အဲဗာတန် – ဘုန်းမောက်
အခုတစ်ပတ်ပိတ်ရက်မှာကစားမယ့် အဲဗာတန်နဲ့ ဘုန်းမောက် တို့ရဲ့ အက်ဖ်အေဖလားပွဲစဉ် ကလည်းစောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်တလောမှာနည်းပြဟောင်းဒေးဗစ် မွိုက်စ်နဲ့ ရလဒ်တွေပြန်လည် ကောင်းမွန်နေတဲ့ အဲဗာတန်တို့ ခြေစွာနေတဲ့ ဘုန်းမောက်ကိုအိမ်ကွင်းမှာအသာရသွားမလားဆိုတာစိတ်ဝင်စားစရာပါ။
အဲဗာတန်ကဒေးဗစ် မွိုက်စ် လက်ထက်မှာတစ်ပွဲထက် တစ်ပွဲခြေစွမ်းတိုးတက်လာပြီးနောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပါတယ်။အဲဗာတန်တို့ အနိုင်ရခဲ့တဲ့ အသင်းတွေကိုပြန်ကြည့်ရင် စပါးနဲ့ ဘရိုက်တန် တို့လိုအသင်းတွေလည်းပါဝင်နေလို့ ခြေစွမ်းက လျှော့တွက်လို့ မရပါဘူး။ အဲဗာတန်ကခံစစ်ကိုကျစ်ကျစ်လျစ်လျစ် ကစားနိုင်ပြီးနောက်ပိုင်းပွဲတွေမှာတိုက်စစ် ကစားပုံတိုးတက်လာတာကြောင့် ဂိုးတွေလည်းမြူးနေတာတွေ့ရပါတယ်။ အဲဗာတန်ဟာအက်ဖ်အေဖလားတတိယအဆင့် မှာတော့ အောက်တန်းအသင်းပီတာဘရော့ကိုကျော်ဖြတ်လာခဲ့တာဖြစ်လို့ သိပ်တော့ မခက်ခဲခဲ့ပါဘူး။ တစ်ခုရှိတာကအဲဗာတန်ဟာဘုန်းမောက်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ကြိမ် စလုံးအသာမရခဲ့ပါဘူး။
ဘုန်းမောက် ကတော့ ပြီးခဲ့တဲ့ ပွဲမှာလစ်ဗာပူးလ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲဆက် ရှုံးပွဲမရှိတဲ့ စံချိန်ကောင်းတစ်ခုရပ်တန့်သွားခဲ့ရပါတယ်။ဒါပေမယ့်လည်းလစ်ဗာပူးလ်လိုအသင်းကိုရင်ဆိုင်ခဲ့ရတာဖြစ်ပြီးဒီပွဲမှာပြန်လည် ရုန်းထနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ ဒါ့အပြင် ဘုန်းမောက်ကအဲဗာတန်နဲ့ နောက်ပိုင်းတွေ့ဆုံမှုတွေမှာရလဒ်ကောင်းတတ်တဲ့ အသင်းဆိုတာကိုလည်းမေ့ထားလို့ မရပါဘူး။ ဘုန်းမောက်ဟာ High Pressing ကိုကောင်းကောင်းကစားတတ်သလိုပြိုင်ဘက်တိုင်းကိုဘယ်လိုအနိုင်ယူရမလဲဆိုတာသိတဲ့ အသင်းကောင်းတစ်သင်းဖြစ်လို့ အဲဗာတန်တို့ သတိထားကစားဖို့ လိုအပ်ပါတယ်။ဘုန်းမောက်ဟာပြီးခဲ့တဲ့ အက်ဖ်အေဖလားတတိယအဆင့် မှာတော့ ဝက်စ်ဘရွန်းကိုပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
ဘုန်းမောက် ဘက်မှာတော့ စမစ်၊ စကော့တ်၊ အူနဲလ်၊ အီဗန်နီလ်ဆင်၊ ဟေးလ်၊ အာရူဟို၊ စင်နီစတာရာ၊ ဆီနက်စီတို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ်လူစာရင်း
![အဲဗာတန်ဟာအက်ဖ်အေဖလားတတိယအဆင့်မှာတော့အောက်တန်းအသင်းပီတာဘရော့ကိုကျော်ဖြတ်လာခဲ့တာဖြစ်လို့သိပ်တော့မခက်ခဲခဲ့ပါဘူး။](https://olahragamania.com/wp-content/uploads/2025/02/Premier-League-2024-25-Bournemouths-Justin-Kluivert-1-1.jpg)
အဲဗာတန် -ပစ်ခ်ဖို့ဒ်၊ ပတ်တာဆန်၊ တာကောစကီး၊ ကိန်း၊ ယန်း၊ ဟာရစ်ဆင်၊ ဂါနာ၊ ဂူရီ၊ အီရိုးဘူနမ်၊ အန်ဒီရာရီ၊ ဘီတို
ဘုန်းမောက် – ကီပါ၊ ကွတ်ခ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ အဒမ်စ်၊ ဝင်းတားဘန်း၊ ဘရွတ်ခ်၊ တာဗာနီယာ၊ ဂျက်ဘီဆင်၊ အော့တာရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲရလဒ်
ဒီနှစ်သင်းက ၁၈ ကြိမ် တွေ့ဆုံရာမှာအဲဗာတန်က ၇ ကြိမ် အနိုင်ရထားပြီးဘုန်းမောက်က ၉ ကြိမ် အနိုင်ရကာ ၂ ကြိမ် ကတော့ သရေကျထားပါတယ်။ဒီပြိုင်ပွဲမှာတော့ ၂၀၁၆ ခုနှစ်ကတစ်ကြိမ်သာတွေ့ဆုံထားခဲ့ပြီးအဲဗာတန်က ၂-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ဂွတ်ဒီဆင်ပါ့ခ် မှာတော့ အဲဗာတန်က ၃ ကြိမ် အနိုင်ရပြီးဘုန်းမောက်က ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်တွေကိုပြန်ကြည့်ရင်တော့ အဲဗာတန်က ၄ ပွဲနိုင်၊ ၁ ပွဲရှုံးပြီးဘုန်းမောက်က ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1X2 မှာအဲဗာတန် နိုင်ရင်၂.၅၇ဆ၊ဘုန်းမောက်နိုင်ရင်၂.၃၉ဆနီးပါးနဲ့သရေဆိုရင်တော့၃.၁၈ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့ဒဲ့ကြေးနဲ့ ဘုန်းမောက် ဘက်ကခပ်ပါးပါးပေးထားပြီးဂိုးပေါင်းကတော့ ၃ လုံးဆိုတာနဲ့ ပျော်ရွှင်ရမယ့် ကြေးမျိုးပါ။ ဘုန်းမောက်ကခြေစွာနေသလိုအဲဗာတန် ကလည်းပုံစံကောင်းပြန်ရနေပါပြီ။ ခန့်မှန်းရခက်တဲ့ ပွဲစဉ် ဖြစ်ပြီး ကျွန်တော် ကတော့ အိမ်ရှင် အဲဗာတန်နဲ့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
အဲဗာတန် ၂-၁ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (![]() |
|||
---|---|---|---|
![]() |
![]() |
![]() |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.