏ်ရာ ကင်းစင်နေဖို့ အလွန် အရေးကြီးပါတယ်။
၂။ ယိုအန် ဂါစီယာ စပိန် လက်ရွေးစင်အသင်းမှာ ပါဝင်သင့်ပြီလား

ဂိုးသမား ယိုအန် ဂါစီယာသာ လက်စွမ်းမပြခဲ့ရင် ဘာစီလိုနာတို့ ရှုံးနိမ့်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ သူဟာ ဒီနေ့ပွဲမှာ အနီးကပ် ကန်ချက် ၃ ကြိမ်ကို အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။ စပိန် လက်ရွေးစင် ဂိုးသမား အူနိုင်း ဆီမွန်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရသည့် ဒီပွဲမှာ ဂါစီယာဟာ စပိန် အသင်းရဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေ အတွက် ခေါ်ယူခြင်း ခံရဖို့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲတချို့မှာ အမှားအယွင်း တချို့ ရှိခဲ့ပေမယ့်လည်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ အထိ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
၃။ ဗဟိုနောက်ခံလူ အဖြစ် အောင်မြင်စွာ ပြောင်းလဲ ကစားနိုင်ခဲ့တဲ့ ဂျရတ် မာတင်
ဟန်ဆီ ဖလစ်ခ်ဟာ အသင်းရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ဘယ်နောက်ခံလူ ဂျရတ် မာတင်ကို ဗဟိုနောက်ခံလူ အဖြစ် အသုံးပြုခဲ့ရပါတယ်။ မာတင်ဟာ ပါအူ ကူဘာဆီနဲ့ အတူ အတွဲအဖက်မိမိနဲ့ ဘီလ်ဘာအိုရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါတယ်။ သူဟာ ခံစစ် အစွန်မှာ ကစားရင် အားနည်းချက် ရှိပေမယ့်လည်း ဗဟိုနောက်ခံလူ အဖြစ် ကစားရင်တော့ ၎င်းရဲ့ ကြံ့ခိုင်မှုနဲ့ ခပ်ကြမ်းကြမ်း ဖျတ်ထုတ်နိုင်မှုကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပါတယ်။ လက်ရှိ ဖလစ်ခ်ရဲ့ မျက်စိထဲ မှာတော့ ဂျရတ် မာတင်က ယုံကြည်စိတ်ချရတဲ့ ဗဟိုနောက်ခံလူ တစ်ဦး အဖြစ် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
၄။ ယာမယ် အပေါ် အလွန်အကျွံ မှီခိုလာတဲ့ ဘာစီလိုနာ
အသက် ၁၈ နှစ် အရွယ် လာမင်း ယာမယ်က ဘာစီလိုနာ အတွက် အရေးပါတဲ့ ဂိုးတွေ ဆက်တိုက် သွင်းယူပေးနေပေမယ့်လည်း ၎င်းဟာ တခြား တိုက်စစ် ကစားသမားတွေရဲ့ ခြေစွမ်း ကျဆင်းမှုကို ဖုံးကွယ်ပေးထားသလို ဖြစ်နေပါတယ်။ ရာဖင်ညာ၊ လီဝမ်ဒေါစကီးနဲ့ ဖာရန်း တောရက်စ် တို့ဟာ ဖေဖော်ဝါရီလ အတွင်း ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ယာမယ် ကသာ ပြီးခဲ့တဲ့ ၃ ပွဲမှာ ဟက်ထရစ် တစ်ကြိမ် အပါအဝင် အရေးပါတဲ့ ဂိုးနှင့်နဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ အသင်းရဲ့ အောင်မြင်မှု အတွက် တခြား တိုက်စစ်မှူးတွေ ခြေစွမ်း ပြန်တက်လာဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


