နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂီတာဖေးနဲ့ သရေကျခဲ့တဲ့ပွဲက စပါးရဲ့ ခက်ခဲမယ့် ရာသီသစ် အတွက် ပြင်ဆင်မှု ဖြစ်စေတယ်လို့ ရောဘတ်ဆန် ဆို | ခြေစမ်းပွဲ

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဂီတာဖေးနဲ့ ရာသီကြို ခြေစမ်းပွဲမှာ ကော်နာ ဂယ်လာဟာရဲ့ နောက်ကျ ချေပဂိုးကြောင့် တစ်ဂိုးစီ သရေကျပြီး လိုချင်တဲ့ ရလဒ် ရှာတွေ့မခဲ့ပါဘူး။ ဒါပေမယ့်လည်း အန်ဒီ ရော်ဘတ်ဆန် ကတော့ ဂီတာဖေးနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ခက်ခဲတဲ့ ပွဲစဉ်ဟာ စပါး အသင်းရဲ့ ရာသီကြို ပြင်ဆင်မှုတွေကို ပိုမို အရှိန်မြှင့်တင်နိုင်ဖို့ အတွက် အကောင်းဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့တယ်လို့ ယူဆနေပါတယ်။

စပါး အသင်းရဲ့ ၅ ပွဲမြောက် ရာသီကြို ခြေစမ်းပွဲကို စနေနေ့က ယှဉ်ပြိုင်ခဲ့ရာ ၁-၁ နဲ့ သရေကျခဲ့ပြီး၊ နည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့ အသင်း အတွက် ပွဲပြီးခါနီးမှာ ကော်နာ ဂယ်လာဟာက ချေပဂိုး သွင်းယူပေးခဲ့တာပါ။ Hotspur Way လေ့ကျင့်ရေးကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ အဲလ်ဘာတို ရစ်စကိုရဲ့ ဂိုးကြောင့် ဂီတာဖေးက စတင် ဦးဆောင်နိုင်ခဲ့ပေမယ့် မိနစ် ၇၀ မှာ ဂယ်လာဟာက သရေကျစေမယ့် ဂိုးကို ပြန်လည် သွင်းယူခဲ့ပါတယ်။

မျှော်မှန်းဂိုး (xG) မှာ စပါး အသင်းက ၁.၁ xG ရှိပြီး ဂီတာဖေးက ၀.၅ xG သာ ရှိခဲ့ပေမယ့် အိမ်ရှင် စပါး အသင်း အနေနဲ့ Opta ရဲ့ သတ်မှတ်ချက်အရ ဂိုးရရှိနိုင်ချေ အလွန်မြင့်မားတဲ့ အခွင့်အရေး ၅ ကြိမ် အထိ ဖန်တီးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲစဉ်ဟာ နယူးဇီလန်နဲ့ ဩစတြေးလျ ခရီးစဉ်တွေ ကနေ စပါး အသင်း ပြန်လည် ရောက်ရှိလာပြီးနောက် ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပြီး ခြေစွမ်း အနည်းငယ် လေးလံနေတာဟာ အဆိုပါ ခရီးစဉ်ကြောင့်လည်း ပါဝင်တယ်လို့ ရောဘတ်ဆန်က ယူဆနေပါတယ်။

စပါး အသင်းဟာ လာမယ့် သီတင်းပတ်မှာ ဟော့ဖန်ဟိမ်း အသင်းနဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် ကစားရမယ့် တော့တင်ဟမ်ဟော့စပါး

“ရာသီကြို ပြင်ဆင်မှုအပိုင်းမှာ ဒါဟာ တကယ်ကို ခက်ခဲတဲ့ သီတင်းပတ် တစ်ပတ် ဖြစ်ခဲ့ပါတယ်။ ကွင်းနောက်ကွယ်က အခြေအနေတွေကို လူအများစု မမြင်ကြပါဘူး။ ဒီတစ်ပတ်မှာ ကျွန်တော်တို့ အပြင်းအထန် လေ့ကျင့်ခဲ့ရတာပါ။ စနေနေ့ပွဲ အတွက် ပုံမှန် ပြင်ဆင်လေ့ ရှိတဲ့ သီတင်းပတ်မျိုး မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဒါဟာ စမ်းသပ်မှုကောင်း တစ်ခု ဖြစ်ခဲ့သလို ကျွန်တော်တို့ အားလုံး အတွက်လည်း ကစားချိန် ပိုရခဲ့ပါတယ်။ အပေါင်း လက္ခဏာဆောင်တဲ့ အချက်တွေကိုပဲ ယူသွားရမှာပါ” လို့ လစ်ဗာပူးလ် နောက်ခံလူဟောင်း ရော်ဘတ်ဆန်က SPURSPLAY ကို ပြောကြားခဲ့ပါတယ်။

“ခရီးလွန် မောပန်းနွမ်းနယ်မှု ကတော့ ကျွန်တော့် ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ ခံစားချက်မျိုးပါ။ နယူးဇီလန်မှာတုန်းက ၁၁ နာရီ စောပြီး၊ ဩစတြေးလျမှာတုန်းက ၉ နာရီ စောတာကြောင့် အသားကျဖို့ ရက်အနည်းငယ် လိုအပ်ခဲ့ပါတယ်။ ဒါ့အပြင် လေ့ကျင့်ရေးမှာလည်း အချိန်အကြာကြီး ပေးခဲ့ရပါတယ်။ အစည်းအဝေးခန်းထဲမှာ နည်းပြက သူ ကျွန်တော် တို့ကို ဘာလုပ်စေချင်လဲ၊ ဘယ်လို ကစားစေချင်လဲ ဆိုတာ စွဲမြဲသွားအောင် ရှင်းပြတယ်။ ကွင်းထဲမှာလည်း အချိန် အကြာကြီး လေ့ကျင့်ရပါတယ်။ ရာသီကြို ကာလမှာ ဒါမျိုးတွေ လုပ်ဖို့ လိုအပ်တာပါပဲ။”

“ပွဲကစားချိန် ရောက်တဲ့အခါ ခြေထောက်တွေ လေးလံနေပြီး စိတ်ပိုင်းဆိုင်ရာပါ နည်းနည်း မောပန်းနေတတ်ပေမယ့် ကျွန်တော်တို့ ဒါကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပြီး သေချာ ကျော်ဖြတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အကောင်းဆုံး ကစားဟန်နဲ့ တကယ့် ကြည့်လို့ ကောင်းတဲ့ ပွဲစဉ် မဟုတ်ခဲ့ပေမယ့် ဒါဟာ ကျွန်တော် တို့ကို အနာဂတ် အတွက် ကောင်းစွာ အထောက်အကူပြုမှာပါ” လို့ ဆိုပါတယ်။

စပါး အသင်းဟာ လာမယ့် သီတင်းပတ်မှာ ဟော့ဖန်ဟိမ်း အသင်းနဲ့ ရာသီကြို နောက်ဆုံး ခြေစမ်းပွဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ အဲဒီနောက် မှာတော့ ဘရန့်ဖို့ဒ်ကွင်းဆီ သွားရောက်ကာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့် ပွဲစဉ်ကို စတင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်