ဘယ်လ်ဂျီယံ – အီရန်
၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (G) အခြေအနေ ကတော့ တကယ့်ကို ရင်ခုန်စရာ ကောင်းနေပါပြီ။ ပထမပွဲစဉ်အပြီးမှာ အုပ်စုထဲက လေးသင်းစလုံးဟာ ၁ မှတ်စီနဲ့ တန်းတူ ဖြစ်နေတာကြောင့် ဘယ်လ်ဂျီယံနဲ့ အီရန် တို့ရဲ့ ပွဲစဉ်ဟာ နောက်တစ်ဆင့် တက်ရေး အတွက် အဆုံးအဖြတ် ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ အနိုင်ရတဲ့ အသင်းက နောက်တစ်ဆင့် အတွက် ခြေတစ်လှမ်း အသာရသွားမှာ ဖြစ်သလို၊ ရှုံးတဲ့ အသင်း ကတော့ ပြိုင်ပွဲကနေ စောစောစီးစီး နှုတ်ဆက်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မှာပါ။
ဘယ်လ်ဂျီယံ
“ ရွှေရောင်မျိုးဆက်” ရဲ့ လက်ကျန် ကြယ်ပွင့်တွေနဲ့ အားဖြည့်ထားတဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ်မှာ အီဂျစ်နဲ့ ၁-၁ သရေကျခဲ့ပြီး ပရိသတ်တွေကို စိတ်ကျေနပ်မှု မပေးနိုင်ခဲ့ပါဘူး။ ပွဲအစမှာ အီဂျစ် ကစားသမား အီမမ် အာရှာရဲ့ လှပတဲ့ ကန်ချက်နဲ့ ဦးဆောင်ဂိုး ပေးလိုက်ရပြီးတဲ့နောက်၊ ဘယ်လ်ဂျီယံ တို့ဟာ ဝါရင့်တိုက်စစ်မှူး ရိုမီလူ လူကာကူကို လူစားလဲဝင်ရောက်စေခဲ့ပြီး သူကပဲ ဖိအားပေးရာ ကနေ အီဂျစ် နောက်ခံလူ မိုဟာမက် ဟာနီ ကိုယ့်ဂိုးကိုယ် သွင်းမိစေခဲ့လို့ သရေတစ်မှတ် ရခဲ့တာပါ။ ဒါပေမယ့် အချက်အလက်တွေအရ ဘယ်လ်ဂျီယံ အသင်းဟာ အရင်က ကမ္ဘာ့ဖလား ၁၃ ပွဲမှာ ၁၁ ပွဲ အထိ နိုင်ခဲ့ဖူးပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၃ ပွဲ စလုံး မှာတော့ နိုင်ပွဲ လုံးဝ ပျောက်ဆုံးနေပါတယ်။ ဒါကြောင့် အသင်းရဲ့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာတယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
ရုန်းကန်နေရပေမယ့် နည်းပြ ရူဒီ ဂါစီယာရဲ့ ဘယ်လ်ဂျီယံ အသင်းဟာ ဖီဖာကမ္ဘာ့အဆင့် (၉) နေရာမှာ ရှိနေဆဲ ဖြစ်ပြီး၊ ခြေစစ်ပွဲတုန်း ကလည်း ၂၄ မှတ်မှာ ၁၈ မှတ်အထိ ရယူကာ သွင်းဂိုး ၂၉ ဂိုး၊ ပေးဂိုး ၇ ဂိုးတည်းနဲ့ အုပ်စုပထမ ရခဲ့တာပါ။ အသင်းမှာ ရှိနေတဲ့ ကစားသမားကောင်းတွေရဲ့ အရည်အသွေးကြောင့်ရော၊ နောက်ထပ် ကစားရမယ့် ၂ ပွဲက အီရန်နဲ့ နယူးဇီလန် တို့လို အားနည်းတဲ့ အသင်းတွေ ဖြစ်နေတာကြောင့်ပါ ဘယ်လ်ဂျီယံတို့ နောက်တစ်ဆင့် တက်လိမ့်မယ်လို့ လူအများက မျှော်လင့်နေကြဆဲ ဖြစ်ပါတယ်။
အီရန်
သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်အထိ လာပြိုင်ဖူးပေမယ့် အုပ်စု အဆင့်ကို တစ်ခါမှ မကျော်ဖူးတဲ့ အီရန် အသင်း ကတော့ ကွင်းပြင်ပ ပြဿနာပေါင်းစုံကြား ကနေပဲ ရုန်းကန်နေရတာပါ။ နည်းပြ အာမီယာ ဂါလန်နွိုင်ရဲ့ အီရန် အသင်းဟာ နယူးဇီလန်နဲ့ အဖွင့်ပွဲစဉ်တုန်းက ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ရာမင် ရီဇာအီယန်နဲ့ မိုဟာမက် မာဟီဘီ တို့ရဲ့ ချေပဂိုးတွေကြောင့် အဖိုးတန် ၁ မှတ်ကို စိတ်ဓာတ်ပြင်းပြစွာနဲ့ အရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စာရွက်ပေါ်က အခြေအနေအရတော့ နယူးဇီလန် ပွဲက သူတို့ အတွက် အနိုင်ရဖို့ အလွယ်ကူဆုံးပွဲ ဖြစ်ခဲ့တာပါ။
အထူးသဖြင့် အိမ်ရှင် အမေရိကန်နိုင်ငံနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အီရန် အသင်းရဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ဟာ လပေါင်းများစွာ မရေမရာ ဖြစ်ခဲ့ရပြီးမှ အခုလို ကစားခွင့်ရတာကြောင့် သူတို့ အတွက်တော့ ပွဲထွက်ခွင့်ရတာတင် တော်တော်လေး စိတ်သက်သာရာရစရာ ဖြစ်ခဲ့ပါတယ်။ ဖီဖာနဲ့ ညှိနှိုင်းထားတဲ့ သဘောတူညီချက်အရ အီရန် အသင်းဟာ အမေရိကန်မြေပေါ်မှာ ညအိပ် တည်းခိုခွင့် မရှိတာကြောင့် ပွဲအပြီးမှာ မက္ကဆီကို နိုင်ငံ၊ တီဟွာနာမြို့က သူတို့ရဲ့ စခန်းဆီကို ချက်ချင်းပြန်ပြီး လာမယ့် ဘယ်လ်ဂျီယံပွဲ အတွက် ပြင်ဆင်ခဲ့ရတာ ကလည်း ထူးခြားချက် တစ်ခုပါ။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဘယ်လ်ဂျီယံ – ကော့တွာစ်၊ မူနီယာ၊ အန်ဂွိုင်း၊ မီချယ်လီ၊ ဒီကူ့ပါး၊ အိုနာနာ၊ တေးလီမန့်စ်၊ ထရော့ဆက်ဒ်၊ ဒီဘရွန်းနား၊ ဒိုကု၊ ဒီကတ်တယ်လာရီ
အီရန် – ဘိုင်ရန်ဗန်၊ ရေဇာအီယန်၊ ခါလီလ်ဇာဒါ၊ နေမာတီ၊ မိုဟာမက်ဒီ၊ မိုဟက်ဘီ၊ အီဇာတိုလာဟီ၊ ဂိုဒို့စ်၊ ဂါယေဒီ၊ တာရီမီ၊ မိုဂန်လူ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒါဟာ ဒီနှစ်သင်းရဲ့ သမိုင်းတစ်လျှောက် အဓိက ပြိုင်ပွဲကြီး အဆင့်မှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး သမိုင်းကြောင်း မှတ်တမ်းတွေ အရတော့ အီရန်တို့ အခြေအနေ မကောင်းပါဘူး။ အီရန် အသင်းဟာ ကမ္ဘာ့ဖလား ပွဲစဉ်ပေါင်း ၁၉ ပွဲ ကစားခဲ့ရာမှာ ၃ ပွဲသာ အနိုင်ရဖူးပြီး၊ ဥရောပ အသင်းတွေနဲ့ ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၇ ပွဲ အထိ ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုး ရှိနေပါတယ်။ ဒါကြောင့်မို့လို့ လာမယ့် တနင်္ဂနွေနေ့ပွဲစဉ်ဟာ အကျပ်အတည်းကြားက ရုန်းထွက်ပြီး ခြေစွမ်းပြချင်နေတဲ့ ဘယ်လ်ဂျီယံနဲ့၊ ပြဿနာပေါင်းစုံကြား ကနေ သမိုင်းသစ် ရေးထိုးချင်တဲ့ အာရှ အင်အားကြီး အီရန်တို့ရဲ့ အကြိတ်အနယ် ရှိမယ့် ပွဲကောင်း တစ်ပွဲ ဖြစ်လာမှာ သေချာပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘယ်လ်ဂျီယံ နိုင်ရင် ၁.၄၃ ဆ၊ အီရန် နိုင်ရင် ၇.၃၀ ဆ၊ သရေ ဆိုရင်တော့ ၄.၄၂ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဘယ်လ်ဂျီယံ ဘက်ကပဲ ကြေးဖွင့်ထားပြီးတော့ ဂိုးပေါင်းကြေး ကတော့ ၄ မျိုး အထိ ဖွင့်လှစ်ထားပါတယ်။ အီရန်ဟာ အဆိပ်ရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လ်ဂျီယံတို့ အီဂျစ်နဲ့ ပွဲက ခြေအတိုင်း ပေါ့ဆမှုတွေ အားနည်းချက်တွေ ရှိနေသေးရင်၊ မပြင်ဆင်နိုင်သေးရင်တော့ ၃ မှတ် အပြည့်ရဖို့ ရုန်းကန်ရမှာ အသေအချာပါပဲ။ ဒီနှစ်သင်းရဲ့ အနိုင်၊ အရှုံးကြားမှာ အလွှာပါးပါးပဲ ခြားပါတယ်။ နောက်တစ်ဆင့် အတွက် အမှားမခံ၊ အမှတ်လိုနေတဲ့ ဘယ်လ်ဂျီယံ ကိုပဲ ယုံကြည်ပေးထားရပါလိမ့်မယ်။ ဂိုးပြတ်နိုင်ခြေတော့ နည်းပါတယ်။
ခန့်မှန်းရလဒ်
ဘယ်လ်ဂျီယံ ၂-၁ အီရန်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


