နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အင်တာမီလန်ကို အနိုင်ယူပြီး စကူဒက်တို မျှော်လင့်ချက်ကို ရှင်သန်စေနိုင်ခဲ့တဲ့ အေစီမီလန် | စီးရီးအေ

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားသွားတဲ့ စီးရီးအေ မီလန် ဒါဘီ (Derby della Madonnina) မှာ အေစီမီလန်က အမှတ်ပေးဇယား ထိပ်ဆုံးက အင်တာမီလန်ကို ၁-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မက်စ် အယ်လီဂရီရဲ့ စီးရီးအေ (စကူဒက်တို) ချန်ပီယံ မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲကစားချိန် ၃၅ မိနစ်မှာ ပါဗစ် အက်စ်တူပီနန် သွင်းယူခဲ့တဲ့ တစ်လုံးတည်းသောဂိုးနဲ့ အတူ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီရဲ့ အေစီမီလန်ဟာ မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ရမှတ် ကွာဟမှုကို ၇ မှတ် အထိ လျှော့ချနိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၁၀-၂၀၁၁ ဘောလုံး ရာသီ နောက်ပိုင်း အေစီမီလန် အနေနဲ့ တစ်ရာသီ အတွင်း အင်တာမီလန်ကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူနိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် မက်စ် အယ်လီဂရီရဲ့ စီးရီးအေ (စကူဒက်တို) ချန်ပီယံ မျှော်လင့်ချက်ကို ဆက်လက် ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်ကို စီးရီးအေ နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ အေစီမီလန်

ပွဲစစချင်းမှာ အင်တာမီလန် ဂိုးသမား ယန်း ဆွမ်မားရဲ့ အမှားကနေ တဆင့် လူကာ မိုဒရစ် ဂိုးသွင်းခွင့် ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ အဲဒီနောက် အင်တာမီလန် ဘက်က ပြန်လည် ဖိအားပေးလာပြီး မက်ခီတာရန် တစ်ကိုယ်တော် ထိုးဖောက်ကာ ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ဆုံချိန် မှာတော့ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်က အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဆိုပါ ကာကွယ်မှု အပြီး ၇၈ စက္ကန့် အကြာ မှာပဲ အေစီမီလန် အတွက် အဖိုးတန်ဂိုး ရရှိခဲ့တာပါ။ ယူဆွတ် ဖိုဖာနာရဲ့ လှပတဲ့ ဖောက်ထွက် ပေးပို့မှု ကနေ တစ်ဆင့် အက်စ်တူပီနန်က ပြင်းထန်တဲ့ ကန်ချက်နဲ့ အတူ ဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ နည်းပြ ခရစ္စတီယန် ချီဗူးရဲ့ အင်တာမီလန်က အားကုန် ရုန်းကန်ခဲ့ပြီး ဇီလင်းစကီးနဲ့ ဒီမာကိုတို့ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ပွဲပြီးခါနီး နာကျင် အချိန်ပိုမှာ ဒီမာကိုရဲ့ ဖြတ်တင်ဘော ကနေ ဂိုးဝင်ခဲ့သလို ဖြစ်ခဲ့ပေမယ့် ဒိုင်လူကြီးက ကားလို့စ် အော်ဂတ်စတို အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောကို အရင်ဆုံး သတ်မှတ်ခဲ့တာကြောင့် အင်တာမီလန်တို့ ချေပဂိုးနဲ့ လွဲချော်ခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အေစီမီလန်ဟာ အင်တာမီလန်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ဒါဘီ ၇ ပွဲ ဆက်တိုက် ရှုံးနိမ့်ခြင်း မရှိသေးပဲ (၅ ပွဲ နိုင်၊ ၂ ပွဲ သရေ) မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါဟာ ၂၀၀၂ ခုနှစ် ကနေ ၂၀၀၅ ခုနှစ် အတွင်း (၁၀) ပွဲဆက် ရှုံးပွဲ မရှိခဲ့တဲ့ မှတ်တမ်းပြီးရင် အကောင်းဆုံး စွမ်းဆောင်ရည်ပါ။ အက်စ်တူပီနန်ဟာ မီလန် ဒါဘီ သမိုင်းတစ်လျှောက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော အီကွေဒေါ နိုင်ငံသား ကစားသမား ဖြစ်လာပါတယ်။ အေစီမီလန်ဟာ အခုပွဲ အပြီးမှာ ရမှတ် ၆၀ ရရှိခဲ့ပြီး ၂၈ ပွဲအပြီးမှာ ရမှတ် ၆၀ နဲ့အထက် ရရှိခဲ့တာဟာ အသင်း သမိုင်းတစ်လျှောက် (၄) ကြိမ်မြောက်သာ ဖြစ်ပါတယ်။

အေစီမီလန်ဟာ ဂိုးရနိုင်ခြေ (xG) ၀.၇၇ သာ ရှိခဲ့ပြီး အင်တာမီလန် ကတော့ ၁.၂၄ အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်ရဲ့ ကန်ချက် ၁၁ ကြိမ်မှာ ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာကြောင့် ရလဒ်ကောင်းနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အင်တာမီလန်နဲ့ အေစီမီလန် တို့ဟာ ၇ မှတ်သာ ကွာဟသွားခဲ့ပြီး စီးရီးအေ ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်လာခဲ့ပါပြီ။ အင်တာမီလန်ဟာ လာမယ့် ပွဲစဉ် မှာလည်း အတ္တလန္တာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ရမှတ် ထပ်ပြီး လျှော့ချဖို့ အေစီမီလန် အတွက် အခွင့်အရေး ဖြစ်နိုင်ပါတယ်။ အေစီမီလန် ကတော့ လာမယ့် ပွဲစဉ် လာဇီယိုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်