နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကျွန်​​တော့်​ ဘဝရဲ့ အ​ကောင်းဆုံး ရက်​သတ္တပတ်​​ပါပဲ” – အာမက်ဒ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ အမှတ်ပေးဇယား အောက်ဆုံးက ဆောက်သမ်တန်ကို ခက်ခက်ခဲခဲ ကစားပြီး ၁-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆောက်သမ်တန်ကို တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီးမှ မိနစ် ၈၀ အထိ ဦးဆောင်ခံခဲ့ကာ အာမတ်ဒ် ဒီယာလိုရဲ့ နောက်ကျ ဟက်ထရစ် ဂိုးတွေနဲ့ ပြန်လာပြီး အဖိုးတန် နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ အာမက်ဒ်က ဟက်ထရစ် သွင်းနိုင်ခဲ့ခြင်း အတွက် တော်တော်လေး ပျော်ရွှင်နေပြီးတော့ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဘောလုံး အားကစားမှာ ယုံကြည်ချက်ထားရပါမယ်။ ကျွန်တော် တို့တွေလည်း ဒီပွဲမှာ အဆုံးထိ ယုံကြည်မှု ထားခဲ့ပြီးတော့ ပွဲကို အနိုင်ရလိုက်တဲ့ အတွက်လည်း အရမ်းကို ပျော်ရွှင်ရပါတယ်။ ကျွန်တော် တို့က အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့ကို သရေကစားထားနိုင်ခဲ့လို အဲ့ဒီမှာပဲ ယုံကြည်မှုက ရရှိနေပါတယ်။ အိုးထရက်ဖိုဒ် မှာ ကျွန်တော်ရဲ့ ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်လို့လည်း အရမ်းပဲ ပျော်ရွှင်နေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာမက်ဒ်က လက်ရှိ ဇန်နဝါရီလ အတွင်းမှာပဲ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးမြှင့် ချုပ်ဆိုခဲ့ပါတယ်။
ဆောက်သမ်တန်နဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းနိုင်ခဲ့တဲ့ အာမက်ဒ်

ဆက်လက်ပြီး အာမက်ဒ်က“ကျွန်တော် ယူနိုက်တက် အတွက် ဘယ်နေရာမှာ မဆို ဘယ် positions မှာမဆို ဝင်ကစား ပေးသွားဖို အဆင်သင့်ပါပဲ။ ကျွန်တော် ဒီကလပ် အတွက် တိုက်ပွဲဝင်သွားဖို့လည်း အဆင်သင့် ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ အာမတ်ဒ် ကတော့ ၂၀၂၂ ခုနှစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ယူနိုက်တက် အတွက် ဟက်ထရစ် သွင်းယူပြီးနောက် အသင်း အတွက် ပထမဆုံး ဟက်ထရစ် ပြန်လည် သွင်းယူသွားနိုင်တဲ့ ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

အိုင်ဗရီကိုစ် လက်ရွေးစင် တောင်ပံကစားသမား အာမတ်ဒ် ဒီယာလိုဟာ လွန်ခဲ့တဲ့ ၂ဝ၂၁ ခုနှစ် ကတည်းက အတ္တလန္တာ ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းမှာ နေရာ မရခဲ့ဘဲ ရိန်းဂျားစ် ဆန်းဒါးလန်း တို့ကို အငှားနဲ့ သွားရောက် ကစားခဲ့ပြီးမှ ယူနိုက်တက်မှာ ကစားခွင့် ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာမက်ဒ်က နည်းပြ ရူဘင် အမော်ရင် လက်ထက်မှာ ပုံမှန် ပွဲထွက် ကစားခွင့်ရနေသူပါ။ ဒါ့အပြင် အာမက်ဒ်က လက်ရှိ ဇန်နဝါရီလ အတွင်းမှာပဲ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်နဲ့ ၂၀၃၀ ခုနှစ် အထိ စာချုပ် သက်တမ်းတိုးမြှင့် ချုပ်ဆိုခဲ့ပါတယ်။ အာမက်ဒ်က အခုလို စာချုပ် သက်တမ်း တိုးမြှင့်ပြီးချိန်မှာတော့ ကစားသမား ဘဝ ပထမဦးဆုံး ဟက်ထရစ်ပါ ရရှိခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၂ နှစ်သာ ရှိနေတဲ့ ညာတောင်ပံ ကစားသမား အာမတ်ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ကစားပေးထားခဲ့ပါတယ်။ ဒါ့အပြင် အာမက်ဒ်က ပွဲတိုင်းမှာ ခြေစွမ်းပြ ကစားပေးနိုင်ခဲ့ပြီး ၉ ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်ထားနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်