ဒီကနေ့ ညမှာတော့ စီးရီးအေ အမှတ်ပေးဇယား ထိပ်က အင်တာမီလန်နဲ့ အေစီမီလန် တို့ရဲ့ မီလန်ဒါဘီ ထိပ်တိုက်တွေ့ဆုံမှု ရှိနေပါတယ်။ အင်တာမီလန် နည်းပြ ခရစ္စတီယန် ချီဗူးဟာ အေစီမီလန်ကို အနိုင်ရရှိပြီး စီးရီးအေ ဇယားထိပ်မှာ ၁၃ မှတ် အထိ ဖြတ်ကာ ဦးဆောင်နိုင်ဖို့ အတွက် ၎င်းရဲ့ အသင်းသားတွေကို တိုက်စစ်ဖွင့် ကစားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်း ချန်ပီယံလိဂ် ပလေးအော့ဖ်မှာ ဘိုဒို/ဂလင့်မ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာကြောင့် အခြေအနေတွေ ခက်ခဲခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုလာမယ့် မီလန် ဒါဘီ ပွဲစဉ်မှာသာ ပြိုင်ဘက် အေစီမီလန်ကို အနိုင်ရရှိခဲ့ရင် စကူဒက်တို ဖလားကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ တော်တော်လေးလည်း နီးစပ်သွားမှာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ နိုဝင်ဘာလက အေစီမီလန်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း စီးရီးအေ ပွဲစဉ်တွေမှာ ရှုံးပွဲ လုံးဝ မရှိသေးပါဘူး။ ဒါကြောင့် ဒီပွဲမှာ အနိုင်ရရှိခဲ့ရင် ၂၀၀၆-၂၀၀၇ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် စီးရီးအေ အဝေးကွင်း ၁၀ ပွဲ ဆက်တိုက် အနိုင်ရရှိတဲ့ စံချိန်ကို တင်နိုင်မှာ ဖြစ်ပါတယ်။
ရိုမေးနီးယား လူမျိုး နည်းပြ ခရစ္စတီယန် ချီဗူးက ဒီရာသီ အလှည့်အပြောင်းက အေစီမီလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲ မဟုတ်ဘဲ ဇန်နဝါရီက နာပိုလီနဲ့ ၂-၂ ရလဒ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ် ဖြစ်ကြောင်း၊ အဲဒီပွဲ အပြီးမှာ စီးရီးအေ ပွဲစဉ် ၈ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ကြောင်း ယုံကြည်နေပါတယ်။ ဒါကြောင့် အေစီမီလန်နဲ့ ပွဲစဉ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ခရစ္စတီယန် ချီဗူးက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။

“ဒီနှစ်အစကတည်းက ကျွန်တော်တို့ တိုးတက်လာခဲ့သလို ပွဲစဉ်တွေ အပေါ် ချဉ်းကပ်ပုံလည်း ပြောင်းလဲလာပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဘယ်ပြိုင်ဘက် ကိုမှ လျှော့မတွက်သလို အထင်လည်း မကြီးလွန်းတော့လို့ပါ။ မီလန်မှာ တစ်ဦးချင်း အရည်အသွေး ကောင်းတဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကတော့ အကောင်းဆုံး ပုံစံနဲ့ ရှိနေရပါမယ်။ ဘိုဒိုနဲ့ ပွဲလိုမျိုး စိတ်ပျက်စရာ ရှုံးနိမ့်မှုတွေ ကနေ ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ခဲ့သလဲ ဆိုတာကို အခုပွဲ မှာလည်း တသမတ်တည်း ပြသနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ချီဗူးက ဆိုပါတယ်။
တစ်ဖက် မှာလည်း အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီက ၂၀၁၀-၁၁ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အင်တာမီလန်ကို တစ်ရာသီ အတွင်း နှစ်ကျော့စလုံး အနိုင်ရရှိဖို့ ကြိုးပမ်းနေပါတယ်။ အယ်လီဂရီက စီးရီးအေ ဇယားထိပ်က အင်တာမီလန် အသင်းကို ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အပေါ် စိတ်လှုပ်ရှားနေကြောင်း အခုလို ပြောကြားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ အေစီမီလန်က ၃ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျကာ မက်စ် အယ်လီဂရီရဲ့ အသင်း အသာရခဲ့တာကို တွေ့ရမှာပါ။
“ဒါဘီပွဲ ဆိုတာ အမြဲတမ်း ထူးခြားတဲ့ ပွဲပါ။ ကစားရတာရော၊ ခံစားရတာရော အရမ်း လှပပါတယ်။ ဒါဟာ အားကစားလောကရဲ့ ကောင်းမွန်တဲ့ ညတစ်ည ဖြစ်လာမှာ သေချာပါတယ်။ ဒါပေမယ့် ဒါဘီပွဲ ကနေ ရတဲ့ ၃ မှတ် ဟာလည်း နောက်အပတ်က ၃ မှတ်နဲ့ အတူတူပါပဲ။ အသင်းကောင်း တစ်သင်းကို ရင်ဆိုင်ရမှာမို့လို့ မလွယ်ကူပေမယ့် ကျွန်တော်တို့ ရလဒ်ကောင်း ရအောင် ကြိုးစားသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။
မက်စ် အယ်လီဂရီဟာ ၎င်းအား ရီရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေ ကိုလည်း ငြင်းဆိုခဲ့ပါတယ်။ အယ်လီဂရီက သူဟာ အေစီမီလန်နှင့် ၂၀၂၇ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးကြောင်း၊ ဇူလိုင်လ ကမှ အသင်းကို ပြန်လည် စတင်ခဲ့ခြင်း ဖြစ်ပြီး အနာဂတ် အတွက် ဆက်လက် အလုပ်လုပ်သွားမှာ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


