ဘင်ဂျမင် ဆက်စကို ကတော့ မန်ချက်စတာယူနိုက်တက် အသင်းဖော် ဘရူနို ဖာနန်ဒက်စ် အနေနဲ့ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရရှိသင့်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ တစ်ဦးချင်း ခြေစွမ်းပြသနိုင်ခဲ့ပြီး ဆက်စကို ကတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှု အတွက် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခံရသင့်တယ်လို့ ဆိုလိုက်တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စကိုက ဘရူနို ဖာနန်ဒက်စ်ဟာ အံ့အားသင့်ဖွယ်ရာ ခြေစွမ်းပြနေတာကြောင့် ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ထိုက်တန်သူ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ဖာနန်ဒက်စ်ဟာ နည်းပြ မိုက်ကယ် ကာရစ်ခ် လက်ထက်မှာ ယူနိုက်တက်ရဲ့ ခြေစွမ်းတက်လာဖို့ အတွက် အဓိက မောင်းနှင်အား ဖြစ်ခဲ့ပြီး အသင်း ကိုလည်း လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အနီးစပ်ဆုံး အခြေအနေ ရောက်အောင် ပို့ဆောင်ပေးထားပါတယ်။
အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ ၂၀၂၅-၂၆ ရာသီမှာ ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု ၁၈ ကြိမ် အထိ ပြုလုပ်ထားပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု ပိုများခဲ့သူတွေ ဆိုလို့ ၂၀၀၂-၀၃ မှာ အာဆင်နယ် အတွက် သီဟာရီ အွန်နရီ (အကြိမ် ၂၀)၊ ၂၀၁၉-၂၀ မှာ မန်စီးတီး အတွက် ဒီဘရွန်းနား (အကြိမ် ၂၀) နဲ့ ၂၀၁၅-၁၆ မှာ အာဆင်နယ် အတွက် မီဆွတ် အိုဇေးလ် (၁၉ ကြိမ်) တို့သာ ရှိခဲ့ပါတယ်။
သူဟာ ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၈ ကြိမ် (စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု ၂၆ ကြိမ်) ပြုလုပ်ထားပြီး ဒါဟာ မန်စီးတီး တိုက်စစ်မှူး ဟာလန်း (၃၁ ကြိမ်) ပြီးရင် ဒုတိယ အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းခွင့် ဖန်တီးပေးနိုင်မှု မှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင်က ၁၀၉ ကြိမ်နဲ့ အများဆုံး ဖြစ်နေပါတယ်။
ဆက်စကို သွင်းယူထားတဲ့ ပရီးမီးယားလိဂ် ၉ ဂိုး ထဲက ၄ ဂိုးကို ဖာနန်ဒက်စ်က ဖန်တီးပေးခဲ့တာ ဖြစ်ပြီး ဆက်စကိုက သူ့ရဲ့ အသင်းခေါင်းဆောင်ကို အခုလို ချီးကျူးခဲ့ပါတယ်။ “ကျွန်တော် ဘရူနို ဆီကနေ လေ့ကျင့်ခန်းဆင်းတိုင်းမှာ သင်ယူနေရပါတယ်။ သူ ပြောတာမှန်သမျှကို နှစ်ခါပြန် မစဉ်းစားဘဲသာ လုပ်လိုက်ပါ။ သူ့အနားမှာ ရှိနေခွင့်ရတာကို တကယ်ပဲ ကျေးဇူးတင်ပါတယ်။” လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

ဖာနန်ဒက်စ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ရသင့်သလားလို့ မေးမြန်းရာ မှာတော့ ဆက်စကိုက “သူဟာ တကယ်တော်တဲ့သူပါ၊ ကျွန်တော့် အသင်းဖော်လည်း ဖြစ်ပါတယ်။ အသင်းဖော်တွေ အတွက် ကျွန်တော် အမြဲတမ်း ရပ်တည်ပေးသွားမှာပါ။ ဟုတ်ပါတယ်၊ သူ ဒီဆုကို ရသင့်ပါတယ်။” လို့ ဖြေကြားခဲ့ပါတယ်။
နောက်ဆုံး ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ပွဲမှာ ဖာနန်ဒက်စ်ရဲ့ ဖန်တီးမှု ကနေ မားသီးယပ်စ် ကူညာက ၄၃ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ယူနိုက်တက်ဟာ အမှတ်ပေးဇယား အဆင့် ၃ မှာ ရပ်တည်နေပြီး အဆင့် ၆ က ဘရိုက်တန်ထက် ၈ မှတ် အသာရနေပါတယ်။
ယူနိုက်တက်ဟာ လာမယ့် တနင်္လာနေ့မှာ ဘရန့်ဖို့ဒ်နဲ့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာပါ။ ပြီးခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်ကို ရှုံးနိမ့်ထားတာကြောင့် ၂၀၂၅ ခုနှစ် မေလ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် အိမ်ကွင်း ၂ ပွဲဆက် မရှုံးဖို့ ယူနိုက်တက်က ကြိုးစားသွားမှာ ဖြစ်ပါတယ်။ Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှု အရ ဒီပွဲမှာ ယူနိုက်တက် အနိုင်ရဖို့ ၅၁.၅ ရာခိုင်နှုန်း ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့လည်း အခြေအနေ တော်တော်လေး ကောင်းနေပါတယ်။
ယူနိုက်တက် အနေနဲ့ အဆင့် ၅ ပြင်ပကို ရောက်သွားဖို့ ဖြစ်နိုင်ခြေ ၁.၄ ရာခိုင်နှုန်းသာ ရှိတော့တာကြောင့် ဆက်စကို ကလည်း အသင်းရဲ့ လက်ရှိခြေစွမ်းဟာ အနာဂတ်မှာ ဆုဖလားတွေ ရယူနိုင်ဖို့ ခိုင်မာတဲ့ အုတ်မြစ် တစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ “ကျွန်တော်တို့ အသင်းမှာ စိတ်ဓာတ်ကောင်းတွေ ရှိနေပါတယ်။ ကျွန်တော် ဒီမှာ ဆုဖလားတွေ ရယူချင်ပါတယ်။ ကျွန်တော် တို့မှာ အဲဒီလို လုပ်နိုင်စွမ်းရှိတယ်လို့လည်း ယုံကြည်ပါတယ်။” လို့ ဆက်စကိုက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


