နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံး ကလပ် အဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံး ကလပ်တွေ အဖြစ် လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ Deloitte ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ကလပ် အဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ဝင်ငွေဟာ ၁.၁၆၁ ဘီလီယံ အထိကို ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

ဒုတိယနေရာမှာ ရှိနေတဲ့ ဘာစီလိုနာ ကတော့ ဝင်ငွေ ယူရို ၉၇၄.၈ သန်း ရှိနေပြီး ဂျာမန် ထိပ်သီး ကလပ် ဘေယန်မြူးနစ် ကတော့ ဝင်ငွေ ယူရို သန်း ၈၆၀ နဲ့ အတူ တတိယနေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ယခင်က ဝင်ငွေ အကောင်းဆုံး ကလပ် တစ်ခု ဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိမှာ အဆင့် ၈ နေရာ အထိ ကျဆင်းသွားခဲ့ပြီး ဒါဟာ သူတို့ အတွက် အဆိုးရွားဆုံး ရပ်တည်မှုလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိမှာ ဝင်ငွေ ယူရို ၇၉၃.၁ သန်းသာ ရရှိပြီး ပြီးခဲ့တဲ့ နှစ်ကထက် အဆင့် ၄ ဆင့် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ 

အဓိက ကတော့ ယူနိုက်တက်ဟာ ဥရောပပြိုင်ပွဲ မကစားရတာကြောင့် ဝင်ငွေတွေ သိသိသာသာ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဒီရာသီ ပြည်တွင်း ပြိုင်ပွဲ နှစ်ခု ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြန်တာကြောင့် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေကိုပဲ ကစားရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ တစ်ရာသီလုံးမှ ပွဲ ၄၀ သာ ကစားရဖို့ ရှိပြီး ဒါဟာ ပထမကမ္ဘာစစ်ကြောင့် ဖလား ပွဲစဉ်တွေ မရှိခဲ့တဲ့ ၁၉၁၄-၁၉၁၅ ဘောလုံးရာသီ နောက်ပိုင်း ယူနိုက်တက်ရဲ့ အတိုတောင်းဆုံး ဘောလုံးရာသီလည်း ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ တရာသီ အတွင်း ၄၅ ပွဲ ဒါမှမဟုတ် အဲဒီထက် နည်းတဲ့ ပွဲအရေအတွက်နဲ့ ကစားခဲ့ရတဲ့ နောက်ဆုံး အချိန်က လွန်ခဲ့တဲ့ ၁၁ နှစ်က ဖြစ်ပါတယ်။ 

တခြားသော ဝင်ငွေအကောင်းဆုံး ဘောလုံး အသင်း ၁၀ သင်း စာရင်း မှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ စပါးနဲ့ ချဲလ်ဆီးတို့ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံး အသင်း ၁၀ သင်း စာရင်းမှာ အဆင့် ၈ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်

ယူနိုက်တက်ရဲ့ အခြေအနေနဲ့ ပတ်သတ်လို့ Deloitte ရဲ့ အားကစား စီးပွားရေး အဖွဲ့ခေါင်းဆောင် တင်မ် ဘရစ်ချ်က အခုလိုပဲ ရှင်းပြလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ အချိန်ထိ အကြီးမားဆုံး ဘောလုံး ကလပ် အမှတ်တံဆိပ် အဖြစ် ရှိနေဆဲ ဖြစ်ပြီး ပြန်လည် ဦးမော့လာဖို့ အတွက် အခွင့်အရေး ရှိနေဆဲ ဖြစ်ကြောင်း တင်မ် ဘရစ်ချ်က ဆိုပါတယ်။

ဒါပေမယ့်လည်း အဲဒီလိုလုပ်ဆောင်ဖို့ အတွက် ရည်ရွယ်ချက်နဲ့ ကိုက်ညီတဲ့ အဆောက်အအုံတွေ လိုအပ်ကြောင်း ယူနိုက်တက်က အားကစားကွင်းသစ် စတင် တည်ဆောက်ဖို့ ရှိနေကြောင်း အဲဒီလို ပြောင်းလဲမှုတွေ လုပ်နိုင်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ထက် နောက်ကျနေပေမယ့် အခွင့်အရေးတွေ ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ ဝင်ငွေ အကောင်းဆုံး အဖြစ် လစ်ဗာပူးလ်က ယူရို ၈၃၆.၁ သန်းနဲ့ အဆင့် ၅ နေရာမှာ ရှိနေခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာကြောင့် ဝင်ငွေ အကောင်းဆုံး ဖြစ်လာပြီး ယူရို ၈၃၇ သန်း ဝင်ငွေ ရှိနေတဲ့ ပီအက်စ်ဂျီရဲ့ အောက်မှာ ရပ်တည်နေပါတယ်။ 

တခြားသော ဝင်ငွေအကောင်းဆုံး ဘောလုံး အသင်း ၁၀ သင်း စာရင်း မှာတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာစီးတီး၊ အာဆင်နယ်၊ စပါးနဲ့ ချဲလ်ဆီးတို့ ပါဝင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်