နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ တစ်ရက်ချင်းစီကို အကောင်းဆုံး ကျော်ဖြတ်နေတဲ့ နေမာ

ဘရာဇီးလ် တိုက်စစ် ကစားသမား နေမာ ကတော့ သူရဲ့ နိုင်ငံ လက်ရွေးစင် အသင်းနဲ့ အတူ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက အများကြီး မတွေးထားပဲ တစ်ရက်ချင်းစီကို အကောင်းဆုံး ကျော်ဖြတ်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

နေမာဟာ ဒီရက်ပိုင်း အတွင်း လူမျိုးရေး ခွဲခြားခံခဲ့ရတဲ့ ဗင်နီးစီးယပ်စ် ဘက်ကနေ ထောက်ခံ ဂုဏ်ပြုခဲ့တဲ့ အတွက် နာမည်ကြီးနေရုံ သာမက ဗက်စကိုဒဂါးမားကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲ မှာလည်း ဆန်းတို့စ် အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ ပွဲချိန် ၂၅ မိနစ်မှာ ဗင်နီးစီးယပ်စ် သွင်းခဲ့တဲ့ဂိုးနဲ့ ပုံစံတူ ဂိုးအောက်ခြေထောင့်ထဲကို အေးအေးဆေးဆေး ကန်သွင်းကာ ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ဧည့်သည် အသင်းက ပထမပိုင်းပြီးခါနီးမှာ ချေပဂိုး ပြန်သွင်းခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ နေမာက ဂိုးသမားပေါ်ကနေ ကျော်ပြီး အနုပညာဆန်ဆန် ကန်သွင်းကာ သူ့ရဲ့ ငယ်ဘဝ ကလပ် အတွက် အနိုင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၆ လ အတွင်း နေမာ တစ်ပွဲတည်း နှစ်ဂိုး သွင်းနိုင်တဲ့ ဒုတိယမြောက်ပွဲ ဖြစ်ပြီး ဒဏ်ရာက ပြန်လာပြီး နောက်ပိုင်း ပထမဆုံး ဂိုးသွင်းယူနိုင်မှုလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာ နေမာက SporTV ကို အခုလို ပြောကြားခဲ့ပါတယ်။ “ပြီးခဲ့တဲ့ တပတ်က ကျွန်တော့်ကို ကမ္ဘာ့အညံ့ဆုံး ကစားသမားလို့ ပြောခဲ့ကြတယ်။ ဘောလုံး လောကက ဒီလိုပါပဲ။ တစ်နေ့မှာတော့ သင်က အနားယူတော့မယ်လို့ အပြောခံရပြီး နောက်တစ်နေ့မှာတော့ ကမ္ဘာ့ဖလား သွားဖို့ ပြင်ရပြန်ရော။ ကျွန်တော် ကတော့ တစ်ရက်ချင်းစီကို အကောင်းဆုံး ဖြတ်သန်းနေပြီး ကြံ့ခိုင်မှု အပြည့်အဝ ရဖို့ ကြိုးစားနေပါတယ်။” လို့ နေမာက ဆိုပါတယ်။

ဒီတော့ ၂၀၂၆ ကမ္ဘာ့ဖလား အတွက် နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ လူစာရင်းမှာ နေမာ ပါဝင်လာနိုင်မလား ဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ ဘရာဇီးလ် နည်းပြသစ် ကာလို အန်ဆယ်လော့တီဟာ မေလက စတင် တာဝန်ယူချိန်က စပြီး နေမာကို အသင်းထံ တစ်ကြိမ်မှ မခေါ်ယူသေးပါဘူး။ အီတလီ လူမျိုး နည်းပြကြီးဟာ အက်စတီဗာအိုနဲ့ ယာအို ပက်ဒရို တို့လို လူငယ်သွေးသစ်တွေ ကိုသာ အခွင့်အရေး ပေးဖို့ အလေးထားနေတာပါ။

ဒဏ်ရာ ထပ်ရခဲ့ရင်တော့ နောက်ထပ် ၄ လ အကြာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ အခွင့်အလမ်း ဆုံးရှုံးသွားနိုင်ပါတယ်။
နေမာထက် လူငယ် ကစားသမားတွေကို နေရာပေးချင်တဲ့ အန်ဆယ်လော့တီ

နေမာရဲ့ ဒဏ်ရာပြဿနာတွေကြောင့်လည်း ဘရာဇီးလ်ရဲ့ သမိုင်းတစ်လျှောက် ဂိုးအသွင်းဆုံး ကစားသမားကို ခေါ်ယူဖို့ အခက်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် အခုအခါ မှာတော့ ဘာစီလိုနာ ကစားသမားဟောင်းက ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီး ဂိုးတွေ ပြန်သွင်းနေတာက အချိန်ကိုက်ပါပဲ။ နေမာ အနေနဲ့ အန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ချင်တယ် ဆိုရင်တော့ လာမယ့် ကာလ တောက်လျှောက် ဒဏ်ရာ ကင်းစင်နေဖို့ လိုအပ်ပါတယ်။ ဒဏ်ရာ ထပ်ရခဲ့ရင်တော့ နောက်ထပ် ၄ လ အကြာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ အခွင့်အလမ်း ဆုံးရှုံးသွားနိုင်ပါတယ်။ တကယ်လို့ နေမာသာ ကြံ့ခိုင်မှု ပြည့်ဝလာပြီး ခြေစွမ်းအမှန် ပြန်ရလာမယ် ဆိုရင်တော့ အန်ဆယ်လော့တီ အတွက် သူ့ကို ချန်လှပ်ထားဖို့ ခက်ခဲပါလိမ့်မယ်။ 

တဖက် မှာလည်း ဗင်နီးစီးယပ်စ် ဂျူနီယာဟာ ပြီးခဲ့တဲ့ တပတ် အတွင်း လူမျိုးရေး ခွဲခြားမှု ဆိုင်ရာ ပြဿနာတွေရဲ့ ဗဟိုချက် ဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပလေးအော့ဖ် ပထမအကျော့မှာ ဘင်ဖီကာကို အလွန် လှပတဲ့ ဂိုးသွင်းယူအပြီး သူလုပ်လေ့ရှိတဲ့ အကနဲ့ အောင်ပွဲခံခဲ့ရာ ကနေ ဒီပြဿနာတွေ စတင်ခဲ့တာပါ။ 

ထူးခြားတာက ကွင်းလယ်ဒိုင်က ဗင်နီးစီးယပ်စ်ရဲ့ အောင်ပွဲခံမှုကို အဝါကတ်ပြခဲ့ပြီး ဘင်ဖီကာ တောင်ပံ ကစားသမား ဂျန်လူကာ ပရက်စတီယန်နီ ကလည်း သူ့အပေါ် လူမျိုးရေးခွဲခြားတဲ့ ဆဲဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ နည်းပြ ဟိုဆေး မော်ရင်ညို ကလည်း ဗင်နီးစီးယပ်စ်ရဲ့ ကကွက်ဟာ တစ်ဖက် အသင်းကို ရန်စသလို ဖြစ်စေတယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့ ဘာနေဗျူးကွင်း မှာတော့ ဗင်နီးစီးယပ်စ်က တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ အနိုင်ဂိုးသွင်းယူပြီး အဆိုပါ ကကွက်နဲ့ပဲ ထပ်မံ အောင်ပွဲခံကာ သူ့ကို ဝေဖန်သူတွေကို တုံ့ပြန်ခဲ့ပါတယ်။ 

အခုအခါ မှာတော့ ဘရာဇီးလ် နိုင်ငံ ကနေ နေမာကပါ သူ့ရဲ့ နိုင်ငံအသင်းဖော်ကို အားပေးတဲ့ အနေနဲ့ အဆိုပါ ကကွက်အတိုင်း လိုက်လံကပြခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ နေမာဟာ ၂၀၂၆ ခုနှစ် အတွက် သူရဲ့ ပထမဆုံး သွင်းဂိုးကို ရယူနိုင်ခဲ့ပြီး အောင်ပွဲခံရာ မှာတော့ သူ့ရဲ့ နိုင်ငံ အသင်းဖော် ဗင်နီးစီးယပ်စ် ဂျူနီယာရဲ့ ကကွက် အတိုင်း ထောင့်အလံတိုင်နားမှာ လိုက်လံကပြကာ ဂုဏ်ပြုခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်