နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းသားတွေနဲ့ ပရိသတ်တွေ အကြားမှာ စည်းလုံးမှု ရှိဖို့ တိုက်တွန်းလိုက်တဲ့ အေစီမီလန် ကြယ်ပွင့် | စီးရီးအေ

အေစီမီလန် ကတော့ ညက ကစားသွားတဲ့ စီးရီးအေ လက်ကျန် ပွဲစဉ်မှာ ကိုမိုနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲမှာ အေစီမီလန်က ကိုမိုကို အိမ်ကွင်း ဆန်စီရိုမှာ ဧည့်ခံကစားခဲ့ရပေမယ့် ခြေစွမ်းပိုင်း အားရစရာ မရှိခဲ့ပဲ အဖိုးတန် ရမှတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲ အပြီးမှာ အေစီမီလန် ကြယ်ပွင့် ရာဖေးလ် လီယာအိုက အမှတ်ပေးဇယား ထိပ်ပိုင်းက အင်တာမီလန်ကို ဆက်လက် ဖိအားပေးနိုင်ဖို့ အသင်းသားတွေနဲ့ ပရိသတ်တွေ အကြားမှာ စည်းလုံး ညီညွတ်ကြဖို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

အဲဒီ ပွဲမှာ ပွဲစပြီး မိနစ် ၃၀ ကျော်မှာတင် မီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ရဲ့ ဆိုးရွားလှတဲ့ အမှား ကနေ တစ်ဆင့် ကိုမို ကွင်းလယ် တိုက်စစ် ကစားသမား နီကိုပက်ဇ်က အခွင့်အရေးကို အမိအရ အသုံးချကာ ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ရာဖေးလ် လီယာအိုက ကိုမို ဂိုးသမား ဂျင်း ဘူတက်ဇ်ကို ကျော်ဖြတ်ကာ ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ဒီသရေ ရလဒ်ကြောင့် မက်စီမီလီယာနို အယ်လီဂရီရဲ့ အေစီမီလန်က စီးရီးအေမှာ ၂၄ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဇယားထိပ်က အင်တာမီလန်နဲ့ ၇ မှတ် အထိ ကွာဟသွားခဲ့ပြီး အဆင့် ၂ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ရပါတယ်။

ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ လီယာအိုက “ဒါဟာ ကျွန်တော်တို့ မဖြစ်မနေ အနိုင်ရရမယ့် ပွဲပါ။ အရင်ပွဲတွေထက် စာရင် ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့ပေမယ့် ပထမပိုင်းမှာ ဂိုးရှေ့အဆုံးသတ်ပိုင်း ပိုပြီး ပြတ်သားဖို့ လိုခဲ့ပါတယ်။ အခုက ရာသီရဲ့ အရေးကြီးတဲ့ အချိန် ဖြစ်လို့ ပရိသတ်တွေ အားလုံး စည်းစည်းလုံးလုံး ရှိနေပေးကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီသရေ ရလဒ်ကြောင့် မက်စီမီလီယာနို အယ်လီဂရီရဲ့ အေစီမီလန်က စီးရီးအေမှာ ၂၄ ပွဲဆက် ရှုံးပွဲ မရှိ မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
စီးရီးအေ ချန်ပီယံဆု အတွက် မျှော်လင့်ချက် ရှိနေသေးတဲ့ အေစီမီလန်

ပေါ်တူဂီ တောင်ပံ တိုက်စစ် ကြယ်ပွင့် လီယာအိုက ဒီရာသီ စီးရီးအေမှာ ၁၈ ပွဲ ကစားကာ ၈ ဂိုး သွင်းယူထားပြီး၊ ပြီးခဲ့တဲ့ ရာသီက ၃၄ ပွဲ ကစားပြီးမှ ရရှိခဲ့တဲ့ သွင်းဂိုး အရေအတွက်ကို စောစောစီးစီး အမီလိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။ အလားတူ လော်တာရို မာတီနက်ဇ် ပြီးနောက် စီးရီးအေ ၆ ရာသီ ဆက်တိုက် ဂိုးပါဝင် ပတ်သက်မှု (သွင်းဂိုး သို့မဟုတ် ဖန်တီးမှု) ၁၀ ဂိုးနဲ့ အထက် ရှိတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ဂိုးသမား မိုက်ဂ်နွန်ရဲ့ အမှားနဲ့ ပတ်သက်လို့လည်း လီယာအိုက “သူဟာ ကျွန်တော့် အတွက် အရမ်း အရေးပါတဲ့သူပါ။ လိုင်လီမှာ ကတည်းက အတူတူ ကစားခဲ့ကြတာ ဖြစ်ပြီး သူက ကျွန်တော့်ကို နေ့တိုင်း ကူညီပေးနေသူပါ။ အမှား တစ်ခုကြောင့် ခက်ခဲတဲ့အချိန် ဖြစ်သွားပေမယ့် ကျွန်တော်တို့ အသင်းဟာ စွမ်းအင် အပြည့် ရှိနေဆဲပါ။” လို့ ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက် မှာလည်း အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီဟာ ပွဲပြီးခါနီး ၁၀ မိနစ် အလိုမှာ ကွင်းဘေးစည်းမှာ အခြေအတင် ဖြစ်မှုကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ နောက်ဆုံး မှာတော့ လီယာအိုက စကူဒက်တို ချန်ပီယံဆုဖလားနဲ့ ပတ်သတ်ပြီး “စီးရီးအေက ပိုပိုပြီး ခက်ခဲလာပါတယ်။ အခုတော့ ကျွန်တော်တို့ ရှေ့ဆက်မယ့် ပွဲတွေ ကိုပဲ အာရုံစိုက်ပြီး အနိုင်ရအောင် ကစားသွားမှာပါ။” လို့ ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန်ဟာ လာမယ့် ဖေဖော်ဝါရီ ၂၂ ရက်မှာ ပါးမားနဲ့ စီးရီးအေ ပွဲစဉ်ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီပွဲ ပြီးရင်တော့ ခရီမိုနိစ်၊ အင်တာမီလန်၊ လာဇီယို၊ တိုရီနို၊ နာပိုလီ တို့နဲ့ ဆက်တိုက် ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်