နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွါဒီယိုလာကို ဆက်ထိန်းထားဖို့ ကစားသမားတွေ ခေါ်ယူပေးမယ့် မန်စီးတီး၊ အင်္ဂလန်မြေကို ပြန်လာဖွယ် ရှိနေတဲ့ ပူလီဆစ် | ပရီးမီးယားလိဂ်

ဖေဖော်ဝါရီ ၁၀ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီး အသင်းဟာ ပပ် ဂွါဒီယိုလာကို စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၇ ခုနှစ် အထိ အသင်းမှာ ဆက်ရှိနေမယ်လို့ ယုံကြည်နေပါတယ်။ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ အတွက် နော့တမ်ဟမ်ဖောရက်စ်က အဲလီယော့တ် အန်ဒါဆန်၊ ဘရန့်ဖို့ဒ်က မိုက်ကယ် ကာယိုဒီနဲ့ ဖီယင်နော့ဒ်က ဂီဗာရို ရိဒ် တို့ကို ခေါ်ယူပေးဖို့ ပစ်မှတ်ထားနေပါတယ်။ 

ခရစ္စတီယာနို ရော်နယ်ဒိုဟာ အဲလ်နာဆာ အသင်း ကနေ ထွက်ခွာဖို့ နီးစပ်နေတာကြောင့် ဆော်ဒီပရိုလိဂ် တာဝန်ရှိသူတွေက လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာကို လိဂ်ရဲ့ မျက်နှာစာသစ် အဖြစ် အစားထိုးဖို့ မက်လောက်စရာ ကမ်းလှမ်းမှုတွေနဲ့ ကြိုးပမ်းဖို့ ပြင်ဆင်နေကြောင်း The Mirror က ဖော်ပြပါတယ်။

ချဲလ်ဆီး အသင်းရဲ့ အဓိကကစားသမား ကိုးလ် ပါးလ်မားကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူမယ် ဆိုတဲ့ သတင်းတွေဟာ လက်တွေ့မကျဘူးလို့ လီယမ် ရိုစီနီယာက ဝေဖန်ထားခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက် ပိုင်ရှင် INEOS အဖွဲ့ကတော့ လာမယ့် နွေရာသီမှာ အင်္ဂလန်သားကို အရ ခေါ်ယူဖို့ စီမံကိန်းချထားကြောင်း TEAMtalk က ဖော်ပြပါတယ်။

အေစီမီလန် အသင်းဟာ သူတို့ရဲ့ လူစာရင်းကို ပြန်လည်ဖွဲ့စည်းဖို့ ပြင်ဆင်နေတာကြောင့် အမေရိကန် တိုက်စစ်မှူး ခရစ္စတီယန် ပူလီဆစ်ခ်ကို ရောင်းချဖွယ် ရှိနေပါတယ်။ သူ့ကို အာဆင်နယ်၊ တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက် တို့က စောင့်ကြည့်နေပြီး ပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း (ပေါင် ၄၇.၈ သန်း) ဝန်းကျင် ရှိနိုင်ပါတယ်။ ဒီပမာဏ ကတော့ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် မခက်ခဲနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။ 

ဒီပမာဏ ကတော့ ပရီးမီးယားလိဂ် ကလပ်တွေ အတွက် မခက်ခဲနိုင်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။
ပူလီဆစ်ခ်ကို ရောင်းချဖွယ် ရှိနေတဲ့ အေစီမီလန်

မန်ချက်စတာယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ အီဒါ မီလီတာအို အတွက် ယူရို သန်း ၄၀ (ပေါင် ၃၄.၈ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ သူ့ရဲ့ အရည်အသွေးနဲ့ အတွေ့အကြုံဟာ ယူနိုက်တက် ခံစစ်အတွက် အသင့်တော်ဆုံးလို့ ယူဆနေကြပါတယ်။ 

လစ်ဗာပူးလ် နောက်ခံလူဟာ အန်ဒီ ရော်ဘတ်ဆန်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ သူ့ရဲ့ ကလပ်ဟောင်း ဆဲလ်တစ် အသင်းဆီ ပြန်သွားဖို့ စဉ်းစားနေပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ အငှားနဲ့ လာရောက် ကစားနေတဲ့ ရန်ဒဲလ် ကိုလို မူအာနီကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ်မရှိပါဘူး။ ရာသီကုန်မှာ ဂျူဗင်တပ်စ် အသင်းထံပဲ ပြန်လည် စေလွှတ်ဖို့ များနေပါတယ်။

လစ်ဗာပူးလ် အသင်းဟာ ခံစစ်ပိုင်း အင်အားဖြည့်ဖို့ အတွက် ပြီးခဲ့တဲ့နွေရာသီက လေဗာကူဆင်ကို ပြောင်းရွှေ့သွားတဲ့ လူငယ်နောက်ခံလူ ဂျာရဲလ် ကွမ်ဆာကို ပြန်လည် ခေါ်ယူဖို့ စာရွက်စာတမ်းကိစ္စတွေ အားလုံး အပြီးသတ်ထားပြီ ဖြစ်ပါတယ်။ 

နယူးကာဆယ် အသင်းဟာ ဆန်ဒရို တိုနာလီ အသင်း ကနေ ထွက်ခွာသွားခဲ့ရင် အစားထိုးဖို့ အတွက် သူတို့ရဲ့ ကစားသမားဟောင်း အဲလီယော့တ် အန်ဒါဆန်ကို ပြန်လည် ခေါ်ယူဖို့ မန်စီးတီးနဲ့ အပြိုင် ကြိုးပမ်းသွားမှာပါ။

ဘုန်းမောက်မှာ အငှားနဲ့ လာကစားနေတဲ့ အေစီမီလန် ကစားသမား အဲလက်စ် ဟင်မီနက်ဇ် ကတော့ အပြီးသတ် ပြောင်းရွှေ့ခွင့်ကို အသက်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း Sky Sports က ဖော်ပြပါတယ်။

ယူနိုက်တက် အသင်း ၅ ပွဲဆက် အနိုင်ရမှ သူ့ဆံပင်ညှပ်မယ် ဆိုပြီး စိန်ခေါ်ထားတဲ့ သရဲနီ အမာခံ ပရိသတ် ဖြစ်သူ ဖရန့်ခ် အီလက်ဟာ ရက်ပေါင်း ၅၀၀ နီးပါး ရောက်လာတဲ့အထိ သူ့ဆံပင်ညှပ်ခွင့် မရသေးပါဘူး။ ဒါပေမယ့် အခုတပတ် စပါး အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာတော့ ဖရန့်ခ် အီလက် တစ်ယောက် ဆံပင်ညှပ်ခွင့်ရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ‘The United Strand’ လို့ ထင်ရှား ကျော်ကြားတဲ့ ယူနိုက်တက် အမာခံ ပရိသတ် ဖရန့်ခ် အီလက်ဟာ ယူနိုက်တက် အသင်း ၅ ပွဲဆက်တိုက် အနိုင်ရမှ ဆံပင်ညှပ်မယ်ဆိုပြီးတော့ နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ် လက်ထက် ၂၀၂၄ အောက်တိုဘာလက စတင် Challenge ခေါ်ထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်