လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် ကတော့ နည်းပြ ဟိုဆေး မော်ရင်ညိုရဲ့ လက်အောက်မှာ ပြန်လည် တည်ဆောက်မှုတွေနဲ့ အစွမ်းကုန် လည်ပတ်နေပါပြီ။ ရီးရဲလ်မက်ဒရစ်ဟာ အရန် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာနဲ့ ကတ်စတီလာ အကယ်ဒမီရဲ့ ကြယ်ပွင့် စီဆာ ပါလာစီယို့စ်တို့ နှစ်ဦးကို ဖူလ်ဟမ် အသင်းဆီ စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ နဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လာမယ့်ရာသီ ဘာနေဗျူးမှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ရတော့မယ့် ဒီကစားသမား နှစ်ဦးဟာ ခရေ့ဗင်ကော့တေ့ဂျ်မှာ နည်းပြဟောင်း အဲလ်ဗာရို အာဘီလိုအာနဲ့ ပြန်လည် လက်တွဲတော့မှာပါ။ အာဘီလိုအာဟာ ရီးရဲလ်မက်ဒရစ် လူငယ်အသင်းမှာရော၊ ဇာဘီ အလွန်ဆို ထွက်ခွာသွားချိန် ပထမ အသင်းကို ခဏတာ တာဝန်ယူစဉ်ကပါ ပါလာစီယို့စ်နဲ့ ဂွန်ဇာလိုတို့ နှစ်ဦးစလုံးကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။
The Athletic ရဲ့ ဖော်ပြချက်အရ သဘောတူညီမှု ရရှိထားတဲ့ ပြောင်းရွှေ့ကြေးမှာ ဂွန်ဇာလို အတွက် ယူရို သန်း ၄၀ နဲ့ ပါလာစီယို့စ် အတွက် ယူရို ၁၀ သန်း) အသီးသီး တန်ကြေး ရှိပြီး နှစ်ဦးစလုံးရဲ့ စာချုပ်မှာ နောက်တစ်ဆင့် ပြောင်းရွှေ့ကြေးရဲ့ ၃၀ ရာခိုင်နှုန်း ပြန်လည် ရရှိမယ့် စာချုပ်ပါ အချက်အလက်လည်း ပါဝင်ပါတယ်။ ကစားသမား နှစ်ဦးစလုံးဟာ နည်းပြဟောင်း နောက်ကို လိုက်ပါပြီး ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေကြပြီး ဒီနွေရာသီမှာ ဖူလ်ဟမ်ရဲ့ ပထမဆုံး ခေါ်ယူမှု နှစ်ခု ဖြစ်လာတော့မှာပါ။
ရီးရဲလ်မက်ဒရစ်က ဂွန်ဇာလိုကို ဘာကြောင့် ရုတ်တရက် ရောင်းချချင်ရတာလဲ

ပြီးခဲ့တဲ့ နွေရာသီ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြအပြီးတည်းက ဥရောပ ကလပ်တွေဟာ ကလပ်ရဲ့ ဂန္ထဝင် ရာအူးလ်နဲ့ ခိုင်းနှိုင်းခံရတဲ့ ကျောနံပါတ် (၉) တိုက်စစ်မှူး ဂွန်ဇာလိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ် ကတော့ လက်မလွှတ်ခဲ့ပါဘူး။ ဒါပေမယ့် နည်းပြ အလွန်ဆိုရော အာဘီလိုအာပါ ပြီးခဲ့တဲ့ရာသီမှာ ဂွန်ဇာလိုကို ပွဲထွက်ခွင့် အကန့်အသတ်ပဲ ပေးခဲ့ပါတယ်။ သူဟာ လာလီဂါမှာ ၉ ပွဲပဲ ပွဲထွက်ခွင့်ရခဲ့သလို ၂၀၂၅-၂၆ ရာသီဝက် နောက်ပိုင်း ကီလီယန် အမ်ဘာပေး ဒဏ်ရာရချိန် မှာတောင် ပထမဦးစားပေး အစားထိုး တိုက်စစ်မှူး ဖြစ်မလာခဲ့ပါဘူး။ နည်းပြတွေဟာ ဗင်နီးစီးယက်စ်နဲ့ အတူ ဘရာဟင်မ် ဒီးယက်ဇ် ကိုပဲ ရှေ့တန်းမှာ တွဲဖက်သုံးခဲ့တာမို့ ဂွန်ဇာလိုဟာ အရန်ခုံမှာပဲ အချိန်ကုန်ခဲ့ရပါတယ်။
ပွဲထွက်ခွင့် နည်းပါးခဲ့ပေမယ့်လည်း ဒီ ကာစတီလာ ထွက် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ရာသီက ၈ ဂိုး အထိ သွင်းယူပေးခဲ့ပြီး အဲဒီထဲက ၆ ဂိုးကို လာလီဂါမှာ ရယူခဲ့တာပါ။ အခွင့်အရေးရတိုင်းမှာ သူ့ရဲ့ အဆုံးသတ် သေချာမှု၊ နေရာလွတ် ရှာဖွေနိုင်မှုနဲ့ ကြိုးစား အားထုတ်မှုတွေကို အမြဲပြသနိုင်ခဲ့ပေမယ့် အခွင့်အရေး ကတော့ အလွန် နည်းပါးခဲ့ပြီး ဒါဟာ ဘရာဇီးလ် လူငယ် တိုက်စစ်မှူး အန်းဒရစ်ခ် မရှိသေးခင် အခြေအနေပဲ ရှိပါသေးတယ်။
အခုဆိုရင်တော့ လိုင်ယွန် အသင်းမှာ အငှားသွားရောက် ကစားပြီး အောင်မြင်မှု ရခဲ့တဲ့ အန်းဒရစ်ခ်ဟာ ဘာနေဗျူးဆီ ပြန်လည် ရောက်ရှိလာပြီး ပရိသတ်ချစ်တဲ့ ကျောနံပါတ် (၉) ဂျာစီကို ဝတ်ဆင်ထားပြီး ဖြစ်ပါတယ်။ အန်းဒရစ်ခ်ဟာ ပြင်သစ် ကလပ်မှာ ၂၁ ပွဲ ပါဝင် ကစားခဲ့ပြီး ၈ ဂိုးသွင်း၊ ၈ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ မော်ရင်ညိုရဲ့ လက်အောက်မှာ အမ်ဘာပေးရဲ့ အရန် တိုက်စစ်မှူး ဖြစ်လာတော့မှာပါ။ ဒီလိုအခြေအနေမှာ ဖူလ်ဟမ် အသင်းက ဒေါ်လာ ၄၆.၁ သန်းအထိ ပေးချေဖို့ အသင့်ဖြစ်နေချိန်မှာ ဂွန်ဇာလိုကို တတိယ ဦးစားပေး တိုက်စစ်မှူး အဖြစ် အသင်းမှာ ဆက်ထိန်းထားဖို့ဆိုတာ ရီးရဲလ် အတွက် တွက်ခြေ မကိုက်တော့ပါဘူး။
ဂွန်ဇာလိုကို လက်လွှတ်လိုက်ရတာ အတွက် ရီးရဲလ်မက်ဒရစ် နောင်တရမလား
အသက် ၂၂ နှစ် အရွယ် စိန်ခေါ်မှုသစ်နဲ့ ပွဲထွက်ခွင့်ကို လိုလားနေတဲ့ လူငယ် တိုက်စစ်မှူး တစ်ယောက် အနေနဲ့ သူယုံကြည် အားကိုးရတဲ့ နည်းပြဆီ ပြောင်းရွှေ့တာဟာ သဘာဝကျပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ် အနေနဲ့လည်း စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို ၁၃၅ သန်း နဲ့ ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ ပြင်ဆင်နေချိန်မှာ ဘဏ္ဍာရေးအရ ငွေပြန်ဝင်လာတာမို့ ရာသီဝက်မှာ ကြည့်ရင်တော့ ဒီအပြောင်းအရွှေ့ဟာ အဆင်ပြေတယ်လို့ ထင်ရပါတယ်။
ဒါပေမယ့် ရေရှည်မှာတော့ ဂွန်ဇာလိုကို လက်လွှတ်လိုက်တဲ့ ဆုံးဖြတ်ချက် အတွက် ရီးရဲလ်မက်ဒရစ် နောင်တရသွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အမ်ဘာပေးနဲ့ ဗင်နီးစီးယက်စ်တို့ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီက အသင်းဟာ ဂိုးရရှိဖို့ တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။ ၂၀၂၆ ခုနှစ် အတွင်း ရီးရဲလ်မက်ဒရစ်ဟာ ကစားခဲ့တဲ့ ၃၁ ပွဲမှာ ၈ ပွဲမှာပဲ ၂ ဂိုးထက် ပိုသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသင်းမှာ ထရန့် အလက်ဇန္တား အာနိုးလ်ရဲ့ ဖြတ်တင်ဘောတွေကို ခေါင်းတိုက် ပိတ်သွင်းဖို့ ဒါမှမဟုတ် ဧရိယာထဲ အန္တရာယ်ရှိရှိ ပြေးဝင်ပေးနိုင်မယ့် နံပါတ် ၉ တိုက်စစ်မှူး တစ်ယောက် လိုအပ်နေတာ သေချာပါတယ်။ ဗင်နီးစီးယက်စ်က ဘယ်တောင်ပံမှာ ခံစစ်မှူး ၃ ယောက်ကြား ရုန်းကန်နေရပြီး အမ်ဘာပေး ကလည်း ဒဏ်ရာရလွယ်၊ ဧရိယာ အပြင်ဘက်မှာပဲ လှည့်ပတ် ကစားနေလေ့ရှိတာမို့လို့ ရီးရဲလ်ရဲ့ တိုက်စစ်က တသားတည်း ဖြစ်နေတာပါ။
အခုအချိန်မှာ အန်းဒရစ်ခ်ဟာ အဓိက ပွဲစဉ်တွေမှာ အရန်ခုံကနေ လူစားဝင်လာပြီး အပြောင်းအလဲ လုပ်ပေးနိုင်မှာ ဖြစ်ပေမယ့် ဘရာဇီးလ် လက်ရွေးစင် လူငယ်လေးမှာ ဂွန်ဇာလိုလို လူကောင်ထွားကျိုင်းမှုနဲ့ ဗဟိုတိုက်စစ်မှူး အားသာချက်မျိုး မရှိပါဘူး။ ဒါကြောင့် ဥရောပရဲ့ ၁၅ ကြိမ် ချန်ပီယံ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဟိုဆေးလူ ထွက်သွားပြီးတည်းက ကြုံတွေ့နေရတဲ့ ဗဟို တိုက်စစ်မှူး ပြဿနာကို ရှောင်ရှားဖို့ အတွက် အတွေ့အကြုံရှိ သဘာဝ တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူဖို့ အပြောင်းအရွှေ့ စျေးကွက်ထဲ ပြန်ဝင်လာရမယ် ဆိုရင်လည်း အံ့သြစရာ မဟုတ်တော့ပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


