နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကာရစ်ရဲ့ ယူနိုက်တက်က အဆင့် ၈ နေရာနဲ့ ရာသီသိမ်းမယ်လို့ စူပါကွန်ပြူတာ ခန့်မှန်း | ပရီးမီးယားလိဂ်

စူပါကွန်ပြူတာ ကတော့ ရာသီပြီးဆုံးချိန်မှာ ယာယီ နည်းပြ မိုက်ကယ် ကာရစ် ကိုင်တွယ်မယ့် မန်ချက်စတာယူနိုက်တက် အနေနဲ့ ဘယ်အဆင့်မှာ ရပ်တည်နိုင်မလဲ ဆိုတာ ခန့်မှန်းပေးလိုက်ပါတယ်။ လက်ရှိမှာ ပြည်တွင်း ပြိုင်ပွဲ အားလုံး ကနေ ထွက်ခွာထားရသလို ဥရောပ ပြိုင်ပွဲပါ မကစားရတဲ့ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ်မှာ Top 4 ဝင်ရေးက တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ပါတယ်။

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက်အရ ယူနိုက်တက်ဟာ ရာသီကုန်မှာ ရမှတ် အနေနဲ့ ၅၄ မှတ် ရရှိပြီး အဆင့် ၈ နေရာမှာသာ ရပ်တည်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် ဝင်နိုင်ခြေ ကလည်း ၃.၆၉ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားကာ ဒီခန့်မှန်းချက်ဟာ ယူနိုက်တက် ပရိသတ်တွေ အတွက်တော့ စိတ်ပျက်စရာ ဖြစ်နေမှာ သေချာပါတယ်။

ယူနိုက်တက်က လက်ရှိ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီးမှာ ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း သရဲနီတွေဟာ အဆင့် ၄ နေရာက လစ်ဗာပူးလ်နဲ့ ၄ မှတ်သာ ကွာဟနေတာကြောင့် ရာသီကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့တော့ မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ လက်ကျန် ရာသီဝက်မှာ ပွဲစဉ် စုစုပေါင်း ၁၇ ပွဲသာ ကစားဖို့ ကျန်ရှိတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ယှဉ်ပြိုင်ရမယ့် လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့လို အသင်းတွေထက် အနည်းငယ်ပိုပြီး ပေါ့ပါးနေမှာ သေချာပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်က ရာသီဝက်နဲ့ နည်းပြ ရူဘင် အမော်ရင်ကို ထုတ်ပယ်ခဲ့ပြီး ယာယီ နည်းပြ မိုက်ကယ် ကာရစ်နဲ့ အတူ ရှေ့ဆက်ရမှာ ဖြစ်တာကြောင့် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းက ယူနိုက်တက်ရဲ့ မျှော်လင့်ချက်တွေကို ပုံဖော်ပေးနိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။ တကယ်တော့ ယူနိုက်တက်ဟာ ယာယီ နည်းပြ ရာထူး အတွက် နည်းပြဟောင်း ဆိုးလ်ရှားနဲ့ ကာရစ်ကို နှိုင်းယှဉ် ရွေးချယ်ခဲ့တာပါ။

ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် မန်ချက်စတာစီးတီး၊ အာဆင်နယ် တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။
အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၃ မှတ်သာ ကွာဟနေတဲ့ ယူနိုက်တက်

သတင်းတွေရဲ့ ဖော်ပြချက်အရ ဆိုးလ်ရှားက ဒီရာသီမှာ ဥရောပဖလား တစ်ခုခု ဝင်ခွင့်ရအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့ပြီး အောင်မြင်ခဲ့ရင် နောက်ရာသီမှာ သူ့ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ရမှာ ဖြစ်သလို အပိုဆုကြေးတွေလည်း ပေးရမယ်လို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ မိုက်ကယ် ကာရစ် ကတော့ ဥရောပဖလား ဝင်ခွင့် ရရ မရရ သူ့အနေနဲ့ နှစ်ကုန် အထိပဲ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် ရေတို နည်းပြနဲ့သာ ရှေ့ဆက်ချင်တဲ့ ယူနိုက်တက်က ရာသီအကုန်မှာ နည်းပြ အသစ် ခန့်အပ်နိုင်ပြီး အပိုဆုကြေးလည်း ပေးစရာ မလိုတဲ့ ကာရစ် ကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကာရစ် ကတော့ ယူနိုက်တက် ယာယီ နည်းပြသစ် ဖြစ်လာပြီးနောက် အင်တာဗျူးမှာ အခုလိုပဲ ဖြေကြားထားပါတယ်။ “မန်ချက်စတာယူနိုက်တက်လို အသင်းမျိုးကို ဦးဆောင်ခွင့်ရတာက တကယ့်ကို ဂုဏ်ယူစရာကောင်းပါတယ်။ ဒီအသင်းမှာ အောင်မြင်မှုတွေရယူနိုင်မဲ့ နည်းလမ်းကို ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ ပစ်မှတ် ကတော့ ကစားသမားတွေကို ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အဆင့် တစ်ခု ရောက်အောင် ကူညီပေးသွားဖို့ပဲ ဖြစ်ပါတယ်။” လို့ ပြောကြားထားခဲ့ပါတယ်။

ကာရစ်ဟာ ဘောလုံးသမားဘဝတုန်းက ယူနိုက်တက်မှာ ၁၂ နှစ်ကြာ ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ ဘောလုံးသမားဘဝ ကနေ အနားယူပြီးတဲ့နောက် မော်ရင်ညို၊ ဆိုးလ်ရှား တို့ရဲ့ လက်ထောက် အဖြစ် ဆောင်ရွက်ခဲ့သလို ၂၀၂၁ ခုနှစ်အတွင်း ဆိုးလ်ရှား အထုတ်ခံရချိန်မှာ ကာရစ်က ယာယီ နည်းပြအဖြစ် ၃ ပွဲ ကိုင်တွယ်ခဲ့ပါတယ်။ ကာရစ်ဟာ ဂန္ထဝင် နည်းပြကြီး ဆာ အဲလက်စ် ဖာဂူဆန် ခေတ် အလွန် ၁၂ ဦးမြောက် ယူနိုက်တက် နည်းပြ ဖြစ်လာပြီး အဲဒီ ၁၂ ဦးထဲမှာ ပွဲ ၁၀၀ နဲ့အထက် ကိုင်တွယ်ခွင့်ရခဲ့တာက ၄ ဦးသာ (ဗန်ဟားလ်၊ မော်ရင်ညို၊ ဆိုးလ်ရှားနဲ့ အဲရစ်ခ် တန်ဟက်ဂ်) ရှိထားပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အဖြစ် မန်ချက်စတာစီးတီး၊ အာဆင်နယ် တို့နဲ့ ပွဲကြပ်တွေ ဆက်တိုက် ကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ကို ယာယီ ၃ ပွဲ ကိုင်တွယ်ခဲ့စဉ် ၂၀၂၁ ခုနှစ်က ချဲလ်ဆီး၊ အာဆင်နယ် တို့နဲ့ ပွဲတွေမှာ ရလဒ်ကောင်း ရယူပေးနိုင်ခဲ့တဲ့ ကာရစ် အနေနဲ့ အိုးထရက်ဖို့ဒ်ဆီ တကျော့ပြန် ခရီးမှာ ဘာတွေ လုပ်ပြသွားနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်