နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသက် ၃၀ ပြည့်ပြီး နောက်ပိုင်း သွင်းဂိုး ၅၀၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒို | ဆော်ဒီပရိုလိဂ်

ညက ကစားသွားတဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ် ၂၃ မှာတော့ အဲလ်နာဆာက အဲလ်ဟာဇမ်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ အဲလ်နာဆာဟာ Al-Awwal Park မှာ ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် ပြိုင်ဘက်ကို အနိုင်ယူပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာ ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာ အဲလ်ဟီလာက အဲလ်အစ်တီဟတ်နဲ့ တွေ့ဆုံချိန်မှာ အမှတ်လျော့ခဲ့တာကို နည်းပြ ဂျော့ဂျ် ဂျီးဆပ်စ်ရဲ့ အသင်းက အခွင့်ကောင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ကင်စလေ ကိုမန် ကလည်း တစ်ဂိုးသွင်း၊ နှစ်ဂိုး ဖန်တီးကာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲအစ ၁၃ မိနစ်မှာ ကိုမန်ရဲ့ ဖန်တီးပေးမှု ကနေ တဆင့် အသက် ၄၁ နှစ် အရွယ် ရော်နယ်ဒိုက ဂိုးသမားကို ကျော်ပြီး အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။ ဒီဂိုးကို လူကျွံဘော အဖြစ် ကနဦး သတ်မှတ်ခဲ့ပေမယ့် VAR ပြန်လည် ကြည့်ရှုပြီးနောက် ကွင်းလယ်ဒိုင်က ဂိုးအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာတော့ ယာအို ဖီးလစ်ရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် ကိုမန်က အဲလ်နာဆာ အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ် မှာတော့ အန်ဂျလိုက အဲလ် ဟာဇမ် နောက်ခံလူ ၃ ဦးကို ကျော်ဖြတ်ပြီး အသင်း အတွက် တတိယဂိုးကို အနုပညာဆန်ဆန် သွင်းယူခဲ့ပါတယ်။ 

သူ့ရဲ့ အသင်း အဲလ်နာဆာက ဆော်ဒီပရိုလိဂ်မှာ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိထားတာ ဖြစ်ပြီး လက်ရှိမှာ ချန်ပီယံဆု အတွက် အလားအလာ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား ထိပ်ဆုံး နေရာကို ပြန်လည် ရယူနိုင်ခဲ့တဲ့ အဲလ်နာဆာ

ပွဲပြီးခါနီး ကိုမန် ဘောလုံး ပြန်ချပေးတာက တဆင့် ရော်နယ်ဒို ကပဲ ဘယ်ခြေနဲ့ အပြင်း ကန်သွင်းပြီး အသင်း အတွက် စတုတ္ထဂိုးနဲ့ သူ့အတွက် ဒုတိယမြောက်ဂိုးကို သွင်းယူကာ ပွဲကို အဆုံးသတ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲ အတွင်းမှာ နောက်ထပ် ၂ ဂိုး သွင်းယူနိုင်ခဲ့သေးပေမဲ့ သိသာ ထင်ရှားတဲ့ လူကျွံဘောတွေ ဖြစ်နေတာကြောင့် ပယ်ဖျက်ခြင်း ခံခဲ့ရပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ရော်နယ်ဒိုဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်မှာ သွင်းဂိုး ၂၀ အထိ ရှိလာပြီ ဖြစ်သလို၊ ကစားသမားဘဝ တစ်လျှောက် ဂိုးပေါင်း ၁,၀၀၀ ပြည့်ဖို့ အတွက်လည်း ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ၉၆၄ ဂိုး သွင်းယူထားပြီး ဖြစ်တာကြောင့် သူ့ရဲ့ အိမ်မက်တွေ အကောင်အထည် ပေါ်လာဖို့ ဆိုရင်တော့ ၃၆ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆိုရင်တော့ ဒဏ်ရာ ပြဿနာနဲ့ တခြားသော ကိစ္စတွေ မရှိခဲ့ရင် လာမယ့် ဘောလုံးရာသီ တစ်ဝက်လောက်မှာတင်ပဲ ရော်နယ်ဒို အနေနဲ့ သွင်းဂိုး ၁၀၀၀ ပြည့်နိုင်ခြေ ရှိနေပြီ ဖြစ်ပါတယ်။

ဒီပွဲရဲ့ ပထမဂိုးဟာ ရော်နယ်ဒိုအတွက် ထူးခြားတဲ့ မှတ်တမ်းတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါဟာ သူ အသက် ၃၀ ပြည့်ပြီး နောက်ပိုင်း သွင်းယူခဲ့တဲ့ ဂိုးပေါင်း ၅၀၀ ပြည့်မြောက်တဲ့ ဂိုးဖြစ်ပါတယ်။ (အသက် ၃၀ မတိုင်ခင်မှာ ၄၆၃ ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်) ။ ဒါ့အပြင် ရော်နယ်ဒိုဟာ အခုပွဲမှာ ဟက်ထရစ် ရရှိဖို့ နီးစပ်ခဲ့ပါတယ်။ သူဟာ ဂိုးကန်သွင်းမှု ၇ ကြိမ် (ဂိုးပေါက်တည့် ၅ ကြိမ်)၊ မျှော်မှန်းဂိုး (xG) ၁.၃၃နဲ့ ပြိုင်ဘက် ဂိုးဧရိယာအတွင်း ဘောလုံး ထိချက် ၁၂ ကြိမ် အထိ ပြုလုပ်ပြီး အသင်းမှာ အများဆုံး အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အသင်း အဲလ်နာဆာက ဆော်ဒီပရိုလိဂ်မှာ ၈ ပွဲ ဆက်တိုက် အနိုင်ရရှိထားတာ ဖြစ်ပြီး လက်ရှိမှာ ချန်ပီယံဆု အတွက် အလားအလာ အကောင်းဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်