လိဒ်စ်ယူနိုက်တက် ကတော့ လက်ရှိမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ပြန်လည် ရင်ဆိုင်နေရပေမယ့် နည်းပြ ဒန်နီရယ် ဖာကီ ကတော့ သူတို့အသင်း ပရီးမီးယားလိဂ်မှာ တန်းတင် ကျန်ရစ်မယ် ဆိုတာကို အပြည့်အဝ ယုံကြည်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ် မတိုင်ခင်မှာ ဖာကီက ပရီးမီးယားလိဂ်ရဲ့ ရာသီပိတ် ကာလမှာ ဖိအားတွေ မြင့်တက်လာခြင်း မရှိကြောင်းနဲ့ “ အလုပ်က မပြီးသေးဘူး” ဆိုတာကို အလေးအနက် ပြောကြားခဲ့ပါတယ်။ လိဒ်စ်ဟာ လက်ရှိမှာ ရမှတ် ၃၁ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပေမယ့် အဆင့် ၁၈ က ဝက်စ်ဟမ်းနဲ့ ၃ မှတ်သာ ကွာဟပါတော့တယ်။ အကယ်၍ ဒီတစ်ပတ်မှာ တခြား အသင်းတွေက ရလဒ်ကောင်းပြီး သူတို့သာ ရလဒ် မကောင်းခဲ့ရင်တော့ တန်းဆင်းဇုန်နဲ့ ပိုမိုနီးကပ်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
လိဒ်စ်က ဒီဇင်ဘာနဲ့ ဇန်နဝါရီလ အစောပိုင်းမှာ ခြေစွမ်းပြန်တက်လာခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေ မှာတော့ ရလဒ်တွေ ပြန်လည် ကျဆင်းလာခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ လိဂ် ၇ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ လိဒ်စ်ဟာ ပြီးခဲ့တဲ့ တပတ်က နောဝှစ်ချ်စီးတီးကို အနိုင်ရပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဓိက အာရုံစိုက်မှုဟာ ပရီးမီးယားလိဂ် မှာသာ ရှိနေကြောင်း ဖာကီက အခုလိုပဲ ဆိုပါတယ်။
“လိဒ်စ်ယူနိုက်တက်ကို ကိုယ်စားပြုတယ် ဆိုရင် ဖိအားက အမြဲတမ်း ရှိနေတာပါ။ ကျွန်တော် တို့က ဖိအားအောက်မှာ ကစားရတာ၊ ပွဲတိုင်းမှာ အမှတ်ရှာရတာတွေကို ကျင့်သားရနေပါပြီ။ ကျွန်တော်တို့ ဘာအောင်မြင်ချင်လဲ ဆိုတာ သိသလို၊ အလုပ်က မပြီးသေးဘူး ဆိုတာလည်း သိပါတယ်။ ဒီလိဂ်မှာ ဆက်ရှိနေဖို့ နောက်ထပ် ရမှတ် ၇ မှတ် ကနေ ၉ မှတ်လောက် လိုပါသေးတယ်။ ဒါကြောင့် အလုပ်တွေ အများကြီး လုပ်ရဦးမယ်၊ ခြေစွမ်းကောင်းတွေ ပြရဦးမယ် ဆိုတာ သိထားပြီး အမြဲတမ်း အာရုံစိုက်ထားပါတယ်။” လို့ ဖာကီက ပြောကြားခဲ့ပါတယ်။
တဖက်မှာလည်း ခရစ္စတယ်ပဲလေ့စ်က လိဒ်စ်ရဲ့ အထက် ၂ ဆင့် အကွာမှာ ရှိနေပေမယ့် အဆင့် ၇ နေရာနဲ့ ၆ မှတ်သာ ကွာဟတော့တာကြောင့် ဥရောပဝင်ခွင့်အတွက် မျှော်လင့်ချက် အနည်းငယ် ရှိနေပါသေးတယ်။ သူတို့ဟာ နောက်ဆုံး ၅ ပွဲမှာ နိုင်လိုက် ရှုံးလိုက် ဖြစ်နေပြီး ပြီးခဲ့တဲ့ပွဲမှာ စပါးကို ၃-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ ပဲလေ့စ် နည်းပြ အိုလီဗာ ဂလက်စ်နာ ကတော့ အသင်း အနေနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းရဖို့နဲ့ အမှတ်ပေးဇယားမှာ အတတ်နိုင်ဆုံး အထက်ကို တက်လှမ်းနိုင်ဖို့ တွန်းအားပေးနေပါတယ်။

ဒီပွဲမှာ ပဲလေ့စ် ဘက်က စောင့်ကြည့်ရမည့် ကစားသမား ကတော့ ဂျော်ဂန် စထရန်း လာဆင် ဖြစ်ပါတယ်။ သူက ဝုဗ်မှာ ၂၂ ပွဲ ကစားပြီး ၁ ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် ပဲလေ့စ်ကို ပြောင်းရွှေ့လာပြီးနောက် ၅ ပွဲမှာ ၃ ဂိုး အထိ သွင်းယူကာ ဂိုးသွင်းနှုန်း သိသိသာသာ တက်လာသူ ဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက် ဘက်ကတော့ ဒေါမနစ်ခ် ကဲလ်ဗတ်-လူဝင်းကို စောင့်ကြည့်ရမှာပါ။ သူက ပဲလေ့စ်နဲ့ တွေ့ဆုံတိုင်း ခြေစွမ်းပြလေ့ရှိပြီး ပရီးမီးယားလိဂ်မှာ သိမ်းငှက်တွေကို ၇ ဂိုး အထိ သွင်းယူထားပါတယ်။ ဒီပွဲမှာ ပါဝင်နိုင်ဖို့ ဒဏ်ရာပြဿနာကြောင့် သံသယ ရှိနေပေမယ့် နည်းပြ ဖာကီ ကတော့ သူပါဝင်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။
ပဲလေ့စ်ဟာ လိဒ်စ်ကို အိမ်ကွင်းမှာ ရင်ဆိုင်ရတဲ့ နောက်ဆုံး ၇ ပွဲမှာ ရှုံးနိမ့်ထားခြင်း မရှိပါဘူး (၄ ပွဲနိုင်၊ ၃ ပွဲသရေ)။ လိဒ်စ်ဟာ လန်ဒန်ကလပ်တွေနဲ့ အဝေးကွင်း တွေ့ဆုံတဲ့ နောက်ဆုံး ၁၁ ပွဲမှာ အနိုင်မရသေးပါဘူး။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ ၂ ဂိုးပြတ် ရှုံးနေရာကနေ ၂-၂ သရေရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲ အတွက် Opta ရဲ့ နိုင်ခြေ ခန့်မှန်းချက် မှာတော့ ပဲလေ့စ်က အနိုင်ရနိုင်ခြေ ၄၇.၇ ရာခိုင်နှုန်း၊ သရေကျနိုင်ခြေ ၂၆.၁ ရာခိုင်နှုန်းနဲ့ လိဒ်စ် အနိုင်ရနိုင်ခြေ ၂၆.၂ ရာခိုင်နှုန်း ရှိနေတာ တွေ့ရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


