နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စပါးရဲ့ လက်ကျန် ပွဲစဉ်တွေနဲ့ ကမ္ဘာ့ဖလားကို လွဲချော်ရတော့မည့် ဇာဗီ ဆီမွန်

တော့တင်ဟမ်ဟော့စပါးရဲ့ တန်းမဆင်းရရေး တိုက်ပွဲ အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေတဲ့ ဇာဗီ ဆီမွန် တစ်ယောက် ရာသီကုန်အထိ လက်ကျန် ပွဲစဉ် အားလုံးကို ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ နယ်သာလန်သားဟာ ဒူးအရွတ် စုတ်ပြဲ (ACL) ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ အပြင် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့လည်း လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဝုဗ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဒုတိယပိုင်းမှာ ဆီမွန် တစ်ယောက် ပြိုင်ဘက် ကစားသမား ဟူဂို ဘူအေနိုနဲ့ ထိခိုက်မိပြီးနောက် လူနာတင် ခုတင်နဲ့ ကွင်းပြင်သို့ သယ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။ နယ်သာလန် လက်ရွေးစင် ဆီမွန်ဟာ ကနဦးမှာ မတ်တပ် ပြန်ရပ်နိုင်ခဲ့ပေမယ့်လည်း နောက်တစ်ကြိမ် ထပ်မံ လဲကျသွားခဲ့တာကြောင့် ပွဲကစားချိန် ၆၃ မိနစ်မှာ လူးကပ်စ် ဘက်ဂျ်ဗဲလ်နဲ့ လူစားလဲခဲ့ရပါတယ်။

စပါး အသင်းက တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဆီမွန်ဟာ ဒူးဒဏ်ရာ ပြင်းထန်တာကြောင့် လာမယ့် သီတင်းပတ်တွေ အတွင်း ခွဲစိတ်မှု ခံယူရမှာ ဖြစ်ပြီး ၂၀၂၇ ခုနှစ် ရောက်မှသာ ကွင်းအတွင်း ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒဏ်ရာသတင်း အတည်ပြုပြီးနောက် ဆီမွန်က သူ့ရဲ့ Instagram စာမျက်နှာကနေ အခုလို ရေးသားခဲ့ပါတယ်။ “ဘဝက ရက်စက်တတ်တယ်လို့ ပြောကြတယ်။ ဒီနေ့တော့ အဲဒီအတိုင်း တကယ် ခံစားနေရပါတယ်။ ကျွန်တော့်ရဲ့ ရာသီ ကတော့ ရုတ်တရက်ကြီး ပြီးဆုံးသွားခဲ့ပါပြီ။ အမှန်အတိုင်း ပြောရရင် နှလုံးကြေကွဲရပါတယ်။ ကျွန်တော့် အသင်း အတွက် တိုက်ပွဲဝင်ပေးချင်ပေမယ့် အခုတော့ အဲဒီအခွင့်အရေးရော၊ ကမ္ဘာ့ဖလား ကစားခွင့်ပါ လုယူခံလိုက်ရပါပြီ။” လို့ ဆိုပါတယ်။

ဆီမွန်ဟာ ဇွန်လ ၁၄ ရက်နေ့မှာ စတင် ကစားမယ့် ကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။
ဒီရာသီမှာ ကစားသမား အများအပြားကို ဒဏ်ရာပြသနာတွေကြောင့် လက်လွှတ်ထားရတဲ့ စပါး

၎င်းက ဆက်လက်ပြီး “ဒါကို လက်ခံနိုင်ဖို့ အချိန်ယူရဦးမှာပါ။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းဖော်ကောင်း တစ်ယောက် အဖြစ် ဆက်ရှိနေမှာ ဖြစ်သလို၊ ကျွန်တော်တို့ အားလုံး ဒီတန်းဆင်းဇုန် တိုက်ပွဲကို အတူတူ အောင်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ယုံကြည်ချက်၊ ကြံ့ခိုင်မှုတွေနဲ့ အတူ ကွင်းထဲ ပြန်ဝင်နိုင်မယ့် ရက်တွေကို စောင့်မျှော်နေပါ့မယ်။” လို့ ဝမ်းနည်းစွာနဲ့ ဖွင့်ဟခဲ့ပါတယ်။

ဝုဗ်ကို ပါလ်ဟင်ဟာရဲ့ နောက်ကျ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းက အဲဗာတန်ကို အနိုင်ရခဲ့တာကြောင့် စပါးဟာ တန်းဆင်းဇုန် အတွင်း မှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်းက တန်းဆင်းဖို့ ၅၉ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပါသေးတယ်။

ဆီမွန်ဟာ ဇွန်လ ၁၄ ရက်နေ့မှာ စတင် ကစားမယ့် ကမ္ဘာ့ဖလား အုပ်စု (F) ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။ နယ်သာလန်ဟာ ဂျပန်၊ ဆွီဒင်၊ တူနီးရှား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ပွဲကြပ်နေပါတယ်။ ဆီမွန်ဟာ ပြီးခဲ့တဲ့ နှစ်က လိုက်ပ်ဇစ် ကနေ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာပြီးနောက် ခြေစွမ်းပိုင်း ဝေဖန်ခံနေရပေမယ့်လည်း၊ ဒီရာသီမှာ ၅ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီး (စုစုပေါင်း ၁၁ ဂိုး ပါဝင်ပတ်သက်ထား) ပြုလုပ်ထားနိုင်သူ ဖြစ်သည်။ သူဟာ ရစ်ချာလီဆင် (၁၅ ဂိုး ပါဝင် ပတ်သက်မှု) ပြီးရင် စပါးရဲ့ ဒုတိယမြောက် အားကိုးရဆုံး ကစားသမား ဖြစ်နေတာကြောင့် သူ့ရဲ့ ဒဏ်ရာဟာ စပါး အတွက် အကြီးမားဆုံး ဆုံးရှုံးမှု တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ ဇာဗီ ဆီမွန် အပြင် ရိုဒရီဂို (ဒူးဒဏ်ရာ)၊ အီဒါ မီလီတာအိုနဲ့ အက်စတီဗာအို (တံကောက်ကြော)၊ ဆာ့ဂျ် ဂနာဘရီ၊ ဟူဂို အစ်ကီတီကေး၊ မီနာမီနို တို့ လွဲချော်တော့ဖို့ ရှိနေပါတယ်။ အဓိက ကတော့ နောက်ပိုင်း နှစ်တွေအတွင်း ကစားရတဲ့ ပွဲအရည်အတွက် များပြားလာခြင်းနဲ့ အတူ ကစားသမားတွေ တော်တော်များများလည်း မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတော့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်