နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆိုးလ်ရှား အစား ကာရစ်ကို ယူနိုက်တက်တို့ ဘာကြောင့် ရွေးချယ်ခဲ့သလဲ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ယာယီ နည်းပြ အဖြစ် မိုက်ကယ် ကာရစ်ကို တရားဝင် ခန့်အပ်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက ယာယီ နည်းပြ အဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ဖူးတဲ့ ကာရစ်ကို ပြန်လည် ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ယူနိုက်တက်က အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းလည်း ဖြစ်တဲ့ မိုက်ကယ် ကာရစ်ကို ရာသီကုန် အထိ ယာယီ နည်းပြ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ အသင်း ဘုတ်အဖွဲ့ဝင်တွေဟာ ယာယီ နည်းပြ ရာထူး အတွက် မိုက်ကယ် ကာရစ်ကို နည်းပြဟောင်း တစ်ဦးလည်း ဖြစ်တဲ့ အိုလီ ဂန်နာ ဆိုးလ်ရှားနဲ့ ယှဉ်ကာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရှိရတာတွေအရ ဆိုးလ်ရှားက ဒီရာသီမှာ ဥရောပဖလား တစ်ခုခု ဝင်ခွင့်ရအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး အောင်မြင်ခဲ့ရင် နောက်ရာသီမှာ သူ့ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ရမယ်။ အပိုဆုကြေးတွေလည်း ပေးရမယ်လို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက်မှာ မိုက်ကယ် ကာရစ် ကတော့ ဥရောပဖလား ဝင်ခွင့် ရရ မရရ သူ့အနေနဲ့ နှစ်ကုန် အထိပဲ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဆိုးလ်ရှားကိုရော၊ ကာရစ်ကိုရော ရေတို အတွက်သာ ခန့်အပ်ချင်ခဲ့တာ ဖြစ်ပြီး ရာသီအကုန်မှာ နည်းပြ အသစ် ခန့်အပ်နိုင်ပြီး အပိုဆုကြေးလည်း ပေးစရာ မလိုတဲ့ ကာရစ် ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ အမော်ရင်ကို ထုတ်ပယ်ပြီးတဲ့နောက် မှာတော့ ဒါရင်း ဖလက်ချာကို ယာယီ ကိုင်တွယ်ခွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဖလက်ချာက ကိုင်တွယ်ခဲ့တဲ့ နှစ်ပွဲမှာ ဘန်လေကို သရေသာ ကစားနိုင်ခဲ့သလို အက်ဖ်အေဖလား တတိယအဆင့် မှာလည်း ဘရိုက်တန်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဖလက်ချာထက် ပိုပြီး စိတ်ချရနိုင်မယ့် ယာယီ နည်းပြတွေ အဖြစ် ဆိုးလ်ရှားနဲ့ ကာရစ် နှိုင်းယှဉ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

အစောပိုင်းမှာ ဆိုးလ်ရှားက ပိုမို ရေပန်းစားခဲ့ပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေက နည်းပြ နှစ်ဦးနဲ့ တွေ့ဆုံ စကားပြောပြီးတဲ့နောက် မှာတော့ ကာရစ်ကို ပိုမို သဘောကျခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာ တချို့က ဖော်ပြတဲ့ အကြောင်းရင်းတွေ မှာတော့ အိုလီ ဂန်နာ ဆိုးလ်ရှားက ယူနိုက်တက် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရပြီးနောက်မှာ ၄ နှစ်တာ ကာလ အတွင်း ဘက်ဆစ်တက်စ် တစ်သင်းတည်း ကိုသာ ကိုင်တွယ်ခဲ့ဖူးပြီး ကာရစ် ကတော့ မစ်ဒယ်ဘရော့မှာ နှစ်အတော်ကြာအောင် နည်းပြ ကိုင်တွယ်ခဲ့တာကြောင့် ယူနိုက်တက် တာဝန်ရှိသူတွေက ကာရစ်ကို ပိုသဘောကျခဲ့တာ ဖြစ်နိုင်ကြောင်း ဖော်ပြကြပါတယ်။

အသက် ၄၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ယူနိုက်တက် ဂန္ထဝင် ကွင်းလယ်လူ မိုက်ကယ် ကာရစ်ဟာ ကစားသမား ဘဝက ပရီးမီးယားလိဂ် ကလပ် အတွက် ပွဲပေါင်း ၄၄၉ ပွဲ အထိ ကစားပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူက ဆိုးလ်ရှား နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရချိန် ၂၀၂၁ နိုဝင်ဘာကနေ ဒီဇင်ဘာလ အတွင်း ယာယီ နည်းပြ အဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ဖူးပြီး ၂ ပွဲ နိုင်၊ ၁ ပွဲ သရေကျခဲ့ကာ ချဲလ်ဆီးကို သရေ၊ အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ မှတ်တမ်း ရှိထားပါတယ်။ 

အဲဒီနောက် မှာတော့ မိုက်ကယ် ကာရစ်က မစ်ဒယ်ဘရော့ နည်းပြ အဖြစ် ၃ နှစ်ကြာ ဆောင်ရွက်ခဲ့သလို အစောပိုင်းမှာ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် ၂၀၂၅ ဇွန်လ မှာတော့ ရာထူး ကနေ ထုတ်ပယ်ခံထားရပြီး အသင်းလက်မဲ့ ဖြစ်နေသူပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်