နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လွန်ခဲ့တဲ့ ၃ ရာသီ အတွင်း ကိုမိုရဲ့ တိုးတက် ပြောင်းလဲလာမှုကို ချီးကျူးလိုက်တဲ့ ဖာဘရီဂတ်စ် | စီးရီးအေ

ကိုမို အသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၄ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့တာကြောင့် စီးရီးအေ ပြိုင်ပွဲ တစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့ပါတယ်။ နည်းပြ ဆက်စ် ဖာဘရီဂတ်စ် ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ သူ တာဝန်ယူခဲ့ချိန်ကတည်းက စတင်ခဲ့တဲ့ ကိုမို အသင်းရဲ့ “မကြုံစဖူး” တိုးတက် ပြောင်းလဲလာမှု အပေါ် အလွန် ဝမ်းမြောက် ကျေနပ်နေတာ ဖြစ်ပါတယ်။

ဖာဘရီဂတ်စ်ဟာ ၂၀၂၃ ခုနှစ်မှာ ကိုမို အသင်းရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် စတင် ပူးပေါင်းခဲ့ပြီး အသင်းကို စီးရီးအေဆီ တန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၄-၂၅ ရာသီ မတိုင်ခင် မှာတော့ ဆက်စ်က နည်းပြ အဖြစ် တရားဝင် တာဝန်ယူခဲ့တာပါ။ အဲဒီရာသီမှာပဲ ကိုမို အသင်းဟာ အဆင့် ၁၀ နေရာမှာ ရောက်ရှိခဲ့ပြီး ၁၉၈၇ ခုနှစ် (အဆင့် ၉ ရခဲ့စဉ်) နောက်ပိုင်း အသင်းရဲ့ အကောင်းဆုံး ရလဒ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ စီးရီးအေ နောက်ဆုံး ပွဲစဉ် မှာတော့ အဆင့် ၄ နေရာကို ဆုတ်ကိုငနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ရလဒ်ကောင်းတွေကြောင့် အင်တာမီလန်၊ နာပိုလီ၊ အေစီမီလန်နဲ့ ချဲလ်ဆီး စတဲ့ ကလပ် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပေမယ့် ဖာဘရီဂတ်စ် ကတော့ ကိုမိုမှာပဲ ဆက်လက် ရှိနေဖို့ ရွေးချယ်ခဲ့ပါတယ်။ တချို့က အသင်းဆီ ကစားသမားသစ်တွေ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား ပြုလုပ်ခဲ့တာကြောင့် ဒီလို တိုးတက်လာတာလို့ သုံးသပ်ကြပေမယ့် ဖာဘရီဂတ်စ် ကတော့ ကိုမို အသင်း အနေနဲ့ မျှော်မှန်းထားတာထက် ပိုပြီး စွမ်းဆောင်နိုင်ခဲ့တာလို့ ထောက်ပြခဲ့ပါတယ်။

“ကိုမိုအသင်း ငွေကြေး သုံးစွဲခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် အသင်းရဲ့ တိုးတက်မှုနှုန်း ကတော့ တကယ့်ကို မကြုံစဖူး မြန်ဆန်ခဲ့တာပါ။ ပီအက်စ်ဂျီ အသင်း ဆိုရင် ယူရို သန်းပေါင်း များစွာ အကုန်အကျခံခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလား ရဖို့ ၁၅ နှစ်လောက် စောင့်ခဲ့ရတယ်။ အာဆင်နယ် ဆိုရင်လည်း ပရီးမီးယားလိဂ် ဖလား ပြန်ရဖို့ ၇ နှစ် စောင့်ခဲ့ရတာပါ။ ကျွန်တော်က သုံးစွဲလိုက်တဲ့ ငွေကြေးထက် အသင်းနဲ့ ကစားသမား တစ်ဦးချင်းစီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ဘယ်လို ထုတ်ယူမလဲ ဆိုတာ ကိုပဲ ပိုအာရုံစိုက်ပါတယ်။ တကယ်တော့ ကျွန်တော်တို့အသင်းရဲ့ လစာစရိတ်ဟာ အများကြီး မဟုတ်ပါဘူး။ လိဂ်ထဲမှာ ကျွန်တော်တို့ထက် လစာပိုပေးထားတဲ့ အသင်းပေါင်း ၈ သင်း၊ ၉ သင်းမက ရှိပါသေးတယ်” လို့ ဖာဘရီဂတ်စ်က La Gazzetta dello Sport သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ စီးရီးအေ နောက်ဆုံး ပွဲစဉ် မှာတော့ အဆင့် ၄ နေရာကို ဆုတ်ကိုင်နိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ကိုပါ အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
နီကို ပက်ဇ်ကို ကာကာနဲ့ နှိုင်းယှဉ် ချီးကျူးခဲ့တဲ့ ဆက်စ် ဖာဘရီဂတ်စ်

အသင်းမှာ ဆက်လက် ရှိနေမယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း “ကျွန်တော် ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီဆိုရင် ပြန်မပြင်တတ်ပါဘူး။ ဒါကြောင့် ကိုမို ကနေ ထွက်ခွာဖို့ အခွင့်အလမ်း မရှိခဲ့ပါဘူး။ အသင်း ဥက္ကဋ္ဌနဲ့လည်း လေးစားမှု တစ်ခု အနေနဲ့ တခြား အသင်းတွေရဲ့ ကမ်းလှမ်းမှုကို နားထောင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ ရပ်တည်ချက်နဲ့ အကြောင်းပြချက်တွေကို သဲသဲကွဲကွဲ ရှင်းပြခဲ့ပါတယ်” လို့ ဆိုပါတယ်။

ကိုမိုရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခု ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ ပြန်လည် ဝယ်ယူခွင့် သုံးစွဲချင်မှုကို ငြင်းဆန်ပြီး အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တဲ့ နီကို ပက်ဇ် ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ်ရှိ အာဂျင်တီနားသားက ပြိုင်ပွဲစုံ ၇၅ ပွဲ ကစားထားပြီး ဖြစ်ကာ ဂိုးပေါင်း ၃၆ ဂိုး (၁၉ ဂိုး သွင်း၊ ၁၇ ဂိုး ဖန်တီး) မှာ တိုက်ရိုက် ပါဝင်ပတ်သက်ထားသူလည်း ဖြစ်ပါတယ်။

“နီကို ပက်ဇ်မှာ ရုပ်ပိုင်းဆိုင်ရာရော အရည်အသွေးပါ ပြည့်စုံပါတယ်။ သူနဲ့ စကားပြောရင် ထိပ်တန်း ရောက်ချင်တဲ့ ဆန္ဒ ဘယ်လောက်ရှိလဲ ဆိုတာကို အမြဲ အကဲခတ်ပါတယ်။ နီကိုမှာ အံ့ဩစရာကောင်းတဲ့ သတ္တိ၊ အမြင်နဲ့ ရည်မှန်းချက်တွေ ရှိတယ်။ အသက် ၂၁ နှစ်ပဲ ရှိသေးပေမယ့် ဆယ်စုနှစ် တစ်ခုမက ကစားထားတဲ့ ဝါရင့် ကစားသမား တစ်ယောက်လိုပါပဲ။ လူငယ် ကစားသမားတိုင်းလိုပဲ သူ့ကို ကစားသမား တစ်ယောက် အနေနဲ့ရော လူတစ်ယောက် အနေနဲ့ပါ တိုးတက်လာအောင် တွန်းအားပေးနေဖို့ လိုပါတယ်။ အဲဒီလိုလုပ်မှပဲ ဂျူဗင်တပ်စ်၊ အင်တာမီလန် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေနဲ့ ထိုက်တန်တဲ့ ကစားသမား တစ်ယောက် ဖြစ်လာမှာပါ” လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။

ပက်ဇ်ကို ဂန္ထဝင်ကစားသမား ကာကာနဲ့ နှိုင်းယှဉ်ကြတာနဲ့ ပတ်သက်လို့လည်း “ကာကာက နည်းနည်း ပိုပြီး အရှိန်အဟုန်ပြင်းပါတယ်။ သူနဲ့ အင်နီယေစတာလို ကစားသမားတွေ ဆွဲထွက်သွားရင် တားရတာ မလွယ်ပါဘူး။ နီကို ကတော့ နည်းနည်းပိုပြီး ရုပ်ပိုင်းဆိုင်ရာ အားသာတယ်၊ နေရာယူပုံ ပိုမှန်တယ်၊ သူ့ခန္ဓာကိုယ်ကို အခြားသူတွေနဲ့ မတူတဲ့ ပုံစံနဲ့ အသုံးပြုတတ်တယ်။ ဂိုးသွင်းဖို့ အမြဲတမ်း စိတ်စွဲလမ်းနေပြီး အဆုံးသတ် ဖန်တီးမှုတွေ ကောင်းမွန်သလို ပွဲကို ပိုပြီး နားလည်လာခဲ့ပါပြီ။ သူဟာ တကယ့် ပါရမီရှင် တစ်ယောက်ပါ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်