နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

‘ထိပ်တန်း ကြယ်ပွင့် နည်းပေမယ့် ဂျာမနီ အနေနဲ့ အကောင်းဆုံး အသင်းတွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်’ – ကလော့ပ် | ကမ္ဘာ့ဖလား

ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲတွေမှာ ရလဒ်ဆိုးရွားမှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီးနောက် ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ဟာ ယာဂန် ကလော့ပ်ကို ၂၀၃၀ ပြည့်နှစ် အထိ နည်းပြချုပ် အဖြစ် ခန့်အပ် တာဝန်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၅၉ နှစ် အရွယ် ကလော့ပ်ဟာ လစ်ဗာပူးလ် အသင်းနဲ့ ၉ နှစ်တာ ခရီးစဉ်ကို ၂၀၂၄ မှာ အဆုံးသတ်ခဲ့ပြီး ၂ နှစ်ကြာ အနားယူနေခဲ့ပြီးမှ အခုလို ဂျာမနီ အမျိုးသား အသင်းရဲ့ နည်းပြချုပ် အဖြစ် ၄ နှစ် စာချုပ်နဲ့ နည်းပြလောကထဲကို ပြန်လည် ခြေချလာတာပါ။ ကလော့ပ်ဟာ သူ့ရဲ့ နည်းပြဘဝ တစ်လျှောက် ၁,၀၈၀ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၅၈၈ ပွဲနိုင်၊ ၂၅၆ ပွဲသရေနဲ့ ၂၃၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ လစ်ဗာပူးလ်မှာ ကိုင်တွယ်ခဲ့တဲ့ ၄၃၁ ပွဲ ဟာလည်း ကလပ်သမိုင်းမှာ ဘေလ် ရှန့်ကလီ (၇၉၉ ပွဲ) နဲ့ ဘော့ ပေစလီ (၅၂၃ ပွဲ) တို့ပြီးရင် တတိယမြောက် ပွဲအများဆုံး နည်းပြ စံချိန် ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလားတွေကို အန်းဖီးလ်ဆီ ယူဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ရလဒ်ဆိုးတွေကြားက ဂျာမနီရဲ့ စိန်ခေါ်မှု အသစ်

ဂျာမနီ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃၂ သင်း အဆင့်မှာ ပါရာဂွေးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး အရှက်ရဖွယ် ထွက်ခွာခဲ့ရသလို ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေ မှာလည်း အုပ်စုအဆင့်နဲ့တင် ကျေနပ်ခဲ့ရတာပါ။ ၄ ကြိမ်တိုင်တိုင် ကမ္ဘာ့ဖလား ရဖူးတဲ့ ဂျာမနီဟာ ၂၀၁၄ ဖိုင်နယ်မှာ အာဂျင်တီးနားကို အချိန်မှာ ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့ပြီး ကတည်းက ကမ္ဘာ့ဖလား ရှုံးထွက် ပွဲစဉ်တွေမှာ အနိုင်မရသေးပါဘူး။

အိမ်ကွင်းမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ မှာ ကွာတားဖိုင်နယ် အထိ ရောက်ခဲ့ပေမဲ့ ယူရို ၂၀၂၀ မှာတော့ အင်္ဂလန်ကို ၁၆ သင်း အဆင့် မှာတင် ရှုံးနိမ့်ခဲ့တာကြောင့် နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ အဓိက ပြိုင်ပွဲ ၅ ခုမှာ ၄ ကြိမ် အထိ ကွာတားဖိုင်နယ်တောင် မတက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျာမနီဟာ ဖီဖာ ကမ္ဘာ့အဆင့် ၁၂ နေရာအထိ ကျဆင်းနေပြီး မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ မက္ကဆီကိုနဲ့ ကိုလံဘီယာ တို့ရဲ့ အနောက်မှာ ရောက်ရှိနေပါတယ်။

 

“ပြင်သစ်၊ စပိန်တို့ကို ကြည့်နေစရာမလိုဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနိုင်ယူမယ်”

ဂျာမနီ အသင်း နည်းပြ ဖြစ်လာပြီးနောက် ပထမဦးဆုံး သတင်းစာ ရှင်းလင်းပွဲမှာ ကလော့ပ်က သူ့ရဲ့ အယူအဆကို အခုလို ပွင့်ပွင့်လင်းလင်း ပြောကြားသွားခဲ့ပါတယ်။ “အောင်မြင်မှု ဆိုတာ မျှော်လင့်ချက်တွေနဲ့ ယှဉ်လိုက်ရင် ကိုယ် ဘယ်လောက် စွမ်းဆောင်နိုင်သလဲဆိုတာပါပဲ။ ကျွန်တော် တို့က ပြင်သစ်လို ကစားသမားမျိုး တောင့်ရဲ့လား လို့ မေးရင် အဖြေက မတောင့်ဘူးပါပဲ။ အမ်ဘာပေး၊ ဒမ်ဘီလီ၊ ဒူယေး ဒါမှမဟုတ် ဘာကိုလာ တို့လို ကစားသမားမျိုး ကျွန်တော်တို့ဆီမှာ ရှိလားဆိုရင် မရှိပါဘူး။

ဂျာမနီ အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ၃၂ သင်း အဆင့်မှာ ပါရာဂွေးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး အရှက်ရဖွယ် ထွက်ခွာခဲ့ရသလို ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတွေ မှာလည်း အုပ်စုအဆင့်နဲ့တင် ကျေနပ်ခဲ့ရတာပါ။
၂ နှစ်ကြာ အနားယူပြီးနောက် နည်းပြ လောကထဲ ပြန်လည် ဝင်ရောက်လာတဲ့ ဂျာမနီ

ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို အနိုင်ယူနိုင်ပါသေးတယ်။ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနား တို့ကို ကြည့်နေဖို့ မလိုပါဘူး။ ကျွန်တော်တို့ ဘယ်လို ကစားမလဲဆိုတာ ကိုပဲ စာရင်းထဲ ထည့်ရပါမယ်။ အခုချိန်မှာ ကျွန်တော် တို့က ကမ္ဘာ့နံပါတ်တစ် မဟုတ်သလို ကျွန်တော်တို့ အရှေ့မှာ ၁၁ သင်းတောင် ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ ကစားဟန်နဲ့ သူတို့ကို အနိုင်ယူနိုင်အောင် ဖန်တီးသွားရမှာပါ။” လို့ ကလော့ပ်က ဆိုပါတယ်။

နည်းပြဘဝရဲ့ အကြီးမားဆုံး တာဝန်ကို ရယူအပြီး မှာတော့ ကလော့ပ်က “ကျွန်တော် ဘာမှမရှိတဲ့ နေရာ ကနေ လာခဲ့တာ ဆိုတော့ အခုလို နေရာမျိုး ရောက်လာတာကို စိတ်ကူးတောင် မယှဉ်နိုင်ခဲ့ပါဘူး။ တကယ်ကို အထူးခြားဆုံးနေ့ပါပဲ။ ကျွန်တော်တို့ နည်းပြ အဖွဲ့အနေနဲ့ အကောင်းဆုံး ပက်ကေ့ဂျ် တစ်ခု ပါလာမှာပါ။ ကျွန်တော်က လေ့ကျင့်ခန်းဆင်းပေးပြီး အိမ်ပြန်သွားတဲ့ နည်းပြမျိုး မဟုတ်ပါဘူး။ ကလပ်ရဲ့ အရေးကိစ္စတိုင်းကို ဂရုစိုက်ခဲ့သလို အခုလည်း နိုင်ငံပွဲ ဖြစ်တာကြောင့် ဒီနိုင်ငံက ဘောလုံး ပရိသတ်တွေ အားလုံးအတွက် တာဝန်ရှိတယ်လို့ ခံစားရပါတယ်။”

 

ကလော့ပ်ရဲ့ ပွင့်လင်းပြတ်သားတဲ့ သဘောထား

အသင်း ရလဒ် ပျက်ယွင်းလာရင် သို့မဟုတ် မီဒီယာတွေရဲ့ ဖိအားပေးမှုက မိသားစုဆီ ရောက်လာရင် ရာထူး ကနေ ချက်ချင်း နှုတ်ထွက်ဖို့ တွေဝေမနေပဲ ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။ “ခင်ဗျားတို့ ကျွန်တော့်ကို မလိုချင်တော့တဲ့ နေ့မှာ ကျွန်တော် ထွက်သွားပါမယ်။ လျှော်ကြေး တစ်ပြားမှ ယူမှာ မဟုတ်ပါဘူး။ ခင်ဗျား တို့က မနက်ဖြန်မှာ ‘ကလော့ပ်က ညံ့လိုက်တာ’ လို့ ပြောရင်၊ ဒါမှမဟုတ် DFB က ‘သူက ညံ့တယ်’ လို့ ပြောရင် ကျွန်တော် ထွက်သွားပေးပါမယ်။ ခင်ဗျားတို့ မသမာတဲ့ စည်းကျော်မှုတွေ လုပ်ပြီး ကျွန်တော့် မိသားစုရဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ပေးရင်လည်း ကျွန်တော် ထွက်သွားမှာပါ။ ဒါပေမယ့် အသင်း တစ်ခုခု လွဲမှားနေရင်တော့ လွတ်လွတ်လပ်လပ် ဝေဖန်နိုင်ပါတယ်။”

 

စိတ်ဝင်စားဖွယ် အချက်အလက်များ

ကလော့ပ်ဟာ လစ်ဗာပူးလ်မှာ ကိုင်တွယ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၃၄ ပွဲ အတွင်း ဂျာမန် ကစားသမား ၂ ဦး (အမ်ရီ ချန်နဲ့ လောရစ် ကာရီးယက်စ်) ကိုသာ ပွဲထုတ်ခဲ့ဖူးပါတယ်။

ကလော့ပ်ဟာ ပပ် ဂွါဒီယိုလာ၊ ကာလို အန်ဆလော့တီ တို့ ပြီးရင် ဘွန်ဒက်စ်လီဂါရော ပရီးမီးယားလိဂ် မှာပါ ချန်ပီယံဖလား ဆွတ်ခူးဖူးတဲ့ တတိယမြောက် နည်းပြ ဖြစ်ခဲ့ပါတယ်။

ကလော့ပ်ရဲ့ ဂျာမနီ နည်းပြဘဝ ပထမဆုံး စိန်ခေါ်မှု အဖြစ် လာမယ့် စက်တင်ဘာ ၂၄ ရက် နေးရှင်းလိဂ် ပြိုင်ပွဲမှာ အဓိက ပြိုင်ဘက်ဟောင်း နယ်သာလန် အသင်းနဲ့ စတင် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဂရိ၊ ဆားဘီးယား တို့နဲ့လည်း အုပ်စုတွင်းမှာ တွေ့ဆုံနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်