လက်စတာစီးတီးရဲ့ အင်္ဂလန် ဝါရင့် တိုက်စစ်မှူးဟောင်းကြီး ဂျေမီ ဗာဒီ ကတော့ လက်ရှိမှာလည်း အီတလီမြေမှာ အစွမ်းကုန် တောက်ပပြနေဆဲ ဖြစ်ပါတယ်။ ခရီမိုနိစ်မှာ ကစားနေတဲ့ ဂျေမီ ဗာဒီဟာ အခုဆိုရင် နိုဝင်ဘာလရဲ့ စီးရီးအေ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
လက်ရှိမှာ အသက် ၃၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဗာဒီက ပြီးခဲ့တဲ့ နွေရာသီကမှ သူ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ လက်စတာစီးတီး ကို စွန့်ခွာလာခဲ့ပြီး ခရီမိုနိစ်ကို အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ခရီမိုနိစ်ဟာ ဗာဒီကို ၁ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အကယ်၍ အသင်းက ဒီရာသီ စီးရီးအေမှာ တန်းမဆင်းခဲ့ရဘူး ဆိုရင်တော့ နောက်ထပ် ၁ နှစ် စာချုပ် သက်တမ်းတိုးမှာ ဖြစ်ပါတယ်။
ဗာဒီက ခရီမိုနိစ် အတွက် စတင် ပါဝင်ကစားချိန်က စလို့ ပုံစံကောင်းတွေ တောက်လျောက် ပြသနေပြီး ပြိုင်ပွဲစုံ မှာတော့ ၁၀ ပွဲ ကစား၊ ၄ ဂိုး သွင်းယူထားနိုင်ပါတယ်။ ဒါကြောင့် ဗာဒီက နိုဝင်ဘာလ အတွက် စီးရီးအေ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို တခြားသော နာမည်ကျော် ကစားသမားတွေကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဦးဆုံး အင်္ဂလိပ် ကစားသမား အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

စီးရီးအေရဲ့ အကောင်းဆုံး ကစားသမားဆုကို ပရိသတ်တွေက မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပြီးတော့ ဗာဒီဟာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်၊ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်၊ နာပိုလီက ဒေးဗစ် နီရတ်စ်နဲ့ အိုစတီဂတ်၊ အူဒီးနီးစ် တိုက်စစ် ကစားသမား ဇန်နီအိုလိုတို့ထက် မဲအရေအတွက် အသာနဲ့ ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
ခရီမိုနိစ်ဟာ လက်ရှိ စီးရီးအေမှာ အမှတ်ပေးဇယား အဆင့် ၉ နေရာ ရပ်တည်နေပြီးတော့ နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ အမှတ်ပေး ပွဲစဉ် ၃ ပွဲစလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် ဂျေမီ ဗာဒီ ကလည်း အဲဒီ ၃ ပွဲမှာ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် စီးရီးအေရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗာဒီဟာ ပြီးခဲ့တဲ့ နွေရာသီက ခရီမိုနိစ်ကို ရောက်ရှိလာခဲ့ပေမယ့် မိနစ်ပေါင်း ၈၀၀ နီးပါးသာ ကစားထားရပါသေးတယ်။
အင်္ဂလန် တိုက်စစ်မှူး ဗာဒီဟာ လက်စတာစီးတီးမှာ ပွဲပေါင်း ၅၀၀ ကစားပြီး ဂိုး ၂၀၀ အထိ သွင်းယူခဲ့သလို ဂိုး ဖန်တီးမှု ၇၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဂန္တဝင် ကစားသမား ဖြစ်ခဲ့သူပါ။ သူဟာ လက်စတာ အတွက် သမိုင်းဝင် အောင်မြင်မှု အဖြစ် ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဗာဒီဟာ အင်္ဂလန် အတွက် ၂၀၁၅ ခုနှစ် ကနေ ၂၀၁၈ ခုနှစ် အထိ ၂၆ ပွဲသာ ကစားခဲ့ရပြီး ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


