နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ရာခိုင်နှုန်းပြည့် နိုင်ပွဲမှတ်တမ်းကို ဆက်ထိန်းမယ့် အာဂျင်တီးနားနဲ့ သိက္ခာဆယ်ဖို့ ကြိုးစားမယ့် ဂျော်ဒန် | ကမ္ဘာ့ဖလား (ပွဲကြိုသုံးသပ်ချက်)

ဂျော်ဒန် – အာဂျင်တီးနား 

လက်ရှိ ကမ္ဘာ့ချန်ပီယံ အာဂျင်တီးနားဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စု (J) နောက်ဆုံး ပွဲစဉ် အဖြစ် ပြိုင်ပွဲကနေ စောစောစီးစီး အိမ်ပြန်ဖို့ သေချာသွားခဲ့ပြီ ဖြစ်တဲ့ ဂျော်ဒန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ သူတို့ဟာ အခုပြိုင်ပွဲမှာ ပွဲတိုင်းနိုင်ထားတဲ့ ၁၀၀ ရာခိုင်နှုန်း နိုင်ပွဲ မှတ်တမ်းကောင်းကို ဆက်ပြီး ထိန်းသိမ်းသွားဖို့ ကြိုးပမ်းသွားမှာလည်း ဖြစ်ပါတယ်။

ဒါးလတ်စ်မြို့က AT&T Stadium မှာ ကျင်းပမယ့် ဒီပွဲဟာ သမိုင်းတစ်လျှောက် နှစ်သင်းစလုံး အတွက် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အဆင့် (၁) နေရာက အာဂျင်တီးနားနဲ့ ဖီဖာအဆင့် သတ်မှတ်ချက်မှာ ၇၁ ဆင့် အထိ ကွာဟနေတဲ့ ဂျော်ဒန်တို့ရဲ့ ပွဲမို့လို့ အင်အားချင်း ကတော့ တော်တော်လေး ကွာခြားနေတယ်လို့ ပြောရမှာပါ။

 

အာဂျင်တီးနား

အာဂျင်တီးနား အသင်း ကစားတဲ့ ပွဲတိုင်းဟာ လီယွန်နယ် မက်ဆီရဲ့ အစွမ်းပြ ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ဘယ်လွန်ဒေါ ၈ ဆုရှင် မက်ဆီဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က သြစတြီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ ပွဲမှာ အသင်းအတွက် ၂ ဂိုးလုံး သွင်းယူပေးခဲ့ပြီး၊ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဆိုတာကို ထပ်ပြီး သက်သေပြခဲ့သလို အာဂျင်တီးနား ကိုလည်း အုပ်စု ပထမနေရာနဲ့ ၃၂ သင်း အဆင့်ဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီပွဲရဲ့ ပထမပိုင်းအစမှာ မက်ဆီ တစ်ယောက် ပယ်နယ်တီ မဝင်ခဲ့လို့ စိတ်ပျက်ခဲ့ရသေးပေမယ့်၊ နောက်ပိုင်း မှာတော့ စနစ်တကျ ကစားကွက် ကနေ တစ်ဆင့် အဖွင့်ဂိုးကို လှလှပပ သွင်းယူခဲ့သလို နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာလည်း ဒုတိယဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် မက်ဆီဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် သွင်းဂိုး ၁၈ ဂိုးနဲ့ ဂျာမနီ တိုက်စစ်မှူးဟောင်း မီရိုဆလပ်ဗ် ကလိုဆေးရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး “ဂိုးအများဆုံး သွင်းယူထားသူ” အဖြစ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ အသက် ၃၉ နှစ် ပြည့်ခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ၆ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ သမိုင်းတစ်လျှောက် တတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။ တစ်ဖက် မှာလည်း နည်းပြ လီယွန်နယ် စကယ်လိုနီရဲ့ အာဂျင်တီးနား အသင်းဟာ ပြိုင်ပွဲစုံ ၉ ပွဲ ဆက်တိုက် နိုင်ပွဲ ရထားပြီး အဲဒီအထဲမှာ ၈ ပွဲ အထိ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သလို ပေးဂိုးလည်း ၁ ဂိုးပဲ ရှိပါသေးတယ်။

အာဂျင်တီးနား တို့ဟာ ၁၉၆၂ ခုနှစ်က ဘရာဇီးလ် နောက်ပိုင်း ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂ ကြိမ် ဆက်တိုက် ကာကွယ်နိုင်မယ့် ပထမဆုံး နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတာပါ။ သူတို့ အတွက် သမိုင်းတစ်လျှောက် ၄ ကြိမ်မြောက် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သူတို့ဟာ ဂျာမနီနဲ့ အတူ ဒုတိယ အများဆုံး အသင်း ဖြစ်လာမှာ ဖြစ်ပြီး ၅ ကြိမ်ရထားတဲ့ ဘရာဇီးလ်ရဲ့ စံချိန်ကို လိုက်မှီဖို့ ၁ ကြိမ်ပဲ လိုတော့မှာ ဖြစ်ပါတယ်။

လက်ရှိ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အဓိက ရေပန်းအစားဆုံး အသင်းကြီး ဖြစ်တာမို့ စနေနေ့ပွဲမှာ ဂျော်ဒန်ကို သာသာယာယာ နိုင်လိမ့်မယ်လို့ တွက်ထားကြပေမယ့်၊ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက အာရှဇုန်က ဆော်ဒီအာရေဗျ အသင်းကို အုပ်စုအဆင့်မှာ ၂ ဂိုး ၁ ဂိုးနဲ့ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ သင်ခန်းစာ ရှိနေတာကြောင့် အာဂျင်တီးနားတို့ လျှော့တွက်လို့တော့ မရပါဘူး။

 

ဂျော်ဒန်

ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက် ယှဉ်ပြိုင်ခွင့်ရတဲ့ အသင်း ၄ သင်းထဲက တစ်သင်း ဖြစ်တဲ့ ဂျော်ဒန် အသင်း ကတော့ အုပ်စု ပထမပွဲမှာ သြစတြီးယားကို ၃ ဂိုး ၁ ဂိုး၊ ဒုတိယပွဲမှာ အယ်လ်ဂျီးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ပြီးခဲ့တဲ့ အယ်လ်ဂျီးရီးယားနဲ့ ပွဲတုန်းက နီဇာ အယ်လ်-ရက်ရှ်ဒန်ရဲ့ သွင်းဂိုးကြောင့် ဂျော်ဒန်တို့ ပွဲချိန် မိနစ် ၆၅ အထိ ဦးဆောင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အာဖရိကရဲ့ အင်အားကြီး အယ်လ်ဂျီးရီးယားက ပွဲကို နောက်ကနေ လိုက်ကစားပြီး အနိုင်ဂိုးတွေ သွင်းယူသွားခဲ့လို့ နည်းပြ ဂျာမားလ် ဆယ်လာမီရဲ့ ဂျော်ဒန် အသင်းဟာ ကမ္ဘာ့ဖလားရဲ့ ပထမဆုံး ရမှတ်နဲ့ ဝေးကွာခဲ့ရပါတယ်။

ဒါပေမယ့် မှတ်တမ်းကောင်း တစ်ခု ကတော့ ဂျော်ဒန် အသင်းဟာ ၂၀၀၆ ခုနှစ်က အိုင်ဗရီကို့စ် အသင်း နောက်ပိုင်း ကမ္ဘာ့ဖလား ပထမဆုံး ၂ ပွဲလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာပါ။ သူတို့ရဲ့ အဓိက အားနည်းချက် ကတော့ ခံစစ်ပိုင်း၊ အထူးသဖြင့် Set-pieces တွေကို ဖျက်ထုတ်ရမှာ အားနည်းတာ ဖြစ်ပါတယ်။ လက်ရှိ ပေးဂိုး ၅ ဂိုးထဲက ၃ ဂိုးဟာ ထောင့်ကန်ဘောတွေ ကနေ ပေးခဲ့ရတာ ဖြစ်လို့ စနေနေ့ပွဲမှာ နည်းဗျူဟာပိုင်း ကြွယ်ဝတဲ့ အာဂျင်တီးနား အသင်းက ဂျော်ဒန်ရဲ့ အားနည်းချက်ကို အပိုင်အသုံးချဖို့ ချောင်းနေမှာ သေချာပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ဒါပေမယ့် မှတ်တမ်းကောင်း တစ်ခု ကတော့ ဂျော်ဒန် အသင်းဟာ ၂၀၀၆ ခုနှစ်က အိုင်ဗရီကို့စ် အသင်း နောက်ပိုင်း ကမ္ဘာ့ဖလား ပထမဆုံး ၂ ပွဲလုံးမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့တာပါ။
ကမ္ဘာ့ဖလားရဲ့ သွင်ဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေတဲ့ မက်ဆီ

အခုပွဲကိုတော့ အာဂျင်တီးနား ဘက်က ရိုမီယို တစ်ဦးတည်း လွဲချော်မှာ ဖြစ်ပြီး ကျန် အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဂျော်ဒန် – အဘူလိုင်လာ၊ အဲလ်အာရက်ဘ်၊ နာဆစ်ဘ်၊ အဘူ ဒါဟက်ဘ်၊ ဟက်ဒက်၊ အဲလ်ရက်ရှ်ဒန်၊ အဲလ်ရာဝက်ဘ်ဒါ၊ အဘူ တာဟာ၊ အဲလ်တာမာရီ၊ အဲလ်မာဒီ၊ အိုလ်ဝန်

အာဂျင်တီးနား – အမ်မီ မာတီနက်ဇ်၊ မွန်တီရယ်၊ အော့တာမန်ဒီ၊ မာတီနက်ဇ်၊ တက်ဂ်လီယာဖီကို၊ လိုဆဲလ်ဆို၊ ပါရီဒက်စ်၊ ပလာစီယို့စ်၊ အဲလ်မာဒါ၊ မက်ဆီ၊ လော်တာရို မာတီနက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ကလည်း ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပေမယ့် ဘောလုံး အဆင့်အတန်း ကတော့ တော်တော်လေး ကွာခြားနေဖို့ ရှိနေပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဂျော်ဒန် နိုင်ရင် ၁၄.၅၀ ဆ၊ အာဂျင်တီးနား နိုင်ရင် ၁.၁၇ ဆ၊ သရေ ဆိုရင်တော့ ၆.၉၀ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း အာဂျင်တီးနား ဘက်ကပဲ ကြေးဖွင့်ထားပြီး ဂိုးပေါင်းကြေး ကလည်း မြင့်ပါတယ်။ ဒီပွဲ ရလဒ်က နှစ်သင်းစလုံး အတွက် အရေးမကြီးပေမယ့် မက်ဆီနဲ့ အာဂျင်တီးနား အတွက်က စံချိန်တွေ ထပ်ချိုးဖို့နဲ့ ဂျော်ဒန် ကတော့ သိက္ခာဆယ်ဖို့ အတွက်တော့ အတိုင်းအတာ တစ်ခု အထိတော့ အရေးပါနေပါတယ်။ အရန်တွေနဲ့ ပွဲထွက်လာရင်တောင် ကမ္ဘာ့ ချန်ပီယံတို့ အတွက် ဂိုးပြတ် အနိုင်ရဖို့ မခက်တဲ့ ပွဲစဉ် ဖြစ်ပါတယ်။

ခန့်မှန်းရလဒ်

ဂျော်ဒန် ၀-၄ အာဂျင်တီးနား

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်