နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ကူရာဆောင်းလို အသင်းငယ်လေးကို ဂျာမနီတို့ အညှာတာ ကင်းမဲ့စွာ ကစားနိုင်မှာလား | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ဂျာမနီ – ကူရာဆောင်း

၅ ကြိမ်မြောက် ဂျာမနီ အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကူရာဆောင်း အသင်းနဲ့ ရင်ဆိုင်ရမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဖွင့် ပွဲစဉ်မှာ သမိုင်းတစ်လျှောက် အကြီးမားဆုံး အရှက်ရစရာ ရလဒ်မျိုး မကြုံတွေ့ရအောင် အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။

ဒီနှစ်နွေရာသီမှာ နှစ်သင်းစလုံးဟာ အုပ်စု (E) ထဲမှာ ကျရောက်နေတာ ဖြစ်ပြီး ကူရာဆောင်း အသင်း အတွက်တော့ ဒါဟာ သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား ဝင်ခွင့်ရခြင်း ဖြစ်သလို ဟူစတန်မြေပေါ်မှာ သူတို့ခြေချလိုက်တာနဲ့ သမိုင်းစာမျက်နှာသစ်ကို စတင်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။

 

ဂျာမနီ

၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ရေပန်းအစားဆုံး စာရင်းမှာ ဂျာမနီ အသင်းကို လူအများက သိပ်ပြီး ထည့်မတွက်ကြပါဘူး။ ဒါပေမယ့် ၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀ နဲ့ ၂၀၁၄ တို့မှာ ကမ္ဘာ့ဖလား ၄ ကြိမ်အထိ ရယူထားနိုင်ခဲ့တဲ့ သမိုင်းကြောင်းအစဉ်အလာအရ ဂျာမနီတို့ အတွက်တော့ အခုလို အာရုံစိုက်မှု အောက်ကနေ လွတ်နေတာက ပိုပြီးတော့တောင် အကြိုက်တွေ့စရာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်တိုက် အုပ်စုအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရတဲ့ ဂျာမနီတို့ရဲ့ စိတ်ပျက်စရာ ပုံရိပ်ဆိုးတွေကတော့ ဖုံးကွယ်လို့ မရပါဘူး။ ဒါကြောင့်လည်း ယခုပြိုင်ပွဲမှာ သူတို့အနေနဲ့ ပရိသတ်အကြိုက် ပြန်လည် သက်သေပြဖို့ အများကြီး ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ အသင်းဟာ ခြေစွမ်းအတော်လေး ထက်မြတ်နေပြီး အဆင်သင့် ဖြစ်နေပါတယ်။ သူတို့ဟာ ဒီနှစ်ထဲမှာ ကစားခဲ့တဲ့ ဆွတ်ဇာလန်၊ ဂါနာ၊ ဖင်လန် အပြင် အိမ်ရှင် အမေရိကန် အသင်း တို့နဲ့ ခြေစမ်းပွဲ ၄ ပွဲအပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲ ဆက်တိုက် အနိုင်ရလဒ်ကို ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်။

ဂျာမနီဟာ အုပ်စု (E) ထဲမှာ အိုင်ဗရီကို့စ်၊ အီကွေဒေါ တို့နဲ့လည်း ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး အုပ်စု တတိယ ရရင်တောင် နောက်တစ်ဆင့် တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိတဲ့ ဒီလိုပြိုင်ပွဲ ပုံစံမျိုးမှာ ဂျာမနီတို့ အုပ်စု မတက်နိုင်ခဲ့ရင်တော့ တကယ့်ကို အံ့အားသင့်စရာ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကူရာဆောင်းလို အသင်းမျိုးကို သက်တောင့်သက်သာနဲ့ မနိုင်ခဲ့ဘူးဆိုရင်တော့ ဂျာမနီ အသင်း အပေါ် ဝေဖန်မှုတွေ အလုံးအရင်းနဲ့ ကျရောက်လာမှာ သေချာပါတယ်။

 

ကူရာဆောင်း

တခြားတစ်ဖက် မှာတော့ ကူရာဆောင်း အသင်းအတွက် ယခုနှစ် ကမ္ဘာ့ဖလားဟာ ဘာဖိအားမှ မရှိဘဲ ပေါ့ပေါ့ပါးပါး ကစားရမယ့် ပြိုင်ပွဲတစ်ခုပါ။
ဂျာမနီကို အဘက်ဘက်က ယှဉ်ကစားနိုင်ဖို့ မလွယ်တဲ့ ကူရာဆောင်း

တခြားတစ်ဖက် မှာတော့ ကူရာဆောင်း အသင်းအတွက် ယခုနှစ် ကမ္ဘာ့ဖလားဟာ ဘာဖိအားမှ မရှိဘဲ ပေါ့ပေါ့ပါးပါး ကစားရမယ့် ပြိုင်ပွဲတစ်ခုပါ။ တကယ်တော့ သူတို့လို အသင်းငယ်လေး ကမ္ဘာ့ဖလား နောက်ဆုံး အဆင့် အထိ တက်လှမ်းလာနိုင်တာကတင် မယုံနိုင်စရာ အောင်မြင်မှုတစ်ခု ဖြစ်နေလို့ပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက နည်းပြ ဒစ်ခ် အတ်ဒ်ဗိုကတ်ရဲ့ အသင်းဟာ ခြေစစ်ပွဲမှာ အုပ်စု ပထမရခဲ့ပြီး လူဦးရေ ၁ သိန်း ၆ သောင်းအောက်သာ ရှိတဲ့ နိုင်ငံငယ်လေးဟာ ကမ္ဘာ့ဖလား သမိုင်းမှာ လူဦးရေရော မြေပြင်ဧရိယာပါ အသေးငယ်ဆုံး နိုင်ငံ အဖြစ် သမိုင်းဝင် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

မေလကုန်ပိုင်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အကြို ခြေစမ်းပွဲမှာ စကော့တလန်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် နောက်ဆုံးပွဲ မှာတော့ အာရူးဗားကို ၄-၀ နဲ့ အပြတ်အသတ် နိုင်ထားပါတယ်။ ဖီဖာ ကမ္ဘာ့အဆင့် ၈၂ မှာ ရှိတဲ့ ကူရာဆောင်း အသင်း အနေနဲ့ ဒီနွေရာသီမှာ ၁ မှတ်တင် ရရင်တောင် အကြီးအကျယ် အောင်ပွဲခံရမယ့် အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့အသင်း မှာလည်း အရည်အသွေးရှိတဲ့ ကစားသမားတွေ ပါဝင်နေသလို၊ အသက် ၇၈ နှစ်အရွယ် ဝါရင့်နည်းပြကြီး အတ်ဒ်ဗိုကတ်ရဲ့ ဗျူဟာမြောက် ကစားကွက်တွေကြောင့် ကူရာဆောင်း တို့ဟာ ဂျာမနီကို အကောင်းဆုံး တုံ့ပြန်ကစားပြီး အံ့အားသင့်စရာ ရလဒ်ကောင်းတစ်ခု ဖော်ဆောင်နိုင်ဖို့ ကြိုးစားနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

နှစ်သင်းစလုံး ဒဏ်ရာရ ကစားသမား မရှိတာကြောင့် အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာကြမှာ ဖြစ်ပါတ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဂျာမနီ – နော်ယာ၊ ကင်မစ်ချ်၊ တာ့ရ်၊ ရှလော့တ်တာဘက်ခ်၊ ဘရောင်း၊ အန်မီချာ၊ ပက်ဗ်လိုဗစ်၊ ဆာနေး၊ မူဆီအာလာ၊ ဗစ်ဇ်၊ ဟာဗက်ဇ်

ကူရာဆောင်း – ရွမ်း၊ ဆမ်ဘို၊ အိုဘစ်စပို၊ ဂါရီ၊ ဖလိုရာနက်စ်၊ ကိုမီနန်စီယာ၊ ဘာကူနာ၊ အဲလ် ဘာကူနာ၊ ချောင်၊ ဂေါ်ရီ၊ အန်တိုနီဆီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကြမှာ ဖြစ်ပြီးတော့ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ပြန်ကြည့်ရင် ဂျာမနီက ရာနှုန်းပြည့် နိုင်ထားပြီး ကူရာဆောင်းက ၁ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၃ ပွဲဆက် ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဂျာမနီ နိုင်ရင် ၁.၀၄၃ ဆ၊ ကူရာဆောင်း နိုင်ရင် ၃၂ ဆ၊ သရေ ဆိုရင်တော့ ၁၄.၅၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဂျာမနီ ဘက်ကပဲ ကြေးပြင်းပြင်း ဖွင့်ထားပြီး ဂိုးပေါင်းကြေးလည်း မြင့်မားပါတယ်။ ဂျာမနီလို ဘောလုံး ဘီလူးကြီးကို ကူရာဆောင်းလို ပထမဦးဆုံး အတွေ့အကြုံနဲ့ လာကစားမယ့် အသင်းငယ်လေး ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ ဂျာမနီတို့ ညှာတာမှု ကင်းမဲ့စွာ ကစားမှာ ဖြစ်ပြီး မျှော်လင့်ထားသလို ဂိုးပြတ်မပြတ်ပဲ စောင့်ကြည့်ရမှာပါ။

ခန့်မှန်းရလဒ်

ဂျာမနီ ၃-၀ ကူရာဆောင်း

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်