နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

“ကျွန်တော့်မှာ ကစားဖို့ နှစ်အနည်းငယ် ကျန်ပါသေးတယ်” – ဟားမက်စ် ရိုဒရီဂွက်ဇ် | ကမ္ဘာ့ဖလား

ကိုလံဘီယာ ကြယ်ပွင့် ဟားမက်စ် ရိုဒရီဂွက်ဇ် ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီး မင်နီဆိုတာ ယူနိုက်တက်မှာ ဆက်ရှိနေဖို့ အနာဂတ် မသေချာ ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ရိုဒရီဂက်ဇ် ကတော့ ကစားသမား ဘဝ ကနေ အနားယူဖို့ အစီအစဉ် မရှိသေးကြောင်း အတည်ပြုလာခဲ့ပါတယ်။

ဟားမက်စ် ရိုဒရီဂွက်ဇ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ ကစားသမား ဘဝ ကနေ အနားယူတော့မယ် ဆိုတဲ့ ပြောဆိုချက်တွေကို ကောလာဟလတွေ အဖြစ် ပယ်ချလိုက်ပြီး သူ့ရဲ့ ကစားသမား ဘဝမှာ “ နောက်ထပ် နှစ်အနည်းငယ်ခန့်” ကစားရန် ကျန်ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။

ကိုလံဘီယာ ကြယ်ပွင့် ကစားသမားဟာ မက္ကဆီကို ကလပ် လီယွန်မှာ ခေတ္တခဏ သွားရောက် ကစားခဲ့ပြီးနောက် လက်ရှိမှာ မေဂျာလိဂ် ကလပ် မင်နီဆိုတာ ယူနိုက်တက် အသင်းမှာ ကစားနေတာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟားမက်စ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အော့စတင် အက်ဖ်စီနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ပါဝင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဒီပွဲဟာ သူ့အတွက် မင်နီဆိုတာ အသင်းနဲ့ ၅ ပွဲမြောက် ကစားတဲ့ မေဂျာလိဂ် ပွဲစဉ်လည်း ဖြစ်ခဲ့ပါတယ်။

သူနဲ့ မေဂျာလိဂ် ကလပ်တို့ ချုပ်ဆိုထားတဲ့ ရေတို စာချုပ်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ မစတင်ခင်မှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ အသင်းဘက်က စာချုပ်သက်တမ်းကို အခုနှစ်ကုန် အထိ တိုးမြှင့်ခွင့်ရှိပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ အသင်းဆီ ပြန်လာလိမ့်မှာ မဟုတ်ကြောင်း ခန့်မှန်းရပါတယ်။

ထိုသို့သော သတင်းကြောင့် ဟာမက်စ် တစ်ယောက် ကစားသမား ဘဝ ကနေ အပြီးတိုင် အနားယူတော့မယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး မင်နီဆိုတာ အသင်း ပွဲပြီးဆုံးပြီးနောက် သူက အခုလို သတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။ “ဒါကို ဘယ်သူပြောလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကိုလံဘီယာမှာ ရှိတဲ့ မီဒီယာတွေက ကြည့်ရှုသူ အရေအတွက် (Views) နဲ့ Like တွေ ရဖို့ အတွက် လုပ်ကြံ ပြောဆိုတာ လို့ပဲ ကျွန်တော် ထင်ပါတယ်။” လို့ ဟာမက်စ်က Apple TV လို့ ပြောကြားခဲ့ပါတယ်။

“ဒီလို အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူတို့ အနေနဲ့ သတင်းအချက်အလက်ကို ဒီထက်ပိုပြီး စုံစုံလင်လင် ရှာဖွေသင့်ပါတယ်။ ကျွန်တော် ဘယ်လောက်အထိ ဆက်ကစားချင်လဲဆိုတာကို သိမယ့် တစ်ဦးတည်းသောလူဟာ ကျွန်တော် ကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်တော် အနားယူမယ့် အချိန်ကျရင် အချိန်အများကြီး ကြိုတင်ပြီး အသိပေးသွားမှာပါ။ ဒါပေမဲ့ အခုလောလောဆယ် မှာတော့ ကျွန်တော့်မှာ နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ကစားဖို့ ကျန်သေးတယ်လို့ ထင်ပါတယ်။”

“သူတို့ ပြောနေတဲ့ အရာအားလုံးဟာ သတင်းအမှားတွေပါ။ ဒါဟာ တစ်နိုင်ငံလုံး အတွက်ရော၊ သတင်းအမှန် မဟုတ်တာတွေကို ယုံကြည်နေကြတဲ့ ပရိသတ်တွေ အတွက်ပါ မကောင်းပါဘူး။ ဟုတ်ပါတယ်။ ကျွန်တော့် အတွက်လည်း မကောင်းပါဘူး။ ကျွန်တော် အဲဒီလိုမျိုး ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။”

ရိုဒရီဂွက်ဇ်ဟာ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် (CONMEBOL) ခြေစစ်ပွဲတွေမှာ ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်ကာ ဂိုးဖန်တီးမှု အများဆုံး ကစားသမား အဖြစ် ဦးဆောင်ခဲ့ပြီး အခုအခါ သူ့ရဲ့ တတိယမြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဆင်နွှဲဖို့ အဆင်သင့် ဖြစ်နေပြီလည်း ဖြစ်ပါတယ်။သူဟာ ၂၀၁၄ ခုနှစ် ဘရာဇီးလ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၅ ပွဲကစား၊ ၆ ဂိုး သွင်းယူကာ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုလံဘီယာ ကိုလည်း သူတို့ရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးနဲ့ တစ်ကြိမ်တည်းသော ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်