ဖီဖာ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အဝါကတ် ပြစ်ဒဏ်ဆိုင်ရာ စည်းမျဉ်း အသစ်ကို စတင် ကျင့်သုံးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ အခုနှစ် နွေရာသီ မြောက်အမေရိကရှိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံမှာ ပူးတွဲ ကျင်းပတော့မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကတော့ ယခင် ပြိုင်ပွဲတွေနဲ့ မတူဘဲ ထူးခြားချက် များစွာ ရှိနေပါတယ်။
အဓိက ထူးခြားချက် တစ်ခု ကတော့ အဆုံးအဖြတ်ပေးရမည့် အဆင့်မြင့် ပွဲစဉ်တွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ရခြင်းမျိုး မဖြစ်စေဖို့ အတွက် အဝါကတ်တွေကို နှစ်ကြိမ်တိုင်တိုင် ပယ်ဖျက်ပေးမယ့် စည်းမျဉ်း အသစ်ကို ဖီဖာက စတင် အကောင်အထည်ဖော်ဖို့ စဉ်းစားနေခြင်းလည်း ဖြစ်ပါတယ်။
ယခင် ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ကွာတားဖိုင်နယ် ပွဲစဉ်တွေ အပြီးမှ အဝါကတ်တွေကို တစ်ကြိမ်သာ ပယ်ဖျက်ပေးလေ့ ရှိပါတယ်။ ဒါကြောင့် အသင်းတွေ အနေနဲ့ ၁၆ သင်း အဆင့်နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ အဝါကတ် ပြသခံရတဲ့ ကစားသမားတွေ ပွဲပယ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် အသင်းပေါင်း ၄၈ သင်း အထိ တိုးချဲ့လိုက်တဲ့ အတွက် ၃၂ သင်း အဆင့် ရှုံးထွက် ပွဲစဉ် တစ်ခု ပိုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားတွေ ပွဲပယ်ခံရမှုကို လျှော့ချဖို့ အတွက် အုပ်စု အဆင့် ပြီးဆုံးချိန်မှာ တစ်ကြိမ်နဲ့ ကွာတားဖိုင်နယ် ပြီးဆုံးချိန်မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်တိုင်တိုင် အဝါကတ်တွေကို ပယ်ဖျက်ပေးဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် လည်း အဝါကတ် နှစ်ကြိမ် ပြသခံရရင်တော့ ပွဲပယ်ခံရမယ့် စည်းမျဉ်းနဲ့ အနီကတ် ပြသခံရပါက တိုက်ရိုက် ပွဲပယ်ခံရမယ့် စည်းမျဉ်း ကတော့ ပြောင်းလဲမှာ မဟုတ်ဘဲ အဝါကတ် တစ်ကြိမ် ရထားပြီးသူများသာ နောက်ပွဲတွေမှာ ပိုမို စိတ်အေးလက်အေး ကစားနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ အဝါကတ် စည်းမျဉ်းသစ် အပါအဝင် တခြားသော အရေးကြီး ကိစ္စရပ်တွေကို ဗန်ကူးဗားမြို့မှာ ကျင်းပမယ့် ဖီဖာ ကောင်စီနဲ့ အဖွဲ့ဝင် နိုင်ငံပေါင်း ၂၁၁ နိုင်ငံ တက်ရောက်မယ့် ဖီဖာ ညီလာခံမှာ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဆွေးနွေးမယ့် တခြား အကြောင်းအရာတွေ ကတော့ ရုရှား နိုင်ငံကို နိုင်ငံတကာ ဘောလုံးလောကထဲ ပြန်လည် ဝင်ရောက် ခွင့်ပြုရေး၊ နောင်ကျင်းပမယ့် ကမ္ဘာ့ဖလား အိမ်ရှင်နိုင်ငံတွေ ရွေးချယ်ရေး၊ စည်းမျဉ်းအသစ်များ (ဥပမာ- ကနေဒါလိဂ်မှာ စမ်းသပ်နေတဲ့ Video Support စနစ်နဲ့ အာစင်ဝင်းဂါးရဲ့ လူကျွံဘော စည်းမျဉ်းအသစ်) တွေပဲ ဖြစ်ပါတယ်။
ဗန်ကူးဗားမြို့ ကတော့ အခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အိမ်ရှင် ကနေဒါ အသင်းရဲ့ ပွဲစဉ် ၂ ပွဲ အပါအဝင်၊ ၃၂ သင်း အဆင့်နဲ့ ၁၆ သင်းအဆင့် ပွဲစဉ်တွေ အပါအဝင် စုစုပေါင်း ၇ ပွဲ ကို လက်ခံ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ စည်းမျဉ်း အသစ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးနေဆဲ ဖြစ်ပြီးတော့ နောက်ဆုံး အတည်ပြု ဆုံးဖြတ်ချက် ထွက်ပေါ်လာဖို့တော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


