၂၀၂၅ ရှမ်းယူနိုက်တက် ကတော့ ပွဲပေါင်း (၁၀၀) ဆက်တိုက် ရှုံးပွဲ မရှိ ဆိုတဲ့ သမိုင်းဝင် စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။ ရှမ်းအသင်းဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီရဲ့ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်လာခဲ့သလို နောက်ဆုံး (၈) ကြိမ်မှာ (၇) ကြိမ် အထိ ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာလိဂ်ရဲ့ ၆ နှစ် ဆက်တိုက် ချန်ပီယံ အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပခဲ့တဲ့ အမှတ်ပေး ဘောလုံးပြိုင်ပွဲရဲ့ ရာသီပိတ် နောက်ဆုံး ပွဲစဉ်များကို မတ်လ ၁၈ ရက် ညနေက ရန်ကုန်မြို့ YUSC ကွင်းမှာ ရန်ကုန်ယူနိုက်တက်နဲ့ ဒဂုံစတားယူနိုက်တက်၊ တောင်ကြီးမြို့ ပြည်နယ် အားကစားကွင်းမှာ ရှမ်းယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အမှတ်ပေးပွဲစဉ်များ အားလုံး ပြီးဆုံးချိန်မှာ ရှမ်းယူနိုက်တက်က ချန်ပီယံဆုကို ထိုက်ထိုက်တန်တန်ပဲ ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
နောက်ဆုံး ပွဲစဉ်တွေ မတိုင်ခင် အဆင့် ၁ နေရာက ရှမ်းယူနိုက်တက်နဲ့ အဆင့် ၂ နေရာက ရန်ကုန် ယူနိုက်တက် အသင်းတို့ အကြား ရမှတ် ကွာဟချက် တစ်မှတ်သာ ရှိနေတာကြောင့် ပွဲစဉ်တွေကို တစ်ပြိုက်နက်တည်း ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဆုပေးပွဲ အခမ်းအနား ကိုပါ YUSC နဲ့ တောင်ကြီးကွင်းတွေမှာပါ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်က ဒဂုံစတားယူနိုက်တက်ကို ၄ ဂိုးပြတ်၊ ရှမ်းယူနိုက်တက်က ဟံသာဝတီယူနိုက်တက်ကို ၁-၀နဲ့ အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်က ရမှတ် ၅၈ မှတ်နဲ့ ချန်ပီယံဆုကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရရှိသွားခဲ့တာပါ။ ရှမ်းယူနိုက်တက်ဟာ မြန်မာနေရှင်နယ်လိဂ် ၂၂ ပွဲ ကစားရာမှာ ၁၈ ပွဲနိုင်၊ ၄ ပွဲ သရေ၊ ရှုံးပွဲ မရှိပဲ ချန်ပီယံဆုကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်ဟာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဆုဖလားကို ၇ ကြိမ်မြောက်နဲ့ ၆ ကြိမ်ဆက် ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းယူနိုက်တက် အသင်းရဲ့ ရှုံးပွဲ မရှိ စံချိန် မှတ်တမ်း ကလည်း စုစုပေါင်း ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား စအောင်ပြည့်ကို ကလည်း ဒီနှစ် မြန်မာနေရှင်နယ်လိဂ်ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ၁၇ ဂိုးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက် ကတော့ မြန်မာ့ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့်မှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရယူထားနိုင်ဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီနောက်ပိုင်း ဘောလုံးရာသီတွေမှာ ရှမ်းယူနိုက်တက်ဟာ ပြိုင်ဘက်ကင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆုတွေကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ဆဲလည်း ဖြစ်ပါတယ်။
ရှမ်းယူနိုက်တက်ရဲ့ ချန်ပီယံ ခရီးစဉ်ကို ကြည့်ရင် အဓိက ထူးခြားချက်က “ တည်ငြိမ်မှု” ဖြစ်ပါတယ်။ ရာသီအစ ကနေ အဆုံးထိ ရှုံးပွဲမရှိ စွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေဟာ အသင်းရဲ့ စည်းလုံးမှုနဲ့ နည်းပြ အဖွဲ့ရဲ့ နည်းဗျူဟာပိုင်း အားကောင်းမှုကို သက်သေပြနေတာပါ။ အထူးသဖြင့် အိမ်ကွင်း ဖြစ်တဲ့ တောင်ကြီးကွင်းမှာ ကစားရတဲ့ ပွဲစဉ်တိုင်းဟာ ပြိုင်ဘက်တွေ အတွက် ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ရှမ်းယူနိုက်တက်ဟာ ပြည်တွင်း ပြိုင်ပွဲမှာ ဂိုးပေးရမှု နည်းပါးသလို၊ ရရှိလာတဲ့ အခွင့်အရေးတွေ ကိုလည်း အပိုင်အသုံးချနိုင်တဲ့ တိုက်စစ် ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ အသင်းမှာ အတွေ့အကြုံရင့် ပြည်တွင်း ကစားသမားတွေနဲ့အတူ တက်သစ်စ လူငယ်ခြေတက်တွေကို စနစ်တကျ ပေါင်းစပ်ထားနိုင်တာက အောင်မြင်မှုရဲ့ လျှို့ဝှက်ချက် တစ်ခု ဖြစ်နေပုံပါပဲ။
တစ်ဖက်မှာ ရန်ကုန်ယူနိုက်တက် ကတော့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွေ အပြီးမှာ ၂၂ ပွဲကစား၊ ၁၈ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၅၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒဂုံစတားယူနိုက်တက်က အသင်း သမိုင်းတလျှောက်မှာ အမြင့်ဆုံး ရပ်တည်မှု အဖြစ် တတိယနေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒဂုံစတားယူနိုက်တက်က တစ်ရာသီကို အဆင့် တစ်ဆင့်ဆီ ခုန်တက်လာနိုင်ခဲ့တာ ဖြစ်ပြီး ၂၀၂၃ ရာသီမှာ အဆင့် ၅၊ ၂၀၂၄-၂၅ ရာသီမှာ အဆင့် ၄ နှင့် ဒီရာသီ ၂၀၂၅-၂၆ ရာသီ မှာတော့ တတိယနေရာမှာ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


