နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရက်ရှ်ဖို့ဒ်ကို ပြန်လည် ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးနေတဲ့ ယူနိုက်တက်၊ လန်ဒန်မှာ မပျော်မရွှင် ဖြစ်နေတဲ့ ကိုးလ် ပါးလ်မား | ပရီးမီးယားလိဂ်

ဇန်နဝါရီ ၂၂ ရက်နေ့ ညနေပိုင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားစရာ နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဘာစီလိုနာမှာ အငှားထွက် ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ပြန်လည် ခေါ်ယူဖို့ ဘာစီလိုနာနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက် တာဝန်ရှိသူတွေက စပိန်ကို ရောက်ခိုက် ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူး မီခဲလ် အိုရာဇာဘယ် အတွက်လည်း ချိတ်ဆက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီမှာ ဝုဗ် ကွင်းလယ်လူ အန်ဒရေ အတွက် တရားဝင် ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖွယ် ရှိနေပါတယ်။ ဝုဗ် ဘက်ကလည်း သူတို့ တန်းဆင်းရသည် ဖြစ်စေ မဆင်းရသည် ဖြစ်စေ အန်ဒရေ အတွက် ယူရို ၃၀ သန်း (ပေါင် ၂၆.၂ သန်း၊ ဒေါ်လာ ၃၅.၂ သန်း) လိုချင်နေကြောင်း သိရပါတယ်။

အင်တာမီလန် ကတော့ ယန်း ဆွမ်မားရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေပြီး အက်စတွန်ဗီလာက အမ်မီလီယာနို မာတီနက်ဇ်ကို ဆက်သွယ်ထားကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မား ကတော့ လန်ဒန်မှာ မပျော်မရွှင် ဖြစ်နေပြီး မန်ချက်စတာမှာ နေထိုင်တဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို လွမ်းဆွတ်နေတယ်လို့ သိရပါတယ်။ အကယ်၍ လာမယ့် နွေရာသီမှာ မန်စီးတီးက အန်ဇို မာရက်စ်ကာကို နည်းပြ အဖြစ် ခန့်အပ် ဖြစ်ခဲ့မယ် ဆိုရင်တော့ ပါးလ်မား ကလည်း အသင်းဟောင်းထံ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

တူရကီ ထိပ်သီး ဖီနာဘာချီက မန်စီးတီး တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။

မန်စီးတီးရဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်လာသူ ကတော့ အက်တလက်တီကိုမက်ဒရစ် ကွင်းလယ်လူ ပါဘလို ဘာရီယို့စ် ဖြစ်ပါတယ်။ ဒီကစားသမား ကိုတော့ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ ကလည်း ပစ်မှတ်ထားနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကွင်းလယ်လူ ကိုးလ် ပါးလ်မား ကတော့ လန်ဒန်မှာ မပျော်မရွှင် ဖြစ်နေပြီး မန်ချက်စတာမှာ နေထိုင်တဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို လွမ်းဆွတ်နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီးမှာ မပျော်မရွှင် ဖြစ်နေတဲ့ ကိုးလ် ပါးလ်မား

အာဆင်နယ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ကိုရင်သီယန် ကွင်းလယ်လူ ဘရီနို ဘီဒန် ကတော့ ဥရောပကို ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်လာပါတယ်။ ဘရာဇီးလ် ကလပ် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပေါင် ၂၁ သန်း အလိုရှိနေပါတယ်။

နာပိုလီ ကတော့ မန်စီးတီး ခံစစ်မှူး ဂျွန်စတုန်းစ်ကို ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ မန်နေဂျာ အန်တိုနီယို ကွန်တီ အနေနဲ့ တခြားသော ဦးစားပေး အပြောင်းအရွှေ့တွေ အတွက် စဉ်းစားလျက် ရှိပြီး လစ်ဗာပူးလ် တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာကို ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ 

နယူးကာဆယ် ကတော့ မန်စီးတီး တောင်ပံ ကစားသမား အော်စကာ ဘော့ဘ်ကို ပေါင် ၃၀ သန်းနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။ ဘော့ဘ်ရဲ့ အပြောင်းအရွှေ့ အတွက် ဖူလ်ဟမ်က သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပေမယ့် ငှက်ကြားတွေက ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ နော်ဝေသား ကိုတော့ တော့တင်ဟမ်ဟော့စပါး ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန် ဖိလစ်ပ် မက်တေးတား ကတော့ အက်စတွန်ဗီလာနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီချက်တွေ ရရှိခဲ့ပေမယ့် ချဲလ်ဆီးက ပြင်သစ်သားရဲ့ အေးဂျင့်တွေကို နောက်ကျမှ ဆက်သွယ်လာခဲ့ကြောင်း သိရပါတယ်။ 

တခြားတစ်ဖက် မှာတော့ အက်စတွန်ဗီလာက ဒဏ်ရာရနေတဲ့ ဘူဘာကာ ကာမာရာ နေရာမှာ အစားထိုးဖို့ အေစီမီလန် ကွင်းလယ် ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ ချိတ်ဆက်လျက် ရှိကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်