စီးရီးအေ ကလပ် နာပိုလီ ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ယူနိုက်တက် တောင်ပံ ကစားသမား အလက်ဟန်ဒရို ဂါနာချိုကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြောင်းအရွှေ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပျက်သွားခဲ့ပြီးတော့ အာဂျင်တီးနာသား ကလည်း ယူနိုက်တက်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
မန်နာက “ဂါနာချိုက ကျွန်တော်တို့ ကြိုက်တဲ့ ကစားသမား တစ်ယောက် ဖြစ်ပြီးတော့ ကျွန်တော်တို့ သဘောကျခဲ့သူပါ။ ခါဗစ်ချာ ခါဗရာစခီလီယာ မထွက်ခွာခင် ကတည်းက သူ့ကို ကျွန်တော်တို့ စဉ်းစားခဲ့ပါတယ်။ တွေ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တို့ ယူနိုက်တက်ကို အလွန် အရေးကြီးတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့လည်း နီးစပ်ခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး “ဇန်န၀ါရီလမှာ ပရီးမီးယားလိဂ် ကနေ ထွက်ခွာဖို့နဲ့ ဇူလိုင်လမှာ ထွက်ခွာရတာ မတူညီတာကြောင့် ကစားသမားက ငွေကြေးအရ စိတ်ကျေနပ်မှု ရချင်ပုံပါပဲ။ အဲဒါက ကျွန်တော်တို့ အခု မလုပ်နိုင်တဲ့ အရာပါ၊ ကျွန်တော်တို့ လုပ်ဖို့လည်း ဆန္ဒ မရှိသလို မမှန်ဘူးလို့လည်း ထင်ပါတယ်။ ပျမ်းမျှ လစာပေးချေထားတဲ့ အ၀တ်လဲခန်းထဲကို လစာ အလယ်အလတ် ကနေ မြင့်မားစွာ ပေးချေရတဲ့ လူငယ် ကစားသမားကို ခေါ်လာတဲ့ အခါမှာ အရေးပါတဲ့ အလုပ်တွေကို လုပ်နေတဲ့ ကစားသမားတွေ အတွက် မှန်ကန်တယ်လို့ မထင်ပါဘူး။” လို့ မန်နာက ပြောကြားသွားခဲ့ပါသေးတယ်။
![ဒါ့အပြင် မန်နာရဲ့ ပြောကြားချက်အရ ဆိုရင် စီးရီးအေ ကလပ် နာပိုလီက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ ညှိနှိုင်း ဆွေးနွေးတဲ့ နေရာမှာလည်း အဆင်မပြေ ဖြစ်ခဲ့ပုံရပါတယ်။](https://olahragamania.com/wp-content/uploads/2025/02/Europa-League-2024-25-Manchester-Uniteds-Alejandro-Garnacho.jpg)
ခါဗစ်ချာ ခါဗရာစခီလီယာ ကတော့ ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ စီးရီးအေ ကလပ် နာပိုလီ ကနေ ပီအက်စ်ဂျီကို အံ့အားသင့်ဖွယ် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နာပိုလီက ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်နဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဂါနာချိုကို အသေအချာ ကြိုးပမ်းခဲ့ပြီး ခေါ်ယူနိုင်ဖို့လည်း တော်တော်လေး နီးစပ်ခဲ့ပါတယ်။ ကလပ် နှစ်ခုဟာ အလားအလာ ရှိတဲ့ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းခဲ့ပေမယ့်လည်း နာပိုလီ ဘက်က ဂါနာချို အတွက် ယူနိုက်တက် လိုချင်တဲ့ ပေါင် သန်း ၅၀ ကနေ ပေါင် သန်း ၇၀ ဝန်းကျင် ပေးချေဖို့တော့ အဆင်သင့် မဖြစ်သေးကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ဒါ့အပြင် မန်နာရဲ့ ပြောကြားချက်အရ ဆိုရင် စီးရီးအေ ကလပ် နာပိုလီက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ ညှိနှိုင်း ဆွေးနွေးတဲ့ နေရာမှာလည်း အဆင်မပြေ ဖြစ်ခဲ့ပုံရပါတယ်။
တစ်ဖက်မှာလည်း ဂါနာချိုကို ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်း ဖြစ်တဲ့ ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပြီး နည်းပြ ဖြစ်သူ အမော်ရင် ကတော့ အသင်းမှာပဲ ဆက်ထိန်းထားလိုခဲ့ပါတယ်။ အမော်ရင်က ဂါနာချိုကို ပွဲထွက်ကစားချိန် ပိုပေးခဲ့သလို ကစားသမား အနေနဲ့လည်း ပြီးခဲ့တဲ့ တစ်လလုံးမှာ ပွဲစဉ် ၄ ပွဲအထိ ပထမလူစာရင်းမှာ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
နောက်ထပ် ရရှိတဲ့ သတင်းတွေ မှာတော့ ယူနိုက်တက်ဟာ ဂါနာချိုကို ရောင်းချဖို့ ဆန္ဒမရှိပေမယ့်လည်း လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ လူစာရင်းကို ပြန်လည် ပြင်ဆင်ရမှာ ဖြစ်တာကြောင့်တော့ ဒီကစားသမား ဆီက ရတဲ့ ငွေကြေး တစ်ရပ်နဲ့ လိုအပ်တဲ့ ရန်ပုံငွေတွေ ရှာဖွေသွားဖွယ်တော့ ရှိနေပါတယ်။ သေချာတာက ယူနိုက်တက်ဟာ ဂါနာချိုကို ဈေးပေါပေါနဲ့ ရောင်းထုတ်မှာတော့ မဟုတ်ပဲ အနည်းဆုံး ပေါင်သန်း ၅၀ နဲ့ အထက် ရရှိမှသာ စတင် စဉ်းစားသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဆောင်းရာသီ အပြောင်းအရွှေ့ မှာတော့ ကစားသမား အဝင် အနေနဲ့ ပက်ထရစ် ဒေါဂူနဲ့ အေဒန် ဟေးဗန်း တို့ကို ခေါ်ယူခဲ့ပြီး အထွက် အနေနဲ့ ကတော့ တိုင်ရဲလ် မလာစီယာကို အငှား+ယူရို ၁၀ သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ ပီအက်စ်ဗွီ၊ ရက်ရှ်ဖို့ဒ်ကို အငှား+ပေါင်သန်း ၄၀ တန် အပြီးသတ် ခေါ်ယူခွင့်နဲ့ အက်စတွန်ဗီလာ၊ အန်တိုနီ ကိုတော့ အပြီးသတ် ခေါ်ယူခွင့် မပါတဲ့ အငှားနဲ့ ဘက်တစ်ဆီ လက်လွှတ်ထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.