အာဆင်နယ် – အက်စတွန်ဗီလာ
စနေနေ့ည ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ရဲ့ နောက်ဆုံးပွဲစဉ် ဖြစ်ပြီးတော့ အာဆင်နယ်ကအက်စတွန်ဗီလာကိုအမ်းမရိတ်စ်မှာဧည့်ခံကစားရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရာသီကအာဆင်နယ်ကိုအမ်းမရိတ်စ်မှာဒုက္ခပေးခဲ့တဲ့ ဗီလာတို့ ဒီတစ်ကြိမ် မှာရောရလဒ်ကောင်းနိုင်ဦးမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။
မီခဲလ် အာတေးတားရဲ့ အသင်းကပြီးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်မှာစပါးကိုအဘက်ဘက်ကအသာစီးနဲ့ ကစားပြီးအနိုင်ရထားခဲ့ပါတယ်။ ပြိုင်ပွဲစုံနောက်ဆုံး ၃ ပွဲဆက် ရလဒ်ဆိုးခဲ့မှုကိုရပ်တန့်နိုင်ခဲ့ခြင်းနဲ့ အတူအာဆင်နယ်တို့ ရှေ့ဆက်ဖို့ ခွန်အားတွေရလိုက်ပုံပါပဲ။နည်းပြ ကိုယ်တိုင်ကသူတို့ အသင်းဟာချန်ပီယံပြေးလမ်းထဲမှာရှိနေဆဲဖြစ်ကြောင်းပြောလာပြီးတကယ်တမ်းလည်းအာဆင်နယ်ကလစ်ဗာပူးလ်နဲ့ ၄ မှတ် အကွာအနေအထားကိုပြန်ရောက်လာပါတယ်။ လစ်ဗာပူးလ်ကပွဲကျန် တစ်ပွဲကစားရဦးမှာဖြစ်ပေမယ့် အကယ်၍ အဲဒီပွဲမှာလစ်ဗာပူးလ် နိုင်လိုက်ရင်တောင် ၇ မှတ်ပဲကွာဟမှာဖြစ်လို့ အာဆင်နယ်တို့ မျှော်လင့်ချက် အပြည့် ရှိနေဆဲပါ။ ဒါပေမယ့် လက်ကျန် ပွဲစဉ်တွေမှာအာဆင်နယ်ကအမှားခံလို့ မရသလိုလစ်ဗာပူးလ်ရဲ့ အမှားကိုလည်းစောင့်ရမှာဖြစ်ပါတယ်။ ဒီပွဲကအာဆင်နယ် အတွက် အရေးကြီးပါတယ်။ စပါးနဲ့ ကစားပြီး ၃ ရက် အကြာမှာပဲနောက်ထပ် ပွဲကြပ် တစ်ပွဲကစားရတဲ့ အာဆင်နယ်တို့ အနည်းငယ် ပွဲပန်းနေနိုင်ပေမယ့် ပြီးခဲ့တဲ့ ပွဲကစိတ်ဓာတ်နဲ့ ခြေစွမ်းအတိုင်းဆို ၃ မှတ်က မျှော်လင့်နိုင်ပါတယ်။ တိုက်စစ်ပိုင်းသာအလုပ်ဖြစ်ရင် အာဆင်နယ် အတွက် အရမ်းကြီးမခက်ခဲနိုင်တဲ့ ပွဲပါ။
အက်စတွန်ဗီလာကတော့ ကာဆယ်ကိုရှုံး၊ ဘရိုက်တန်ကိုသရေကျအပြီးမှာပရီးမီးယားလိဂ် ၂ ပွဲဆက် ပြန်နိုင်ထားပါတယ်။ ဒါပေမယ့် ဗီလာကလက်စတာနဲ့ အဲဗာတန်ကိုခက်ခက်ခဲခဲကစားပြီးမှ နိုင်ထားလို့ အမ်းမရိတ်စ်မှာရလဒ်ကောင်းရှာဖွေနိုင်ပါ့မလားဆိုတာသံသယဖြစ်စရာတော့ ရှိပါတယ်။နောက်ပြီးဗီလာကဒီရာသီပရီးမီးယားလိဂ်အဝေးကွင်းမှာရှုံးပွဲ ၅ ပွဲအထိရှိထားပြီးနယူးကာဆယ်၊ ချဲလ်ဆီး၊ စပါး၊ လစ်ဗာပူးလ်၊ ဖောရက်စ် တို့လိုဇယားထိပ်ကအသင်းတွေကိုရှုံးထားတာပါ။
နှစ်ဖက်အသင်းသတင်းများ
အခုပွဲကိုတော့အာဆင်နယ် ဘက်ကဘန်ဝှိုက်၊ ဆာကာ၊ နွမ်နရီ၊ ဂျေဇုစ်၊ ကာလာဖီအိုရီ၊ တိမီယာဆုတို့ လွဲချော်ဖို့ ရှိပါတယ်။ သတင်းတွေအရတော့ တိုမီယာဆုနဲ့ ကာလာဖီအိုရီတို့ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့် ပါဝင်ကစားဖို့တော့ မသေချာသေးပါဘူး။
အက်စတွန်ဗီလာဘက်မှာတော့ ကားလို့စ်၊ မက်ဂင်းန်၊ ပါအူတောရက်စ်၊ ဘာကလေတို့ လွဲချော်ဖွယ် ရှိပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း
အာဆင်နယ် -ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ဂါဘရီရယ်၊ လီဝစ်-စကယ်လီ၊ အိုဒီဂတ်၊ ပါတေး၊ ရိုက်စ်၊ မာတင်နယ်လီ၊ ဟာဗက်ဇ်၊ ထရော့ဆက်ဒ်
အက်စတွန်ဗီလာ-မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ မင်းဂ်၊ ဒစ်ဂ်နီး၊ ကာမာရာ၊ အိုနာနာ၊ ရော်ဂျာစ်၊ တေးလီမန့်စ်၊ ဘိုင်လီ၊ ဝက်ကင်န်စ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံး၅ပွဲရလဒ်
ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာအာဆင်နယ်က ၁၇ ကြိမ်နိုင်၊ ဗီလာက ၇ ကြိမ် နိုင်ပြီး ၁ ကြိမ်ပဲသရေပွဲရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၂ ကြိမ်နိုင်၊ ဗီလာက ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ အာဆင်နယ် အိမ်ကွင်းနောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်ပြီးဗီလာက ၂ ကြိမ် နိုင်ခဲ့ပါတယ်။အာဆင်နယ်ဟာပြီးခဲ့တဲ့ ရာသီကဗီလာကိုအိမ်ကွင်းမှာရှုံးထားသလိုဗီလာကလည်းဒီရာသီပထမအကျော့မှာအာဆင်နယ်ကိုအိမ်ကွင်းမှာရှုံးထားပါတယ်။ ဒီတော့ ဘယ်အသင်းကရှုံးကြွေးဆပ်နိုင်မလဲဆိုတာစိတ်ဝင်စားစရာဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်
SBOTOPရဲ့ 1×2 မှာအာဆင်နယ်နိုင်ရင်၁.၄၅ ဆ၊အက်စတွန်ဗီလာနိုင်ရင်တော့၆.၁၀ဆ၊သရေဆိုရင်တော့၄.၀၃ဆရမှာဖြစ်ပါတယ်။အာရှဟန်းဒီးကပ်မှာတော့အာဆင်နယ်ကတစ်လုံးတစ်ဝက်စား၊ တစ်လုံးသရေ၊ တစ်လုံးတစ်ဝက်ရှုံးကြေးတွေပေးထားပါတယ်။ ဂိုးပေါင်းကတော့ ၃ လုံးသွင်းရင်တောင် အပြည့် မပျော်ရတဲ့ ကြေးတွေပါ။ အာဆင်နယ်ကတိုက်စစ်ပိုင်းကလွဲလို့ ကျန်နေရာစုံမှာအပြစ်ပြောစရာမရှိအောင် ကောင်းနေပါတယ်။ အက်စတွန်ဗီလာကလည်းနိုင်ပွဲတွေပြန်ရနေပြီးခြေပြန်မှန်နေပါတယ်။ အာဆင်နယ် အတွက် လွယ်ကူတဲ့ ပွဲစဉ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်းအမှားခံလို့ မရတဲ့ အချိန်မှာအာဆင်နယ်တို့ အာရုံစိုက်ပါလိမ့်မယ်။ အာဆင်နယ်တို့ ခက်ခက်ခဲခဲကစားရင်းအနိုင်ရသွားမယ် ထင်ပါတယ်။
ခန့်မှန်းရလဒ်
အာဆင်နယ် ၂-၁အက်စတွန်ဗီလာ
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.