နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ရဲ့ အဆင့် ရပ်တည်မှု အတွက် စိုးရိမ်နေတဲ့ အမော်ရင် | ပရီးမီးယားလိဂ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲ အပြီးမှာတော့ နည်းပြ ဖြစ်သူ ရူဘင် အမော်ရင်က သူ့အနေနဲ့ သူ့ရဲ့ ရာထူးကို ဆုံးရှုံးရမှာထက် အသင်းရဲ့ အမှတ်ပေးဇယား အဆင့် ရပ်တည်မှု ကိုသာ စိုးရိမ်မိတယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော့်မှာ ပြဿနာတွေ အများကြီး ရှိပါတယ်။ ကျွန်တော့်ရဲ့ အလုပ်က အရမ်းပဲ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေနဲ့ နောက်တစ်ပတ် အထိ ဆက်လုပ်ဖို့ ဒီနေရာမှာ ကျွန်တော် ဆက်ရှိနေတာပါ။ နိုင်ပွဲ ထပ်ရဖို့ ကျွန်တော် ကြိုးစားသွားမှာပါ။ ဒါက ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ပြိုင်ပွဲပါ။ ကျွန်တော် သူတို့တွေကို ဂရုစိုက်ဖို့ ကြိုးစားနေပါတယ်။ အသင်းက ဂိုးရဖို့ တွန်းအားပေးနေတယ်လို့ ကျွန်တော် ခံစားရတယ်။ ပြီးတော့ အပြောင်းအလဲ မလုပ်ချင်ဘူး လို့လည်း ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်က ကစားသမားတွေကို ကူညီဖို ဒီနေရာမှာ ရှိနေတာပါ။ ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ့်ရဲ့ အလုပ်ကို ကျွန်တော် နားလည်ပါတယ်။ ကိုယ့်အလုပ် အပေါ် မှာလည်း ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်က နိုင်ပွဲတွေပဲ ရချင်တာပါ။ အမှတ်ပေးဇယား ရပ်တည်မှု ကိုပဲ ကျွန်တော် စိုးရိမ်တာပါ။ ကိုယ့်ကိုယ်ကို အတွက် မစိုးရိမ်ပါဘူး။” လို့ အမော်ရင်က ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးနောက် ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၁၅ နေရာ ရပ်တည်နေခြင်း မှာလည်း တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၁၉၇၄ ဘောလုံး ရာသီ နောက်ပိုင်း အဆိုးဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်နေပါတယ်။
ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးနောက် ရမှတ် ၂၉ မှတ်သာ ရရှိထားတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ အပြီးမှာ နိုင်ပွဲ ၈ ပွဲသာ ရရှိထားပြီး ၅ ပွဲ သရေ၊ ၁၂ ပွဲ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါဟာ တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၁၉၇၄ ဘောလုံးရာသီမှာ ၂၅ ပွဲ ကစား၊ ၁၃ ပွဲ ရှုံးနိမ့်ခဲ့ရတဲ့ နောက်ပိုင်း ရှုံးပွဲ အများဆုံး အဖြစ် မှတ်တမ်း ဝင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပွဲမှာ ၃ ပွဲသာ အနိုင်ရခဲ့ကာ ၁ ပွဲ သရေ၊ ၈ ပွဲ အထိ ရှုံးနိမ့်ခဲ့ပြီး သူတို့ထက် ရှုံးပွဲ ပိုများတဲ့ အသင်း ဆိုလို့ တန်းဆင်းဇုန် အဆင့် ၁၉ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး (၉ ပွဲ)နဲ့ အဆင့် ၂၀ နေရာက ဆောက်သမ်တန် (၁၀ ပွဲ) တို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် ၂၅ ပွဲ ကစားပြီးနောက် ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၁၅ နေရာ ရပ်တည်နေခြင်း မှာလည်း တန်းဆင်းခဲ့ရတဲ့ ၁၉၇၃-၁၉၇၄ ဘောလုံး ရာသီ နောက်ပိုင်း အဆိုးဆုံး အဆင့် ရပ်တည်မှုလည်း ဖြစ်နေပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ အမော်ရင်က စိုးရိမ်ပူပန်လျက် ရှိပြီး ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ခြေ အတွက်တော့ စိုးရိမ်ခြင်း မရှိကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ကစားသမား ၁၂ ဦး အထိ ရှိနေပြီး စပါးနဲ့ ပွဲမှာလည်း လူစားလဲမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟ ပထမပိုင်း ၁၃ မိနစ် ကတည်းက စပါးရဲ့ ဂိုးသွင်းယူမှုကို ခံခဲ့ရပေမယ့်လည်း အမော်ရင်က လူစားလဲလှယ်ခြင်း မပြုလုပ်ခဲ့ပဲ နာကျင် အချိန်ပို ၉၀+၁ မိနစ် ရောက်မှသာ အသက် ၁၇ နှစ် အရွယ် လူငယ် တိုက်စစ်မှူး ချီဒို အိုဘီကို ထည့်သွင်း ကစားစေခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရဲ့ အရန်ခုံမှာ လင်ဒီလော့ဖ် တစ်ဦး ကလွဲလို့ ကျန် ကစားသမား အားလုံးဟာ ဂျူနီယာ ကစားသမားတွေ ဖြစ်ပြီး အမော်ရင် အတွက်လည်း လူစားလဲလှယ်မှု ပြုလုပ်ဖို့ ခက်ခဲခဲ့ရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်