နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“အီတလီကို ထိုက်တန်တဲ့ ထိပ်တန်း နေရာဆီ ပြန်ပို့ပေးမယ်” – မန်ချီနီ | ကမ္ဘာ့ဖလား

လွန်ခဲ့တဲ့ ၃ နှစ် အကြာက အီတလီ လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူး ကနေ စွန့်ခွာသွားခဲ့တဲ့ ရော်ဘတ်တို မန်ချီနီ တစ်ယောက် အခုဆိုရင်တော့ အဇူရီတို့ဆီ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ မန်ချီနီဟာ အီတလီရဲ့ တကျော့ပြန် နည်းပြချုပ် ဖြစ်လာပြီးနောက် အပြာရောင်တွေ အတွက် ကမ္ဘာ့ဖလား အပါအဝင် ကြီးမားတဲ့ ဆုဖလား အောင်မြင်မှုတွေ ပြန်လည် ရယူပေးဖို့ သန္နိဋ္ဌာန် ချထားပါတယ်။

ဂျန်နာရို ဂတ်တူဆိုရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေမှုတွေ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရ အပြီး အင်္ဂါနေ့ မှာတော့ မန်ချီနီ ပြန်လည် ရောက်ရှိလာကြောင်း တရားဝင် အတည်ပြု ထုတ်ပြန်ခဲ့တာပါ။ ဒီရာထူး အတွက် ပပ် ဂွါဒီယိုလာ၊ ကာလို အန်ဆယ်လော့တီနဲ့ အန်ဒရီယာ ပီယာလိုတို့ အပါအဝင် နာမည်ကြီး နည်းပြ အများအပြားနဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အထူးသဖြင့် ပီယာလိုနဲ့ သဘောတူညီမှု ရရှိလုနီးပါး ဖြစ်ခဲ့ပေမယ့် တနင်္ဂနွေနေ့မှာ ဆွေးနွေးမှု ပျက်ပြားသွားခဲ့တာကြောင့် နောက်ဆုံး မှာတော့ မန်ချီနီ ကပဲ အီတလီ အသင်းကို ထိပ်တန်း အဆင့်ဆီ ပြန်လည် ဦးဆောင်ရမယ့် တာဝန်ကို ယူခဲ့ရတာ ဖြစ်ပါတယ်။

မန်ချီနီဟာ ၂၀၁၈ ကနေ ၂၀၂၃ အထိ အီတလီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ယူရို ၂၀၂၀ ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သလို ၅၈ ပွဲ ကိုင်တွယ်ရာမှာ ၃၈ ပွဲနိုင်၊ ၁၂ ပွဲသရေ၊ ၈ ပွဲ ရှုံး ဆိုတဲ့ မှတ်တမ်းကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်ရောက်နိုင်ခြင်း မရှိခဲ့သလို ၂၀၂၃ မှာတော့ ဆော်ဒီ လက်ရွေးစင် အသင်းကို ပြောင်းရွှေ့ ကိုင်တွယ်ဖို့ အီတလီ နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရတဲ့ အီတလီ အသင်း အနေနဲ့ အဘက်ဘက်က ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေချိန် ဖြစ်ပါတယ်။
တချိန်က အီတလီ လက်ရွေးစင် အသင်းကို စွန့်ခွာခဲ့ဖူးတဲ့ မန်ချီနီ

နောက်ဆုံး ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရတဲ့ အီတလီ အသင်း အနေနဲ့ အဘက်ဘက်က ပြန်လည် တည်ဆောက်ဖို့ လိုအပ်နေချိန် ဖြစ်ပါတယ်။ ဒီအချိန်မှာ မန်ချီနီ ကတော့ အီတလီကို ဥရောပနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းဆီ ပြန်လည် ပို့ဆောင်ပေးချင်နေပြီ ဖြစ်ပါတယ်။ တကျော့ပြန် နည်းပြသစ် ဖြစ်လာပြီးနောက် ပထမဆုံး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မန်ချီနီက အခုလိုပဲ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

“ကံကြမ္မာက အဖွဲ့ချုပ်ဥက္ကဋ္ဌ မာလာဂိုရဲ့ ကျေးဇူးနဲ့ အတူ ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးလိုက်တာပါ။ အီတလီ အသင်းနဲ့ ကမ္ဘာ့ဘောလုံးလောကမှာ ထိုက်တန်တဲ့ ထိပ်တန်း နေရာဆီ ပြန်ပို့ပေးဖို့ ကျွန်တော် ဒီကို ရောက်လာတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း “ကျွန်တော့်အနေနဲ့ ကြီးမားတဲ့ ဆုဖလား တစ်ခု၊ ဖြစ်နိုင်ရင် နှစ်ခုလောက် အထိ ဆွတ်ခူးချင်ပါတယ်။ ဒါ့အပြင် စာချုပ်သက်တမ်းထက် ပိုပြီးတော့လည်း အသင်းမှာ သက်တမ်းတိုး နေထိုင်သွားချင်ပါသေးတယ်။ ၂၀၂၃ တုန်းက ဘာတွေပဲ ဖြစ်ပျက်ခဲ့ပါစေ၊ အခု ရည်မှန်းချက် ကတော့ အမြဲတမ်း အနိုင်ရဖို့နဲ့ ခြေစွမ်းကောင်းပြဖို့ပါပဲ။ ကျွန်တော်တို့ဆီမှာ အထူးသဖြင့် လူငယ် ကစားသမားကောင်းတွေ အများကြီး ရှိနေတယ် ဆိုတာ အပြည့်အဝ ယုံကြည်ပါတယ်”လို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ချီနီရဲ့ တကျော့ပြန် ပထမဆုံး ပွဲစဉ် အဖြစ် လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပမယ့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းနဲ့ စတင် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီ အသင်းဟာ လာမယ့် နိုင်ငံတကာ ရက်သတ္တပတ် ပွဲစဉ်တွေ အတွင်း နေးရှင်းလိဂ် ပြိုင်ပွဲရဲ့ တစိတ်တပိုင်း အဖြစ် တူရကီ အသင်းနဲ့ ၂ ပွဲ၊ ပြင်သစ် အသင်းနဲ့ ၁ ပွဲ စုစုပေါင်း ၄ ပွဲ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်