၂၀၂၄ ခုနှစ် နွေရာသီမှာ ယာဂန် ကလော့ပ်ကို ကမ်းလှမ်းခဲ့တယ် ဆိုတာနဲ့ ပတ်သတ်လို့ ပရီးမီးယားလိဂ် ကလပ် နှစ်ခု ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။
ကလော့ပ်ရဲ့ အေးဂျင့် ကိုဆစ်ခ်ရဲ့ ပြောကြားချက်
ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူ မာ့ခ် ကိုဆစ်ခ်က ကလော့ပ်ဟာ လစ်ဗာပူးလ် ကနေ ထွက်ခွာပြီးနောက် အသင်းပေါင်း ၄ သင်းလောက်ရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ မကြာသေးခင်ကမှ ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ အင်္ဂလန်နဲ့ အမေရိကန် လက်ရွေးစင် အသင်းတွေ အပြင် လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်တဲ့ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့လည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
ကိုဆစ်ခ်က “ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ကတောင် စုံစမ်း မေးမြန်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် ယာဂန် ကတော့ အင်္ဂလန်မှာ တခြား ဘယ်ကလပ် ကိုမှ ကိုင်တွယ်မှာ မဟုတ်ဘူး ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။” လို့ က ပြောကြားခဲ့တာပါ။ ဒါပေမယ့် Sky Sports ရဲ့ အဆိုအရ အသင်းကြီး နှစ်သင်း စလုံး ကတော့ ဒါဟာ မမှန်ကန်ကြောင်းနဲ့ ကလော့ပ်ကို ဆက်သွယ်ခဲ့ခြင်း လုံးဝ မရှိကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ထိုစဉ်က ချဲလ်ဆီးက နည်းပြ လစ်လပ်နေချိန် ဖြစ်ပြီး၊ ယူနိုက်တက် ကတော့ အဲရစ်ခ် တန်ဟက်ဂ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။
ယူနိုက်တက်ကို နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ဖူးတဲ့ ကလော့ပ်
၂၀၂၄ မှာ မကမ်းလှမ်းခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်က ငြင်းဆိုကောင်း ငြင်းဆိုနိုင်ပေမဲ့၊ အတိတ် မှာတော့ ကလော့ပ်ဟာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို နှစ်ကြိမ်တိုင်တိုင် တရားဝင် ငြင်းပယ်ခဲ့ဖူးတာ ကတော့ အမှန်တရားပဲ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဆာအဲလက်စ် ဖာဂူဆန် အနားမယူခင် သူကိုယ်တိုင် ကလော့ပ်ကို ဆက်ခံသူ အဖြစ် လျာထားခဲ့ပါတယ်။ ဒေါ့မန်ကို အောင်မြင်မှုတွေ ယူပေးထားတဲ့ ကလော့ပ်ကို ဖာဂူဆန်က တိုက်ရိုက် ဖုန်းဆက် စကားပြောခဲ့ပြီး ကမ်းလှမ်းခဲ့တာပါ။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုနဲ့ ပတ်သတ်လို့ ကလော့ပ်က ၂၀၁၆ ခုနှစ်မှာ အခုလို ပြန်ပြောပြခဲ့ပါတယ်။
“ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ကျွန်တော့် အတွက်တော့ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာ ကိစ္စပါ။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ဒေါ့မန်ကို ကျွန်တော် မစွန့်ခွာနိုင်ခဲ့ဘူး။ လာမယ့်ရာသီ အတွက် စီစဉ်ထားတာတွေ ရှိနေပြီ ဖြစ်လို့ အလယ်အလတ်မှာ ပစ်ထားခဲ့ဖို့ ဆိုတာ ကျွန်တော့် ဘဝမှာ မရှိခဲ့ပါဘူး။” လို့ ကလော့ပ်က ဆိုပါတယ်။

နောက်တစ်ကြိမ် ကတော့ ၂၀၁၄ ခုနှစ် မှာ ဖြစ်ပြီး အဲဒီအချိန်က ယူနိုက်တက်ရဲ့ အမှုဆောင်ချုပ် အက်ဒ်ဝုဒ် ဝက်ဒ် ကိုယ်တိုင် ဒေါ့မန် အထိ သွားပြီး ကလော့ပ်ကို ဒေးဗစ် မွိုက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဝုဒ်ဝက်ဒ်ရဲ့ တင်ပြပုံက ကလော့ပ် အတွက်တော့ ရယ်စရာ ဖြစ်ခဲ့ရပါတယ်။ ဝုဒ်ဝက်ဒ်က အိုးထရက်ဖို့ဒ် ကွင်းကြီးက အိပ်မက်တွေ တကယ် ဖြစ်လာနိုင်တဲ့ “လူကြီးတွေ အတွက် ဆိုရင် Disney World (Disneyland for adults)” နဲ့ တူပါတယ် လို့ တင်စား ပြောဆိုခဲ့တာပါ။ ဒါကို ကလော့ပ်က သူ့သူငယ်ချင်းကို ပြန်ပြောပြရာမှာ “ဆွဲဆောင်မှု မရှိလိုက်တာ” ဆိုပြီးတောင် မှတ်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါနဲ့ ပတ်သတ်လို့ ကလော့ပ်က “သူတို့ ပြောတာတွေက ကျွန်တော် သဘောမကျတဲ့ အချက်တွေပဲ။ သူတို့က ‘ငါတို့ လိုချင်တဲ့ ကစားသမားတိုင်း ရနိုင်တယ်’ ဆိုတဲ့ ပုံစံမျိုး ပြောနေတာ။ ဒါဟာ ကျွန်တော် ဖြစ်ချင်တဲ့ ပရောဂျက်မျိုး မဟုတ်ခဲ့ဘူး။” လို့ နောက်ပိုင်းမှာ ပြန်လည် ရှင်းပြခဲ့ပါတယ်။
အနှစ်ချုပ်ဆိုရရင်တော့ ယာဂန် ကလော့ပ်ဟာ လစ်ဗာပူးလ်နဲ့ မပတ်သက်ခင်ကတည်းက ယူနိုက်တက်ရဲ့ ချဉ်းကပ်မှုတွေကို ပယ်ချခဲ့သလို၊ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရလည်း အင်္ဂလန်မြေမှာ လစ်ဗာပူးလ်က လွဲရင် တခြား ဘယ်အသင်း ကိုမှ မကိုင်တွယ်ဘူး ဆိုတဲ့ သူ့ရဲ့ ကတိအတိုင်း တည်ရှိနေဆဲ ဖြစ်ကြောင်း တွေ့ရှိနေရသေးတယ် ဆိုတာပါပဲ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


