နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အပြန်အလှန် သွင်းဂိုးတွေနဲ့ ဆွီဒင်ကို မျှော်လင့်ထားမယ် | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ဆွီဒင် – တူနီးရှား 

ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ၇ ဆင့်ခန့်သာ ကွာခြားတဲ့ ဆွီဒင်နဲ့ တူနီးရှား အသင်း တို့ဟာ ဂွါဒါလူပီ မြို့ရှိ Estadio BBVA ကွင်းကြီးထဲမှာ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (F) ရဲ့ အဖွင့် ပွဲစဉ်ကို စတင် ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်။

ဒီလေးနှစ် တစ်ကြိမ် ကျင်းပမြဲ ဖြစ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီ စကင်ဒီနေးဗီးယား ကိုယ်စားပြု ဆွီဒင် အသင်းက ၁၃ ကြိမ်မြောက် အဖြစ် တက်ရောက်လာတာ ဖြစ်ပြီး၊ တူနီးရှား အသင်း ကတော့ သူတို့ရဲ့ ၇ ကြိမ်မြောက် ကမ္ဘာ့ဖလား ခရီးစဉ်မှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးထွက်အဆင့် တက်လှမ်းနိုင်ဖို့ ရည်မှန်းချက်ထား ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

 

ဆွီဒင်

ဆွီဒင်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စုအဆင့်တုန်းက တစ်ပွဲမှ မနိုင်ခဲ့ဘဲနဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပွဲတော်ကြီးဆီ တက်ရောက်ခွင့်ရခဲ့တာပါ။ နေရှင်းလိဂ် ပြိုင်ပွဲဟာ စတင်ပေါ်ပေါက်လာကတည်းက လူကြိုက်များမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပေမယ့် ဆွီဒင် ပရိသတ်တွေ အတွက်တော့ ယူအီးအက်ဖ်အေ (UEFA) ရဲ့ ဒီပြိုင်ပွဲသစ်ဟာ တကယ့်ကို ကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆွီဒင် အသင်းဟာ ခြေစစ်ပွဲ အုပ်စုအတွင်း တစ်ပွဲမှ မနိုင်ဘဲ အောက်ဆုံး အဆင့်နဲ့ အဆုံးသတ်ခဲ့ရပေမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ တက်လှမ်းနိုင်ခဲ့တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အသင်း ဖြစ်လာခဲ့လို့ပါပဲ။

၁၉၅၈ ကမ္ဘာ့ဖလား ဒုတိယဆုရ ဆွီဒင် အသင်းဟာ အုပ်စု (B) တုန်းက ကိုဆိုဗို၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန် တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပလေးအော့ဖ် ရောက်တဲ့အခါ မှာတော့ အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယောကရက်စ်က ခြေစွမ်းပြပြီး ဆီမီးဖိုင်နယ်မှာ ယူကရိန်းကို ဟက်ထရစ် သွင်းယူပေးခဲ့သလို၊ ဖိုင်နယ်မှာလည်း စိတ်ပျက်အားလျော့နေတဲ့ ပိုလန် အသင်းကို ပွဲပြီးခါနီးမှာ ကွင်းလုံးဟီး သောင်းသောင်းဖျဖျ ဖြစ်သွားစေမယ့် အနိုင်ဂိုး သွင်းယူပေးကာ အသင်းကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ့တာ ဟာ ဆွီဒင် အသင်းကို ကိုင်တွယ်ပြီး ပထမဆုံးပွဲ ကိုတောင် မကစားရသေးခင်မှာတင် စာချုပ် သက်တမ်းတိုးပေးခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ အခုအခါ မှာတော့ သူဟာ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နောက်ဆုံး ပါဝင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်စလုံးမှာ အုပ်စုအဆင့် ကျော်ဖြတ်နိုင်ခဲ့တဲ့ ဆွီဒင်အသင်းရဲ့ ကမ္ဘာ့ဖလားမှတ်တမ်းကောင်းကို ဆက်ထိန်းရမယ့် တာဝန်ကြီးကို ထမ်းဆောင်ရတော့မှာပါ။

လက်ရှိ ကမ္ဘာ့ အဆင့် ၃၈ မှာ ရှိတဲ့ ဆွီဒင် အသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် ၁၂ ပွဲမှာ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးတဲ့ မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့ဖလား မတိုင်ခင် ခြေစမ်းပွဲတွေမှာ နော်ဝေကို ၃-၁ နဲ့ ရှုံးပြီး ဂရိနဲ့ ၂-၂ သရေကျခဲ့တာက ဆွီဒင်ရဲ့ ခံစစ်ပိုင်း အားနည်းချက်ကို တစ်ကျော့ပြန် မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ပါတယ်။ ဆွီဒင် အသင်းဟာ ၂၀၂၅ ဇွန်လက ဟန်ဂေရီကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲပြီးကတည်းက ၁၁ ပွဲဆက်တိုက် ဂိုးတွေ ပြန်ပေးနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၆ ပွဲစလုံးမှာ ပြိုင်ဘက်ကွက်ထဲ ဂိုးတွေပြန်သွင်းနိုင်ခဲ့တာမျိုးတော့ ရှိပါတယ်။

 

တူနီးရှား

ဆွီဒင် အသင်းက ခြေစစ်ပွဲ အုပ်စုအဆင့်မှာ ရုန်းကန်ခဲ့ရပေမယ့် တူနီးရှား အသင်း ကတော့ အာဖရိကဇုန် (CAF) ခြေစစ်ပွဲစဉ်တွေမှာ အမှတ်တွေ ရှယ်ရကာ ပြီးပြည့်စုံလုနီးပါး မှတ်တမ်းနဲ့ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ နမီးဘီးယား၊ လိုက်ဘေးရီးယား၊ မာလာဝီ၊ အီကွေတိုရီရယ်ဂီနီ၊ ဆော်တိုမီနဲ့ပရင်စီပီ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တဲ့ တူနီးရှား အသင်းဟာ ပြိုင်ဘက်တွေကို အေးအေးဆေးဆေး ကျော်ဖြတ်ပြီး ၁၀ ပွဲမှာ ၉ ပွဲအထိ အနိုင်ရကာ ဒုတိယနေရာကအသင်းကို ၁၃ မှတ်အကွာနဲ့ အုပ်စုပထမ ရရှိခဲ့ပါတယ်။

တူနီးရှား အသင်းဟာ ခြေစစ်ပွဲ တစ်လျှောက်လုံးမှာလည်း ပေးဂိုး လုံးဝမရှိခဲ့ပါဘူး။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာ့ဖလား အဓိက ပြိုင်ပွဲကြီးရဲ့ မှတ်တမ်းတွေ အရ သိပ်ပြီး မျက်နှာပန်းမလှတာ တွေ့ရပါတယ်။ သူတို့ဟာ ကမ္ဘာ့ဖလား ၆ ကြိမ် တက်ရောက်ဖူးရာမှာ ၆ ကြိမ်စလုံး အုပ်စုအဆင့် ကနေပဲ လှည့်ပြန်ခဲ့ရပြီး၊ စုစုပေါင်း ကစားခဲ့တဲ့ ၁၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။

နည်းပြချုပ် ဆာဘရီ လာမူချီရဲ့ တူနီးရှား အသင်းဟာ ခြေစစ်ပွဲတုန်းက အရှိန်အဟုန် ကောင်းခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဖရိကဖလား ၁၆ သင်းအဆင့်မှာ မာလီကို ရှုံးနိမ့်ခဲ့သလို၊ ဇွန်လ ၁ ရက်က ကစားခဲ့တဲ့ပွဲမှာ သြစတြီးယားကို ၁-၀ နဲ့ ရှုံးခဲ့ပြီး၊ လတ်တလော ဇွန်လ ၆ ရက်ပွဲမှာလည်း ဘယ်လ်ဂျီယံ အသင်းကို ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးခဲ့ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

၁၉၅၈ ကမ္ဘာ့ဖလား ဒုတိယဆုရ ဆွီဒင် အသင်းဟာ အုပ်စု (B) တုန်းက ကိုဆိုဗို၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန် တို့ကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တလျှောက်လုံး ပေးဂိုး မရှိခဲ့တဲ့ တူနီးရှား

နှစ်သင်းစလုံး ဒဏ်ရာ ပြဿနာ မရှိတာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဆွီဒင် – နော့ဖဲလ်၊ ဟိန်း၊ လင်ဒီလော့ဖ်၊ လာဂျာဘိုင်ကယ်လီ၊ ဘန်းဟက်ဒ်ဆန်၊ ကားလ်စတောမ်၊ အယာရီ၊ ဂတ်ဒ်မန်ဆန်၊ နိုင်ဂရန်၊ ယောကရက်စ်၊ အိဆက်ခ်

တူနီးရှား – ချာမက်ခ်၊ ဗလာရီ၊ ရီကစ်ခ်၊ တဲလ်ဘီ၊ အလီ၊ အက်ဘ်ဒီ၊ ဆက်ခ်ဟီရီ၊ ခီဒီရာ၊ အချော်ရီ၊ ဟန်နီဘယ်၊ ဂဟာဘီ၊ ချာအွတ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

လက်ရှိ ကမ္ဘာ့အဆင့် ၄၅ ရှိတဲ့ တူနီးရှား အသင်းဟာ ၃ ပွဲ ဆက်တိုက် ဂိုးပေါက် ပျောက်ဆုံးနေပြီး နောက်ဆုံး ၄ ပွဲမှာလည်း ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာစုနှစ် အတွင်း ဆွီဒင် အသင်းနဲ့ ၂၀၀၃ ခုနှစ်က တစ်ကြိမ်တည်းသာ ဆုံတွေ့ခဲ့ဖူးတဲ့ ပွဲစဉ်မှာတော့ တူနီးရှားက ၁-၀ နဲ့ အနိုင်ရရှိထားခဲ့ဖူးတဲ့ မှတ်တမ်းတော့ ရှိထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဆွီဒင် နိုင်ရင် ၁.၉၃ ဆ၊ တူနီးရှား နိုင်ရင် ၄.၀၈ ဆ၊ သရေ ဆိုရင်တော့ ၃.၃၆ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဆွီဒင်နဲ့ တူနီးရှား တို့ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ကွာဟချက် အနည်းငယ်သာ ရှိနေတာရယ်၊ ဆွီဒင် အသင်း ရဲ့ ဂိုးလည်း သွင်းတတ်သလို ဂိုးလည်း ပြန်ပေးရတတ်တဲ့ အလေ့အထ ရှိတာရယ်ကြောင့် အပြန်အလှန် သွင်းဂိုးတွေတော့ ရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်ရဲ့ ပြင်းထန်တဲ့ တိုက်စစ် စွမ်းရည်ကပဲ ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားနိုင်ခြေ ရှိပါတယ်။

ခန့်မှန်းရလဒ်

ဆွီဒင် ၂-၁ တူနီးရှား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်