ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် ကတော့ အသင်းသားတွေကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နေစေကြောင်း နောက်ခံလူ လီနီ ယိုရိုက ဖွင့်ဟလာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခြင်း မရှိသေးပေမယ့် နည်းပြ ဖြစ်သူ အမော်ရင် ကတော့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သတ်လို့ အသင်းရဲ့ နောက်ခံလူ လီနီ ယိုရိုက အခုလို ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပြီး နည်းပြ အမော်ရင်ရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ကိုက ခက်ခဲသလို စည်းကမ်း တင်းကြပ်လွန်းကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အက်စတွန်ဗီလာကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အခြေအနေနဲ့ ဆက်စပ်ပြီးတော့လည်း ပြောဆိုသွားခဲ့ပါတယ်။
ယိုရိုက “ကျွန်တော့်မှာ ရူဘင် အမော်ရင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူခိုင်းတဲ့ အတိုင်း လုပ်ဆောင်ဖို့လည်း ကျွန်တော် ကြိုးစားပါတယ်။ သူက ထိပ်တန်း အဆင့်မှာ ကစားခဲ့တာ ဖြစ်လို့ ကစားသမားတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူက ကလပ် အသင်း တော်တော်များများမှာ ကစားခဲ့ဖူးလို့ ကစားသမား တစ်ဦး မကစားရတဲ့ အခါ ဒါမှမဟုတ် ကောင်းကောင်း မကစားနိုင်တဲ့အခါမျိုးမှာ သူက ကစားသမားရဲ့ ခံစားချက်ကို ကောင်းကောင်း သိနေသူပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ယိုရိုက “သူက ဒီလို ကစားသမားကို ဘယ်လို ပြောဆိုရမလဲ ဆို တာ သိနေပါတယ်။ ဒါက ကျွန်တော့် အတွက် တကယ့်ကို အရေးကြီးပါတယ်။ လေ့ကျင့်ရေးတွေက ခက်ခဲတယ်လို့ ဆိုနိုင်ပေမယ့် ဒါက အရေးကြီးတယ်။ ကျွန်တော် တို့မှာ လေ့ကျင့်မှုတွေ အများကြီး ရှိပြီး သူ့ အတွက်လည်း လေ့ကျင့်ရေးက အရမ်းပဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လေ့ကျင့်ထားသလိုမျိုး ပွဲကို ကစားရတာ ဖြစ်လို့ပါ။ အရေးအကြီးဆုံး ကတော့ လေ့ကျင့်ရေးမှာ အမှန် တကယ် ကောင်းမွန်နေဖို့ပါ။ လေ့ကျင့်ရေး အစီအစဉ်မှာ အလုပ်မဖြစ်ဘူး ဆိုရင် ဒါမှဟုတ် ပျင်းရိနေမယ် ဆိုရင်တော့ သူက ခင်ဗျားကို ကြိုက်မှာ မဟုတ်ဘူး။ သူက ခင်ဗျားကို သတ်လိမ့်မယ်။ ဒါက သာမန်ပါပဲ။”
“ဘာလို့လဲ ဆိုတော့ ခင်ဗျားက လေ့ကျင့်ထားသလို ကစားရမှာ ဖြစ်လို့ပါ။ သူက ဒါနဲ့ ပတ်သက်ရင်တော့ တကယ်ကို စည်းကမ်း တင်းကြပ်လွန်းတာဟာ အသင်းက ပွဲတွေ အနိုင်ရပြီး ဆုဖလားတွေ ဆွတ်ခူးဖို့ အတွက်ရော ကွင်းအပြင်မှာပါ စည်းကမ်းရှိနေစေဖို့ လိုအပ်တာကြောင့်ရောပါ။ လေ့ကျင့်ရေး ကိုလည်း အချိန်ကိုက် နောက်မကျအောင် လာဖို့လည်း လိုအပ်ပါတယ်။” လို့ ယိုရိုက ပြောကြားသွားခဲ့ပါတယ်။လီနီ ယိုရို ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ လိုင်လီ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ယူရို ၆၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူပါ။ ပြင်သစ်သားက ရာသီကြို ခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် နှစ်လနီးပါး အနားယူခဲ့ရပြီး ယူနိုက်တက် အတွက် နောက်ပိုင်း ပွဲစဉ်တွေမှသာ ပြန်လည် ကစားပေးနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ အချိန်မှာ ယိုရိုက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၅ ပွဲ ကစားပေးထားပြီး ယူနိုက်တက် ခံစစ် အတွက် အရေးပါနေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.