ဖေဖော်ဝါရီ ၁၃ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ဂျူဗင်တပ်စ် တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ စပါး အသင်းက သူ့ကို စိတ်ဝင်စားနေပေမယ့် လက်ရှိ မှာတော့ ချဲလ်ဆီးက အပြောင်းအရွှေ့ အတွက် အသာစီးရနေပါတယ်။
ချဲလ်ဆီးဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ဟူလီယန် အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ ၎င်းရဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ (ပေါင် ၈၇.၁ သန်း) ကို လျှော့ချနိုင်ဖို့ အတွက် ဘယ်နောက်ခံလူ မာ့ခ် ကူကာရယ်လာကို အလဲထပ် အဖြစ် ထည့်သွင်း ကမ်းလှမ်းဖို့ စဉ်းစားနေပါတယ်။
လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို ခေါ်ယူဖို့ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ မျှော်လင့်ချက်တွေဟာ အေးဂျင့်ဟောင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် ပြဿနာတွေကြောင့် မှေးမှိန်သွားခဲ့ပါတယ်။ လက်ရှိမှာ ဥပဒေအရ အငြင်းပွားမှုတွေ ရှိနေတာကြောင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးလို့မရသေးဘဲ ဒီပြဿနာ ဘယ်တော့ပြီးဆုံးမလဲ ဆိုတာ မရေမရာ ဖြစ်နေပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်စီးတီး နောက်ခံလူ ဂျွန် စတုန်းစ်ဟာ လာမယ့် နွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ အသင်း ကနေ ထွက်ခွာဖို့ များနေပါတယ်။ သူ့ကို ခေါ်ယူဖို့ အေစီမီလန်၊ အက်တလက်တီကို မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။
ဘင်ဖီကာ အသင်းရဲ့ အသက် ၁၇ နှစ်အရွယ် တိုက်စစ်မှူးလေး အန်နီစီယို ကာဘရယ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ပီအက်စ်ဂျီတို့ အပြိုင် ဖြစ်နေပါတယ်။
အက်စတွန်ဗီလာ အသင်းဟာ လစ်ဗာပူးလ် ကွင်းလယ်လူ ဟာဗေး အဲလီယော့တ် ကို ဘယ်လို အခြေအနေမျိုးမှာ မဆို ဝယ်ယူမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်မှူးလေး အန်းဒရစ်ခ်ကို ခေါ်ယူဖို့ စပါးအသင်းက ယူရို သန်း ၁၀၀ အထိ ပေးချေဖို့ အသင့်ရှိနေပါတယ်။ စပါးဟာ လာမယ့် နွေရာသီမှာ အပြောင်းအရွှေ့ ကြီးကြီးမားမား ပြုလုပ်မယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အာဆင်နယ်နဲ့ ကိုင် ဟာဗတ်ဇ်တို့ အကြား စာချုပ်သစ် ဆွေးနွေးမှုတွေ အဆင်ပြေနေပြီး တစ်နှစ် သက်တမ်းတိုးဖို့ နီးစပ်နေပါတယ်။
ဘုန်းမောက် နောက်ခံလူ မားကို့စ် ဆီနက်ဆီဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာပါ။ ချဲလ်ဆီးက ပိုမိုကောင်းမွန်တဲ့ လစာကမ်းလှမ်းထားပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ ဘာစီလိုနာ ကိုပဲ သွားချင်နေပါတယ်။
ဆဲလ်တာဗီဂို နောက်ခံလူ အော်စကာ မင်ဂွဲဇားကို အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့က လိုချင်နေပေမယ့် ဂျူဗင်တပ်စ်က ခေါ်ယူဖို့ အနီးစပ်ဆုံး ဖြစ်နေပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးဟာ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမား ရိုဒရီဂို ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် ရီးရဲလ် ဘက်ကတော့ ကွင်းလယ်လူ ဗစ်တင်ညာကို အလဲထပ် အနေနဲ့ ပြန်မရဘူးဆိုရင် ဘာဆွေးနွေးမှုမှ လုပ်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ထားပါတယ်။
မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်း ကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ အဲလ်ဗာရို အာဘီလိုအာရဲ့ နေရာမှာ ယာဂန်ကလော့ပ် ကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်ဆိုရင် ရာသီကုန်မှာ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ အသင့်ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပါတယ်။
ဒေါ့မန် အသင်းဟာ သူတို့ရဲ့ နောက်ခံလူ နီကို ရှလော့တာဘက်ကို ဆက်ထိန်းထားဖို့ မျှော်လင့်ချက် နည်းပါးလာပြီ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို လိုချင်နေတဲ့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ယူရို သန်း ၇၀ သန်း (ပေါင် ၆၁ သန်း) ဝန်းကျင် ပေးမှသာ အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်မှာ ဖြစ်ကြောင်း ဒေါ့မွန် ဘက်က သတိပေးထားပါတယ်။
ဘာစီလိုနာ အသင်းဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူးဂျင်းန်-ဖိလစ် မက်တေးတားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကစားသမားရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်လို့ ဈေးသက်သက်သာသာနဲ့ ရနိုင်မယ့် ရွေးချယ်မှု တစ်ခု အဖြစ် ဘာစီလိုနာက ရှုမြင်နေတာပါ။
မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ ဘာစီလိုနာကို အငှားချထားတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေး လျှော့ပေးမှာ မဟုတ်ပါဘူး။ အပြီးသတ် ဝယ်ယူခ ယူရို သန်း ၃၀ (ပေါင် ၂၆.၁ သန်း) ဆိုတာဟာ အလွန်တန်တဲ့ ဈေးနှုန်း ဖြစ်တယ်လို့ ယူနိုက်တက်က ယူဆထားပါတယ်။ အကယ်၍ ဘာစီလိုနာက ဒီဈေးကို မပေးဘူးဆိုရင် တခြား အသင်းတွေက ဒီထက်မနည်း ပေးဝယ်မှာ ဖြစ်လို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်မှာ ဖြစ်ကြောင်း သိရပါတယ်။
ဘာစီလိုနာ ကွင်းလယ်လူ မာ့ခ် ကာဆာဒို ကတော့ ရာသီကုန်မှာ သူ့ရဲ့ အနာဂတ် အတွက် ပြန်လည် သုံးသပ်ဖို့ ပြင်ဆင်နေပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


