ဖေဖော်ဝါရီ ၉ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ အဓိက ကစားသမား မာတင် ဇူဘီမန်ဒီဟာ လန်ဒန်မှာ တစ်ရာသီသာ နေထိုင်ရသေးပေမယ့် စပိန်ကို ပြန်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် ဇူဘီမန်ဒီ ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ အတွက် အာဆင်နယ်က နော့တမ်ဟမ်ဖောရက်စ်ရဲ့ ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို ယူနိုက်ကတ်၊ မန်စီးတီးတို့ ဆီကနေ ကြားဖြတ်လုယူဖို့ အာဆင်နယ်က ကြိုးစားနေပါတယ်။ သူ့ရဲ့ တန်ဖိုး ကတော့ ပေါင် သန်း ၇၀ ခန့် တန်ကြေး ရှိနေပါတယ်။
လေဗာကူဆင် ကနေ အငှားနဲ့ လာရောက် ကစားနေတဲ့ ပီယာရို ဟင်ကပ်ပီယေ ကိုတော့ ပေါင် ၄၅.၁ သန်းနဲ့ အမြဲတမ်း စာချုပ်ချုပ်ဖို့ အာဆင်နယ်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဟင်ကပ်ပီယေဟာ လက်ရှိ အာဆင်နယ်မှာ ခြေစွမ်းပြနေပြီး ကာလာဖီအိုရီနဲ့ လီဝစ် စကယ်လီ ကိုပါ အရန်ခုံ ပို့ထားနိုင်သူ ဖြစ်ပါတယ်။
အန်ဒါဆန်ကို မရခဲ့ရင် မန်ချက်စတာယူနိုက်တက်ဟာ နော့တင်ဟမ်ဖောရက်စ် ကပဲ ဖြစ်တဲ့ အိုင်ဗရီကို့စ် ကွင်းလယ်လူ အီဘရာဟင် ဆန်ဂါရေးကို ပေါင် ၄၃.၄ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်က နယူးကာဆယ် ကွင်းလယ်လူ ဆန်ဒရို တိုနာလီ ကိုလည်း စိတ်ဝင်စားနေပေမယ့် အာဆင်နယ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကလည်း အပြိုင် ဖြစ်နေပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၁၀၀ သန်းကျော် အထိ ရှိနေနိုင်ပါတယ်။
ဖူလ်ဟမ်ရဲ့ ဘယ်နောက်ခံလူ အန်တိုနီ ရော်ဘင်ဆင်ကို အက်စတွန်ဗီလာနဲ့ အပြိုင် ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ သူ့ရဲ့ တန်ကြေးက ပေါင် ၂၅ သန်း ခန့်သာ ရှိနေလို့ ခေါ်ယူချင်တဲ့ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် အဆင်ပြေတဲ့ ပမာဏ ဖြစ်ပါတယ်။
အလက်ဟန်ဒရို ဘဲလ်ဒီ ဘာစီလိုနာရဲ့ ဘယ်နောက်ခံလူ ဘဲလ်ဒီ အတွက် မန်ချက်စတာယူနိုက်တက်က ပေါင် သန်း ၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ဘဲလ်ဒီ ကတော့ အစောပိုင်းက ဘာစီလိုနာ အတွက် အစွမ်းကုန် တောက်ပခဲ့ပေမယ့် နောက်ပိုင်း မှာတော့ တောက်လျောက် ခြေစွမ်းကျသွားသူ ဖြစ်ပါတယ်။
အန်တိုနီ ရော်ဘင်ဆင် အနေနဲ့ လစ်ဗာပူးလ်ကို ပိုမိုပြောင်းရွှေ့လိုနေပြီး ရောဘတ်ဆန်ရဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ လစ်ဗာပူးလ်က ဘယ်နောက်ခံလူသစ် လိုအပ်နေတာပါ။
ဘေယန်မြူးနစ်ရဲ့ လူငယ် ကွင်းလယ်လူ အလက်ဇန်းဒါး ပက်ဗ်လိုဗစ်ကို ဒေါ်လာ ၁၁၆ သန်းနဲ့ ကမ်းလှမ်းဖို့ ကြံစည်နေသလို၊ ဆန်းဒါးလန်း ဂိုးသမား ရော်ဘင် ရိုအက်ဖ်စ် ကိုလည်း အမြန်ဆုံး ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဘာစီလိုနာ ကတော့ ဆဲလ်ဘတ် ရဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ ယိုအန် ဂါဒူကို ယူရို သန်း ၃၀ သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ရီးရဲလ်မက်ဒရစ် ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ဟာ အသက် ၃၀ နီးပါး ကစားသမားတွေကို ဈေးကြီးမပေးတဲ့ အသင်းရဲ့ မူဝါဒကို ချိုးဖောက်ပြီး မန်စီးတီးရဲ့ ရိုဒရီ အတွက် ယူရို သန်း ၅၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေ စိတ်ဝင်စားနေတဲ့ အက်ဒူယာဒို ကာမာဗင်ဂါ အတွက် ရီးရဲလ်မက်ဒရစ်က အနည်းဆုံး ယူရို သန်း ၇၀ သန်း ရမှ ရောင်းချမယ်လို့ သတ်မှတ်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


