ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အန်ဒရီ အိုနာနာ ကတော့ ယူနိုက်တက် ကနေ ထွက်ခွာနိုင်ချေ မရှိပေမယ့်လည်း ဘန်လေ ဂိုးသမား ဂျိမ်းစ် ထရက်ဖို့ဒ်ရဲ့ အနာဂတ် ကိုလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။ အိုနာနာဟာ ယူနိုက်တက် အတွက် နောက်ပိုင်း ကစားတဲ့ ပွဲစဉ်တွေမှာ သိသိသာသာ အမှားတွေ ပြုလုပ်နေပြီးတော့ ပရိသတ်တွေရဲ့ ရောင်းထုတ်ဖို့ တိုက်တွန်းခြင်း ခံနေရသူ ဖြစ်ပါတယ်။ အိုနာနာဟာ ယူနိုက်တက်မှာ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေပြီးတော့ ပရီးမီယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၈၇ ပွဲ ကစားထားပါတယ်။ အိုနာနာက ပရီးမီးယားလိဂ် မှာတော့ ၆၅ ပွဲ ကစားထားပြီး ပေးဂိုး ကတော့ ၉၇ ဂိုး အထိ ရှိထားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အာဒါ ဂူလာနဲ့ အန်းဒရစ်ခ် တို့ကို အငှား စာချုပ်နဲ့ ဆုံးရှုံးဖို့ ရှိပြီး ဘွန်ဒက်လီဂါ ကလပ် လိုက်ပ်ဇစ်က လူငယ် ကစားသမား နှစ်ဦးစလုံးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အာဒါဂူလာက လာလီဂါ ကလပ်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ရောက်ရှိလာပြီးတော့ ၄၂ ပွဲ ကစားပြီး ၉ ဂိုး သွင်းယူထားကာ ဂူလာထက် တစ်နှစ် နောက်ကျပြီး ရောက်လာတဲ့ အန်းဒရစ်ခ် ကတော့ ၂၇ ပွဲ ကစားကာ ၆ ဂိုး သွင်းယူထားပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ ဒဏ်ရာတွေနဲ့သာ လုံးပန်း နေရတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကို လာမယ့် နွေရာသီမှာ သူ စတင် တောက်ပလာခဲ့တဲ့ အဲဗာတန်ဆီ ပြန်လည် ကလမ်းလှမ်းဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ရစ်ချာလီဆင်ဟာ အဲဗာတန်မှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၅၂ ပွဲ ကစားကာ ၅၃ ဂိုး သွင်းယူပြီး တစ်ရာသီကို အနည်းဆုံး ၁၀ ဂိုးထက် မနည်း သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဘရာဇီးလ်သားက မြောက်လန်ဒန် ကလပ် မှာတော့ ၃ ရာသီ အတွင်း ပွဲပေါင်း ၈၀ သာ ကစားနိုင်ခဲ့သလို ၁၈ ဂိုးသာ သွင်းယူပြီး ပွဲအများစုကို အရန်လူစာရင်း မှာပဲ ပါဝင်ခွင့်ရထားတာ ဖြစ်ပါတယ်။
နယူးကာဆယ် ယူနိုက်တက်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အလက်ဇန္တား အိဆက်ခ်ကို ဆက်ထိန်းထားဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လက်လွှတ်ခဲ့ရမယ် ဆိုရင်လည်း ဖီအိုရင်တီးနား တိုက်စစ် ကြယ်ပွင့် မွိုက်စ် ကင်းန်ကို ပြန်လည် အစားထိုး ခေါ်ယူဖို့ စဉ်းစားထားကြောင်း သိရပါတယ်။ အိဆက်ခ် ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီးတွေ ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ် အပါအဝင် အခြားသော ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်က အိဆက်ခ် အတွက် ပြောင်းရွှေ့ကြေး ကိုလည်း အနည်းဆုံး ယူရို သန်း ၁၂၀ သတ်မှတ်ထားပါတယ်။
ဆွီဒင် ဗဟိုခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ကတော့ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ နီးကပ်လာပြီ ဖြစ်ကြောင်း သိရပါတယ်။ လင်ဒီလော့ဖ်ကို ခေါ်ယူဖို့ အတွက် ဘင်ဖီကာ က ထိပ်ဆုံးက စိတ်ဝင်စားနေသလို ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ အဲဗာတန်၊ ဖူလ်ဟမ်နှင့် ဝုဗ် တို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေကြကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.