ဘရာဇီးလ် နေမာ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် ရဖို့ အတွက် သူ၏ ကြံ့ခိုင်မှုနဲ့ အရည်အသွေးကို သက်သေပြဖို့ အချိန် နှစ်လ ရှိကြောင်း ဘရာဇီးလ် အသင်း နည်းပြ ကားလို အန်ဆယ်လော့တီက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ လအတွင်း ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာ အတွက် လာမယ့် ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို ကိုယ်စားပြုခွင့် ရရှိဖို့ မရေမရာ ဖြစ်နေချိန်မှာ အခုလို မှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ နိုင်ငံတကာပွဲစဉ်တွေမှာ ဘရာဇီးလ်အသင်းဟာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ခရိုအေးရှားကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေ အတွက် အန်ဆယ်လော့တီက နေမာကို လူစာရင်းကနေ ချန်လှပ်ထားခဲ့ပါတယ်။
နည်းပြ ကာလို အန်ဆယ်လော့တီက L’Equipe နဲ့ အင်တာဗျူးမှာ နေမာရဲ့ ပါဝင်နိုင်ခွင့်နဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “သူဟာ ၁၀၀ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်လာနိုင်စွမ်း ရှိပါတယ်။ သူ့ကို ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ် (CBF) နဲ့ ကျွန်တော် ကိုယ်တိုင်လည်း စောင့်ကြည့်နေပါတယ်။ လာမယ့် ကမ္ဘာ့ဖလားမှာ ကစားဖို့ အရည်အချင်း ရှိတယ် ဆိုတာ သက်သေပြဖို့ သူ့မှာ နှစ်လ အချိန် ရှိနေပါသေးတယ်။” လို့ အန်ဆယ်လော့တီက ဆိုပါတယ်။
နည်းပြက သူ့ရဲ့ ရွေးချယ်မှု စံနှုန်းနဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ရှင်းပြခဲ့ပါတယ်။ “ကျွန်တော် အကြိမ်ကြိမ် ပြောဖူးသလိုပါပဲ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အပြည့်အဝ ရှိတဲ့ ကစားသမားတွေ ကိုပဲ ကျွန်တော် ခေါ်ယူမှာပါ။ ဒီဇင်ဘာလက ဒူးဒဏ်ရာရခဲ့ပြီးနောက် နေမာဟာ ကောင်းကောင်း ပြန်လည် နာလန်ထူလာနေပြီး ဂိုးတွေလည်း သွင်းနေပါတယ်။ သူဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပေမယ့် ကြံ့ခိုင်မှုပိုင်း ကိုတော့ ဆက်လက် မြှင့်တင်ဖို့ လိုအပ်ပါတယ်။” လို့ အန်ဆယ်လော့တီက ဆက်လက် ပြောပါတယ်။
အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ သူ့ရဲ့ ကလပ်ဟောင်း ဆန်းတို့စ် အသင်းကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာကြောင့် ဒီရာသီမှာ ပွဲထွက် ကစားသမား အဖြစ် ၅ ပွဲသာ ပါဝင်နိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီပွဲစဉ်တွေ အတွင်းမှာပဲ ၃ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး (စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၅ ကြိမ်) အထိ စွမ်းဆောင်ထားနိုင်ပါတယ်။
နေမာဟာ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသူ (၇၉ ဂိုး) အဖြစ် ရပ်တည်နေပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ မှာလည်း ထူးခြားတဲ့ မှတ်တမ်းကောင်းတွေ ရှိထားသူ ဖြစ်ပါတယ်။ နေမာဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ် (၂၀၁၄ အပါအဝင်) ယှဉ်ပြိုင်ဖူးပြီး ပွဲစဉ် ၁၃ ပွဲမှာ ၈ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးထားပါတယ်။ ဘရာဇီးလ် သမိုင်းမှာ ရော်နယ်ဒို (၁၉ ဂိုး)၊ ပီလီ (၁၈ ဂိုး) နဲ့ ဂျာဇင်ညို (၁၂ ဂိုး) တို့ ပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံး စတုတ္ထမြောက် ကစားသမား ဖြစ်နေပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ အပတ်က ဆန်းတို့စ် အသင်း အက်သလက်တီကို မင်နဲရိုးကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားနိုင်ခဲ့တာကြောင့် သူ၏ ကြံ့ခိုင်မှုပိုင်း ပြန်လည် တိုးတက်လာတဲ့ လက္ခဏာရပ်တွေကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


