နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရလဒ်တွေ ဆိုးရွားနေပေမဲ့ “ တည်တည်ငြိမ်ငြိမ် ရှိကြဖို့ တိုက်တွန်းလိုက်တဲ့ သောမက်စ် ဖရန့်ခ် | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး ကတော့ ပရီးမီးယားလိဂ်မှာ ရလဒ်တွေ ဆိုးရွားနေပေမဲ့ “ တည်တည်ငြိမ်ငြိမ် ရှိကြဖို့” နည်းပြ သောမတ်စ် ဖရန့်ခ် တိုက်တွန်းလိုက်ပါတယ်။ မနေ့ညက ပွဲမှာ စပါးက ဘန်လေကို နောက်ကနေ လိုက်ကစားခဲ့ရပြီး ခရစ္စရှန် ရိုမီယိုရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ တက်ဖ်မော ကနေ သရေ တစ်မှတ်ယူပြီး အိမ်ပြန်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

စပါးဟာ ၂၀၂၆ ခုနှစ်ကို ရောက်ရှိချိန်ကစပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်သလို သောမက်စ် ဖရန့်ခ် ကလည်း နည်းပြထိုင်ခုံ လှုပ်နေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖရန့်ခ်က စပါး ဘုတ်အဖွဲ့ဝင်တွေဟာ သူ့အပေါ်မှာ ယုံကြည်မှု ရှိနေဆဲ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောကြားခဲ့သလို အခုပွဲအပြီး မှာလည်း သူ့ရဲ့ ကစားသမားတွေကို စိတ်အေးအေးထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရုန်းထွက်ကြဖို့ တိုက်တွန်းခဲ့တာပါ။ 

ဒီပွဲမှာ မစ်ကီ ဗန်ဒီဗန်က စပါး အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ပထမပိုင်း မပြီးခင်မှာပဲ ဘန်လေ အတွက် အက်ဇယ် တွမ်ဇီဘီက ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လိုင်လီ ဖော်စတာက ဘန်လေ အတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့လို့ စပါးတို့ ရှုံးနိမ့်ဖို့ နီးစပ်ခဲ့ပေမယ့် အိုဒိုဘတ်ရဲ့ ဖြတ်တင်ဘောကနေ တစ်ဆင့် ရိုမီယိုက  ခေါင်းတိုက်ကာ အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 “ကျွန်တော်တို့ ဖိအားတွေ အောက်မှာ ရှိနေတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် နိုင်ပွဲ ရဖို့ အတွက် အစွမ်းကုန် မကြိုးစားခဲ့ဘူး လို့တော့ ပြောလို့ မရပါဘူး။ ကျွန်တော်တို့ ဆက်ပြီး တိုးတက်အောင် လုပ်ရပါမယ်။ အကောင်းဆုံး နည်းလမ်း ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်မှန်တယ်လို့ ထင်တဲ့ အရာကို ဆက်လုပ်သွားဖို့ပါပဲ။” လို့ သောမက်စ် ဖရန့်ခ်က BBC Match of the Day ကို ပြောကြားခဲ့ပါတယ်။

စပါးဟာ ၂၀၂၆ ခုနှစ်ကို ရောက်ရှိချိန်ကစပြီး ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးနေဆဲ ဖြစ်သလို သောမက်စ် ဖရန့်ခ် ကလည်း နည်းပြထိုင်ခုံ လှုပ်နေသူ ဖြစ်ပါတယ်။
နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရဖွယ် ရှိနေတဲ့ သောမက်စ် ဖရန့်ခ်

ဆက်လက်ပြီး ဒိန်းမတ် လူမျိုး နည်းပြက “ဒီနေ့ပွဲကို ကြည့်ရင် ကျွန်တော်တို့ နိုင်သင့်တဲ့ အထိ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ နှစ်ခုမှာ ခံစစ်ပိုင်း ပိုကောင်းဖို့ လိုခဲ့သလို၊ ၁-၀ နဲ့ ဦးဆောင်နေချိန် မှာလည်း ဒုတိယဂိုး သွင်းနိုင်ခဲ့ရပါမယ်။ ပွဲအစပိုင်း ကစားပုံက တကယ်ကောင်းခဲ့သလို အဆုံးသတ် မှာလည်း အရှုံးမပေးဘဲ တိုက်ပွဲဝင်ခဲ့တဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် ပွဲအလယ်ပိုင်း အခြေအနေတွေ ကိုတော့ ပိုကောင်းအောင် ပြင်ဆင်ရပါမယ်။” လို့ ဆိုပါတယ်။

စိတ်ဝင်စားဖွယ် ကိန်းဂဏန်းများ

ဂိုးကန်သွင်းမှု – စပါးဟာ ဒီနေ့ပွဲမှာ ဂိုးပေါက် တည့်မှု ၁၁ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ဒီဇင်ဘာ (နယူးကာဆယ်နဲ့ပွဲ – ၁၂ ကြိမ်) နောက်ပိုင်း သူတို့ရဲ့ အများဆုံး မှတ်တမ်း ဖြစ်သလို၊ နိုင်ပွဲ မရတဲ့ ပွဲတွေထဲမှာတော့ ၂၀၂၁ နောက်ပိုင်း အများဆုံး ဂိုးပေါက်တည့်မှု ဖြစ်ပါတယ်။

ခံစစ်မှ တိုက်စစ် – စပါးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခေါင်းတိုက်ဂိုး (၁၀ ဂိုး) နဲ့ နောက်ခံလူတွေ ဆီကနေ ရတဲ့ ဂိုး (၉ ဂိုး) အများဆုံး အသင်း အဖြစ် ရပ်တည်နေပါတယ်။

ဘန်လေရဲ့ အခြေအနေ: ဘန်လေ ကတော့ နောက်ဆုံး ၁၄ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးနေပြီး ဒါဟာ ၁၉၇၀ ခုနှစ် နောက်ပိုင်း သူတို့ရဲ့ အဆိုးရွားဆုံး မှတ်တမ်း ဖြစ်ပါတယ်။

ဘန်လေရဲ့ ဂိုးသွင်းရှင် ဖော်စတာ ကတော့ “ဒါဟာ စိတ်ပျက်စရာပါ။ ကျွန်တော်တို့ အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နိုင်ပွဲ မရခဲ့လို့ ဝမ်းနည်းရပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ပေမယ့် ဒီထက်ပိုပြီး ရသင့်တယ်လို့ ခံစားရပါတယ်။” လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဘန်လေဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ အပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပါတယ်။ ဘန်လေဟာ နောက်ပိုင်း ပွဲတွေမှာ တန်းဆင်းဇုန်ထဲ ကနေ ရုန်းထွက်ဖို့ ကြိုးစားနေပေမယ့် နိုင်ပွဲ မရသေးပဲ ၃ ပွဲဆက် သရေကျထားပါတယ်။ စပါး ကတော့ ပရီးမီးယားလိဂ်မှာ ဆက်တိုက် ရလဒ်တွေ ဆိုးရွားနေခဲ့ခြင်းနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေပြီး လာမယ့် တစ်ပတ် မှာတော့ မန်စီးတီးနဲ့ ခက်ခဲကြပ်တည်းတဲ့ ပွဲစဉ် တစ်ပွဲကို ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်