နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရိသတ် တစ်သိန်းဆံ့ ကွင်းကို ၅ နှစ် အတွင်း အပြီးတည်ဆောက်မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ ရက်ကပဲ ပရိသတ် ၁ သိန်း ဝင်ဆံ့မယ့် ကွင်းသစ် စီမံကိန်းကို အတည်ပြု ချပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖိုဒ်ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းပြီးတော့ ကမ္ဘာ့အဆင့်မီ အားကစားကွင်းသစ်ကြီး တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး လူဦးရေ တစ်သိန်း ဝင်ဆံ့မယ့် ကွင်းကြီးက အိုးထရက်ဖို့ဒ်ဒေသရဲ့ ပြန်လည် ဖွံဖြိုးတိုးတက်ရေး အတွက် အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်လာမယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ရဲ့ အတည်ပြု ထုတ်ပြန်ချက်အရ ဆိုရင် ဒီကွင်းသစ်ကြီးကို တည်ဆောက်ပြီးတာနဲ့ ဗြိတိန်ရဲ့ စီးပွားရေးကို တစ်နှစ် ပေါင် ၇.၃ ဘီလီယံ အထိ အထောက်အကူပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်အကိုင်သစ်ပေါင်း ၉၂ဝဝဝ ကျော်၊ အိမ်ယာ အသစ်ပေါင်း ၁၇၀၀၀ ကျော်နဲ့ တစ်နှစ်ကို လာရောက် လည်ပတ်သူ ၁.၈ သန်း အထိ တိုးလာနိုင်မယ်လို့ သိပါတယ်။ ဒီကွင်းကြီးနဲ့ ဘေးပတ်ဝန်းကျင်ကို Foster + Partners နာမည်ရ နာမည်ကျော် ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားတာလည်း ဖြစ်ပါတယ်။ ကွင်းသစ်ကြီးရဲ့ ဒီဇိုင်းအရ ပရိသတ်တွေကို ကွင်းနဲ့ ပိုမို နီးကပ်စေမှာ ဖြစ်ပြီးတော့ အသံပိုင်းဆိုင်ရာ ကလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးမယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ကွင်းသစ်ကြီးနဲ့ ပတ်သတ်လို့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒီနေ့ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကွင်းကြီးကို တည်ဆောက်ဖို အလွန် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ခရီးရဲ့ အစပါပဲ။ ကျွန်တော် တို့ရဲ့ လက်ရှိကွင်းက နှစ်ပေါင်း ၁၁၅ နှစ်ကြာအောင် အကောင်းဆုံး ဝန်ဆောင်မှုပေးခဲ့ပေမယ့် လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကွင်းတွေနဲ့ နှိုင်းယှဉ်ရင် နောက်ကျကျန်နေခဲ့ပါပြီ။ ကွင်းဟောင်းနဲ့ ကပ်လျက် တည်ဆောက်ခြင်း အားဖြင့် အိုးလ်ထရက်ဖိုဒ်ရဲ့ အနှစ်သာရကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီး ပရိသတ်တွေ အတွက် အကောင်းဆုံး အတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးရင်တော့ ပရိသတ် ၆၂၅၀၀ ဝင်ဆံ့တဲ့ ဝက်စ်ဟမ်းကွင်း၊ ၆၁၂၇၆ ဦး ဝင်ဆံ့တဲ့ အန်ဖီးလ်နဲ့ ၆၀၇၀၄ ဦး ဝင်ဆံ့တဲ့ အမ်းမရိတ်စ် တို့ကတော့ ပရီးမီးယားလိဂ် ရဲ့ ပရိသတ် ဝင်ဆံ့မှု အများဆုံး ကွင်းတွေ အဖြစ် ရပ်တည်နေပါတယ်။
၅ နှစ် အတွင်း ကွင်းသစ်ကို အပြီးတည်ဆောက်မယ့် ယူနိုက်တက်

ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ် အိုမာ ဘာရယ်ဒါ ကလည်း “ကျွန်တော် တို့ရဲ့ ရေရှည် ရည်မှန်းချက်က ကမ္ဘာ့အကောင်းဆုံး ကွင်းမှာ ကစားတဲ့ ကမ္ဘာ့အကောင်းဆုံး အသင်းကို ပိုင်ဆိုင်ဖို့ပါ။ ပရိသတ်တွေနဲ့ ဒေသခံတွေရဲ့ အမြင်တွေကို ဂရုတစိုက် ထည့်သွင်း စဉ်းစားထားပြီး အားကစား ကွင်းသစ်က ယူနိုက်တက်နဲ့ ပတ်ဝန်းကျင် အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။”လို့ ဆိုပါတယ်။ ဆာ အဲလက်စ် ဖာဂူဆန် ကတော့ “ယူနိုက်တက်က ကွင်းအတွင်းရော ကွင်းပြင်ပမှာပါ အကောင်းဆုံး ဖြစ်ဖို့ အမြဲတမ်း ကြိုးစားသင့်ပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကျွန်တော့် အတွက် အမှတ်တရတွေ အများကြီး ရှိနေပေမယ့် အနာဂတ် အတွက် သင့်တော်တဲ့ အိမ်သစ်ကို တည်ဆောက်ဖို့ အတွက် ကျွန်တော်တို့ သတ္တိ ရှိရပါမယ်။” လို့ ပြောကြားသွားခဲ့ပါသေးတယ်။

အိုးထရက်ဖို့ဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ပရိသတ် ဝင်ဆံ့မှု အများဆုံး ကွင်းဖြစ်ပြီး ၇၄၁၉၇ ဦး ဝင်ဆံ့ပါတယ်။ အိုးထရက်ဖို့ဒ် ပြီးရင်တော့ တော့တင်ဟမ်ဟော့စပါး ကွင်းက ဒုတိယမြောက် အကြီးဆုံး ဖြစ်ပြီး ပရိသတ် ၆၂၈၅၀ ဝင်ဆံ့ပါတယ်။ ပြီးရင်တော့ ပရိသတ် ၆၂၅၀၀ ဝင်ဆံ့တဲ့ ဝက်စ်ဟမ်းကွင်း၊ ၆၁၂၇၆ ဦး ဝင်ဆံ့တဲ့ အန်ဖီးလ်နဲ့ ၆၀၇၀၄ ဦး ဝင်ဆံ့တဲ့ အမ်းမရိတ်စ် တို့ကတော့ ပရီးမီးယားလိဂ် ရဲ့ ပရိသတ် ဝင်ဆံ့မှု အများဆုံး ကွင်းတွေ အဖြစ် ရပ်တည်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်