ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – အက်စတွန်ဗီလာ
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ အက်စတွန်ဗီလာ တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကို ရောက်ရှိနေတဲ့ ဝုဗ်တို့ Top 4 အတွက် အားထည့်လာမယ့် ဗီလာကို အိမ်ကွင်းမှာ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဝုဗ်က ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ထားပြီး ၃ ပွဲဆက် ရှုံးကာ တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှ ရှိနေပါတယ်။ ဝုဗ်က နည်းပြ အပြောင်းအလဲ လုပ်ထားပေမယ့် ဗစ်တာ ပါရဲရား လက်အောက်မှာ တိုးတက်လာတာ မတွေ့ရသေးပါဘူး။ ဒဏ်ရာရ ကစားသမား များနေတာကြောင့်လို့ ဆိုနိုင်ပေမယ့် ခြေစွမ်း ပျက်နေသလို နိုင်ပွဲ ဆာလောင်စိတ် ကလည်း လုံးဝ ပျောက်ဆုံးနေတဲ့ အခြေအနေမျိုး မြင်တွေ့နေရပါတယ်။ ဝုဗ်က ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ ပွဲမှာ ဆိုရင် အိမ်ကွင်းမှာ ကစားရတာ ဖြစ်သလို တစ်ယောက် အသာနဲ့လည်း ပွဲချိန်တော်တော်များများ ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားတွေက အနိုင်ရဖို့ထက် သရေ ၁ မှတ် ရဖို့လောက်ပဲ မျှော်လင့်ပြီး ကစားနေတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ ဒီပုံစံ အတိုင်း ဆိုရင်တော့ ဝုဗ်တို့ အရှုံးနွံထဲ ကနေ ရုန်းထွက်ဖို့ ခက်ခဲနေဦးမှာ သေချာပါတယ်။
အူနိုင်း အမ်မရီရဲ့ အက်စတွန်ဗီလာ ကလည်း ပြည်တွင်းနဲ့ ဥရောပ ပွဲစဉ်တွေ အကြား ဗျာများနေတာ တွေ့ရပါတယ်။ ဗီလာက အမှတ်မလျော့သင့်တဲ့ ပွဲတွေမှာ အမှတ်တွေ လျော့နေပြီး အခုတော့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်လှမ်းသွားပြီ ဖြစ်တာကြောင့် ပရီးမီးယားလိဂ်ကို အာရုံ ပြန်စိုက်ပါလိမ့်မယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရှိနေတဲ့ ဗီလာက အဆင့် ၄ နေရာက မန်စီးတီးနဲ့ ၄ မှတ်သာ ကွာဟနေတာကြောင့် Top 4 မျှော်လင့်ချက် အပြည့် ရှိနေပါသေးတယ်။ လက်တလော ဗီလာမှာ အဓိက ကစားသမား တချို့ ဒဏ်ရာရနေတာ ကတော့ အသင်းကို အနည်းငယ် အားနည်းစေနိုင်ဖို့တော့ ရှိနေပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အက်စတွန်ဗီလာ ဘက်မှာတော့ အိုနာနာ၊ ကတ်ရှ်၊ ပါအူ တောရက်စ်၊ ဘာကလီတို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – ဆား၊ အက်ဂ်ဘာဒူ၊ ဗျူနို၊ တိုတီ၊ ဆီမီဒို၊ အန်ဒရီ၊ ဒွိုင်းလ်၊ အစ် နျူရီ၊ ဆာရာဘီယာ၊ ဟွမ်၊ ကူညာ
အက်စတွန်ဗီလာ – မာတီနက်ဇ်၊ မတ်ဆန်၊ ကွန်ဆာ၊ ကာမာရာ၊ ဒစ်ဂ်နီး၊ တေးလီမန့်စ်၊ မက်ဂင်းန်၊ ဘိုင်ယီ၊ ရော်ဂျာစ်၊ မယ်လန်၊ ဝက်ကင်န်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၂၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဝုဗ်က ၈ ကြိမ်နိုင်၊ ဗီလာက ၇ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ ဗီလာ က ၂ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျကာ ဝုဗ်က ၁ ကြိမ် နိုင်ထားပါတယ်။ ဝုဗ် အိမ်ကွင်းမှာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ကြိမ် မှာတော့ ဗီလာက ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၁ ကြိမ် သရေကျကာ ဝုဗ်က ၃ ကြိမ် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် နိုင်ရင် ၃.၀၁ ဆ၊ အက်စတွန်ဗီလာ နိုင်ရင်တော့ ၂.၁၇ ဆ၊ သရေ ဆိုရင်တော့ ၃.၂၄ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဗီလာက သရေ တစ်ဝက်ရှုံး၊ သရေရှုံး၊ ဒဲ့ကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံး ဆိုရင် အောင်မယ့်ကြေးပါ။ ဝုဗ်က တန်းဆင်းဇုန် ဖိအားတွေ ရှိလို့ သိသိသာသာ ရုန်းမှာ ဖြစ်သလို ဗီလာကို နောက်ဆုံး တွေ့ဆုံမှုတွေမှာ ဒုက္ခပေးနိုင်ခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် လက်ရှိမှာ အဘက်ဘက်က သာနေတဲ့ ဗီလာ ကိုတော့ အသာရဖို့ ခက်ခဲပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုး တချို့နဲ့ ဗီလာ အနိုင်သေချာနေတဲ့ ပွဲပါ။
ခန့်မှန်းရလဒ်
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ၁-၂ အက်စတွန်ဗီလာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.